နှစ်သင်းစလုံး လိုချင်တဲ့အဖြေရသွားတဲ့ မန်ချက်စတာဂိုးမရှိသရေပွဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရိသတ်တွေအားလုံး မျှော်လင့်အားခဲထားတဲ့ မန်ချက်စတာဒါဘီကတော့ ဂိုးမရှိသရေရလဒ်နဲ့ပဲ အဆုံးသတ်သွားခဲ့ပြီး ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းနိုင်ပွဲ ၁ပွဲပဲရှိသေးပေမယ့် စီးတီးကို သရေကစားနိုင်ခဲ့လို့ ချန်ပီယံလိဂ်အရှုံးက ပိုဆိုးမလာအောင် ကစားသွားနိုင်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ အင်္ဂါနေ့က လိုက်ပ်ဇစ်ကို ၃-၂ ဂိုးနဲ့ အရေးနိမ့်ကာ ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပြီး ၃ဂိုးပြတ်ရှုံးနေချိန်ရောက်မှပဲ စိတ်ဓာတ်အပြည့်နဲ့ကစားခဲ့တာပါ။ ဒါပေမဲ့ မြို့ခံပြိုင်ဘက်နဲ့ပွဲမှာတော့ ယူနိုက်တက်အသင်း ကြိုးစားကစားသွားခဲ့ပြီး စီးတီးရဲ့အထက်မှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ယူနိုက်တက်ဟာ ယခုရာသီပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်တွေကနေ ၅ မှတ်ပဲ ရယူထားနိုင်ပြီး လိဂ်အိမ်ကွင်းမှာ ၃ပွဲအထိ ဂိုးပေါက်ပျောက်ထားရာ ၂၀၁၉-၂၀ ရာသီက တစ်ရာသီလုံးအိမ်ကွင်းဂိုးပေါက်ပျောက်တဲ့အရေအတွက်ထက် ၁ပွဲတောင် ပိုများနေပါတယ်။

စီးတီးကလည်း အကောင်းဆုံးပုံစံပျောက်ဆုံးနေပြီး ပထမပိုင်းမှာ မာရက်ဇ်ရဲ့ကန်သွင်းချက် ဂိုးသမား ဒီဂီယာ ပုတ်ထုတ်လို့ ပြန်ထွက်လာတာကို ဒီဘရိုင်း ထပ်ဆင့်ပိတ်သွင်းတဲ့အလုံး ဂိုးဘားတန်းကျော်သွားတာပဲ ဂိုးရဖို့ အနီးစပ်ဆုံးဖြစ်ခဲ့ပါတယ်။

စီးတီးက ကစားပုံမကောင်းခဲ့ဘဲ လေးလေးပင်ပင်ရှိနေခဲ့ပြီး ပွဲချိန် ၁၁မိနစ်မှာ ထောင့်ကန်ဘောကနေ လင်ဒီလော့ခ် ခေါင်းတိုက်ချပေးတာကို မက်တိုမီနေး အနီးကပ်ပိတ်သွင်းတာ မထိလိုက်လို့ စီးတီးအသင်း ဂိုးမပေးခဲ့ရတာပါ။

စီးတီးအတွက် အကောင်းဆုံးအခွင့်အရေးအဖြစ် ပထမပိုင်းပြီးဖို့ ၁၀မိနစ်အလိုမှာ ဒီဘရိုင်းရဲ့ပေးပို့မှုကနေ မာရက်ဇ် တစ်ယောက်တည်း အေးဆေးကန်သွင်းခွင့်ရပေမယ့် ဂိုးသမား ဒီဂီယာကို မကျော်နိုင်ခဲ့ပါဘူး။

ဒုတိယပိုင်းပြန်စလို့ သိပ်မကြာခင် ရက်ရှ်ဖို့ဒ်ကို ဝေါ်လ်ကာ တားဆီးပုံကြမ်းခဲ့လို့ ယူနိုက်တက်အသင်း ပင်နယ်တီရတော့မလိုဖြစ်ခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာတော့ ရက်ရှ်ဖို့ဒ် လူကျွံနေခဲ့ပါတယ်။

ယူနိုက်တက်ဟာ အောက်တိုဘာလ ၄ ရက်နေ့က စပါးနဲ့ပွဲမှာ ဂိုးပေါက်တည့်မှု ၈ကြိမ်ကနေ ၆ဂိုးအထိ ပေးလိုက်ရပြီးနောက် အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ လိဂ်နောက်ဆုံး ၄ပွဲမှာ ဂိုးပေါက်တည့်မှု ၇ကြိမ်ကနေ ၁ဂိုးပဲပေးထားရပါတယ်။

ဒီပွဲက စိတ်လှုပ်ရှားစရာသိပ်မရှိခဲ့ဘဲ ယူနိုက်တက်က အဆင့် ၇၊ စီးတီးက အဆင့် ၈နေရာတွေမှာ အသီးသီးရပ်တည်ခဲ့ကာ ထိပ်ဆုံးက ပူးတွဲဦးဆောင်သူ စပါး၊ လီဗာပူးတို့နဲ့ ပွဲတူ ၄မှတ်၊ ၅မှတ်စီကွာဟသွားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ႏွစ္သင္းစလုံး လိုခ်င္တဲ့အေျဖရသြားတဲ့ မန္ခ်က္စတာဂိုးမရွိသေရပဲြ

