နွေရာသီမှာ ဟာလန်းကို စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ခုနဲ့ ကမ်းလှမ်းဖို့ ချဲလ်ဆီး စီစဉ်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချဲလ်ဆီးအသင်းဟာ ဒေါ့မွန် တိုက်စစ်မှူး အာလင်း ဟာလန်းကို ယခုနှစ်နွေရာသီမှာ စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ခုနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

ယခုနှစ်ရာသီ ၁၇ပွဲကစားရမှာ ၁၉ဂိုး သွင်းယူထားတဲ ဟာလန်းဟာ ၂၀၂၂ခုနှစ်မှာ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၆သန်းပေးကာ ခေါ်ယူနိုင်မယ့် သဘောတူညီမှု ရှိနေပါတယ်။

အသက်၂၀အရွယ် ကစားသမားကို ဥရောပ ထိပ်တန်းအသင်းကြီးတွေဖြစ်တဲ့ ယူနိုက်တက်၊ မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေက စိတ်ဝင်စားလျက် ရှိနေပါတယ်။ ဒါပေမဲ့ The Athleticရဲ့ အဆိုအရ ချဲလ်ဆီးအသင်းဟာ ဟာလန်းကို စာချုပ်ဖျက်သိမ်းကြေးထက် ပိုပေးကာ ခေါ်ယူဖို့ ကြိုးစားလာနိုင်ကြောင်း သိရပါတယ်။

ဒေါ့မွန်အသင်းကတော့ ၂၀၂၀ ဇန်နဝါရီလမှာ ရောက်လာပြီးနောက်ပိုင်း ၃၅ပွဲမှာ ၃၅ဂိုး သွင်းထားတဲ့ အဓိက ကစားသမားကို ရောင်းချဖို့အတွက် တွန့်ဆုတ်နေပါတယ်။

ဒါပေမဲ့ ချဲလ်ဆီးက ကမ္ဘာ့အဆင့်တိုက်စစ်မှူးကို ခေါ်ယူလိုပြီး ကိုဗစ်ကြောင့် ဘဏ္ဍာရေးထိခိုက်နေတဲ့ ပြိုင်ဘက်အသင်းတွေကို နောက်ကောက်ချနိုင်မယ်လို့ ယုံကြည်နေပါတယ်။

လက်ရှိအချိန်မှာ ချဲလ်ဆီးရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးရှင်က ကိုင်ဟာဗက်ဇ် ဖြစ်ပြီး ဂျာမန်သားကို ပြီးခဲ့တဲ့ နွေရာသီက ခေါ်ယူထားခဲ့တာပါ။

ဟာလန်းကို ခေါ်ယူဖို့ အဓိက အတားအဆီးကတော့ အေးဂျင့်ဖြစ်သူ ရွိုင်းအိုလာဖြစ်တယ်လို့ အဆိုပါ သတင်းထဲ ဖော်ပြထားပါတယ်။

ချဲလ်ဆီးဟာ ၂၀၁၇ခုနှစ်အတွင်း လူကာကူကို မခေါ်ယူနိုင်မှုနဲ့ ပတ်သက်ပြီး ရွိုင်းအိုလာအပေါ် ပေါက်ကွဲလျက် ရှိနေပါတယ်။

ဒါပေမဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်ရောက်နိုင်ဖို့ ဟာလန်းက ချဲလ်ဆီးအတွက် အဓိက ကစားသမားဖြစ်နိုင်တယ်လို့ တာဝန်ရှိသူတွေက ယုံကြည်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေႏြရာသီမွာ ဟာလန္းကို စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးတစ္ခုနဲ႔ ကမ္းလွမ္းဖို႔ ခ်ဲလ္ဆီး စီစဥ္ေန

ခ်ဲလ္ဆီးအသင္းဟာ ေဒါ့မြန္ တုိက္စစ္မွဴး အာလင္း ဟာလန္းကို ယခုႏွစ္ေႏြရာသီမွာ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးတစ္ခုနဲ႔ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနေၾကာင္း သိရပါတယ္။ ယခုႏွစ္ရာသီ ၁၇ပြဲကစားရမွာ ၁၉ဂိုး သြင္းယူထားတဲ ဟာလန္းဟာ ၂၀၂၂ခုႏွစ္မွာ စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ ၆၆သန္းေပးကာ ေခၚယူႏိုင္မယ့္ သေဘာတူညီမႈ ရွိေနပါတယ္။ အသက္၂၀အရြယ္ ကစားသမားကို ဥေရာပ ထိပ္တန္းအသင္းၾကီးေတြျဖစ္တဲ့ ယူႏိုက္တက္၊ မန္စီးတီးနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းေတြက စိတ္၀င္စားလ်က္ ရွိေနပါတယ္။

ဒါေပမဲ့ The Athleticရဲ႕ အဆုိအရ ခ်ဲလ္ဆီးအသင္းဟာ ဟာလန္းကို စာခ်ဳပ္ဖ်က္သိမ္းေၾကးထက္ ပုိေပးကာ ေခၚယူဖို႔ ၾကိဳးစားလာႏိုင္ေၾကာင္း သိရပါတယ္။ ေဒါ့မြန္အသင္းကေတာ့ ၂၀၂၀ ဇန္န၀ါရီလမွာ ေရာက္လာျပီးေနာက္ပုိင္း ၃၅ပဲြမွာ ၃၅ဂိုး သြင္းထားတဲ့ အဓိက ကစားသမားကို ေရာင္းခ်ဖို႔အတြက္ တြန္႔ဆုတ္ေနပါတယ္။ ဒါေပမဲ့ ခ်ဲလ္ဆီးက ကမၻာ့အဆင့္တိုက္စစ္မွဴးကို ေခၚယူလိုျပီး ကိုဗစ္ေၾကာင့္ ဘ႑ာေရးထိခိုက္ေနတဲ့ ျပိဳင္ဘက္အသင္းေတြကို ေနာက္ေကာက္ခ်ႏိုင္မယ္လို႔ ယံုၾကည္ေနပါတယ္။

လက္ရွိအခ်ိန္မွာ ခ်ဲလ္ဆီးရဲ႕ စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကးရွင္က ကိုင္ဟာဗက္ဇ္ ျဖစ္ျပီး ဂ်ာမန္သားကို ျပီးခဲ့တဲ့ ေႏြရာသီက ေခၚယူထားခဲ့တာပါ။ ဟာလန္းကို ေခၚယူဖို႔ အဓိက အတားအဆီးကေတာ့ ေအးဂ်င့္ျဖစ္သူ ရြိဳင္းအိုလာျဖစ္တယ္လို႔ အဆုိပါ သတင္းထဲ ေဖာ္ျပထားပါတယ္။ ခ်ဲလ္ဆီးဟာ ၂၀၁၇ခုႏွစ္အတြင္း လူကာကူကို မေခၚယူႏိုင္မႈနဲ႔ ပတ္သက္ျပီး ရြိဳင္းအုိလာအေပၚ ေပါက္ကြဲလ်က္ ရွိေနပါတယ္။

ဒါေပမဲ့ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္မွာ ေနာက္တစ္ဆင့္ေရာက္ႏိုင္ဖို႔ ဟာလန္းက ခ်ဲလ္ဆီးအတြက္ အဓိက ကစားသမားျဖစ္ႏိုင္တယ္လို႔ တာ၀န္ရွိသူေတြက ယံုၾကည္ေနပါတယ္။