ပရိသတ္ေတြအားလုံး ေမွ်ာ္လင့္အားခဲထားတဲ့ မန္ခ်က္စတာဒါဘီကေတာ့ ဂိုးမရွိသေရရလဒ္နဲ႔ပဲ အဆုံးသတ္သြားခဲ့ၿပီး ယူႏုိက္တက္အေနနဲ႔ ပရီးမီးယားလိဂ္အိမ္ကြင္းႏိုင္ပြဲ ၁ပဲြပဲရွိေသးေပမယ့္ စီးတီးကို သေရကစားႏိုင္ခဲ့လုိ႔ ခ်န္ပီယံလိဂ္အ႐ံႈးက ပိုဆုိးမလာေအာင္ ကစားသြားႏုိင္ခဲ့ပါတယ္။ ယူႏုိက္တက္ဟာ အဂၤါေန႔က လုိက္ပ္ဇစ္ကို ၃-၂ ဂုိးနဲ႔ အေရးနိမ့္ကာ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကေန ထြက္ခဲ့ရၿပီး ၃ဂုိးျပတ္႐ံႈးေနခ်ိန္ေရာက္မွပဲ စိတ္ဓာတ္အျပည့္နဲ႔ကစားခဲ့တာပါ။

ဒါေပမဲ့ ၿမိဳ႕ခံၿပိဳင္ဘက္နဲ႔ပဲြမွာေတာ့ ယူႏုိက္တက္အသင္း ႀကိဳးစားကစားသြားခဲ့ၿပီး စီးတီးရဲ႕အထက္မွာ ဆက္လက္ရပ္တည္ႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ ယူႏုိက္တက္ဟာ ယခုရာသီပရီးမီးယားလိဂ္အိမ္ကြင္းပြဲစဥ္ေတြကေန ၅ မွတ္ပဲ ရယူထားႏုိင္ၿပီး လိဂ္အိမ္ကြင္းမွာ ၃ပဲြအထိ ဂိုးေပါက္ေပ်ာက္ထားရာ ၂၀၁၉-၂၀ ရာသီက တစ္ရာသီလုံးအိမ္ကြင္းဂုိးေပါက္ေပ်ာက္တဲ့အေရအတြက္ထက္ ၁ပြဲေတာင္ ပိုမ်ားေနပါတယ္။

စီးတီးကလည္း အေကာင္းဆုံးပုံစံေပ်ာက္ဆုံးေနၿပီး ပထမပို္င္းမွာ မာရက္ဇ္ရဲ႕ကန္သြင္းခ်က္ ဂုိးသမား ဒီဂီယာ ပုတ္ထုတ္လုိ႔ ျပန္ထြက္လာတာကို ဒီဘ႐ိုင္း ထပ္ဆင့္ပိတ္သြင္းတဲ့အလုံး ဂိုးဘားတန္းေက်ာ္သြားတာပဲ ဂိုးရဖို႔ အနီးစပ္ဆုံးျဖစ္ခဲ့ပါတယ္။ စီးတီးက ကစားပုံမေကာင္းခဲ့ဘဲ ေလးေလးပင္ပင္ရွိေနခဲ့ၿပီး ပြဲခ်ိန္ ၁၁မိနစ္မွာ ေထာင့္ကန္ေဘာကေန လင္ဒီေလာ့ခ္ ေခါင္းတိုက္ခ်ေပးတာကို မက္တိုမီေနး အနီးကပ္ပိတ္သြင္းတာ မထိလုိက္လုိ႔ စီးတီးအသင္း ဂိုးမေပးခဲ့ရတာပါ။

စီးတီးအတြက္ အေကာင္းဆုံးအခြင့္အေရးအျဖစ္ ပထမပိုင္းၿပီးဖို႔ ၁၀မိနစ္အလုိမွာ ဒီဘ႐ိုင္းရဲ႕ေပးပို႔မႈကေန မာရက္ဇ္ တစ္ေယာက္တည္း ေအးေဆးကန္သြင္းခြင့္ရေပမယ့္ ဂိုးသမား ဒီဂီယာကို မေက်ာ္ႏိုင္ခဲ့ပါဘူး။ ဒုတိယပိုင္းျပန္စလုိ႔ သိပ္မၾကာခင္ ရက္ရွ္ဖုိ႔ဒ္ကို ေ၀ၚလ္ကာ တားဆီးပုံၾကမ္းခဲ့လုိ႔ ယူႏုိက္တက္အသင္း ပင္နယ္တီရေတာ့မလုိျဖစ္ခဲ့ေပမယ့္ VAR ျပန္ၾကည့္ရာမွာေတာ့ ရက္ရွ္ဖို႔ဒ္ လူကၽြံေနခဲ့ပါတယ္။

ယူႏုိက္တက္ဟာ ေအာက္တုိဘာလ ၄ ရက္ေန႔က စပါးနဲ႔ပဲြမွာ ဂိုးေပါက္တည့္မႈ ၈ႀကိမ္ကေန ၆ဂိုးအထိ ေပးလုိက္ရၿပီးေနာက္ အုိးထရက္ဖို႔ဒ္မွာ ကစားခဲ့တဲ့ လိဂ္ေနာက္ဆုံး ၄ပြဲမွာ ဂိုးေပါက္တည့္မႈ ၇ႀကိမ္ကေန ၁ဂိုးပဲေပးထားရပါတယ္။ ဒီပဲြက စိတ္လႈပ္ရွားစရာသိပ္မရွိခဲ့ဘဲ ယူႏိုက္တက္က အဆင့္ ၇၊ စီးတီးက အဆင့္ ၈ေနရာေတြမွာ အသီးသီးရပ္တည္ခဲ့ကာ ထိပ္ဆုံးက ပူးတြဲဦးေဆာင္သူ စပါး၊ လီဗာပူးတုိ႔နဲ႔ ပြဲတူ ၄မွတ္၊ ၅မွတ္စီကြာဟသြားပါတယ္။