နှစ်သစ်မှာ အနီးကပ် စောင့်ကြည့်သင့်တဲ့လူငယ်ကစားသမား ( ၃ ) ဦး

မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ဥရောပရဲ့ စိတ်လှုပ်ရှားဖွယ်

အကောင်းဆုံး ကြယ်ပွင့်ကစားသမားတွေ ရှိနေပါတယ်။

ဟာနီဘယ် ၊ ဆိုလာ ရှောရီတီယေး နှင့် အန်သိုနီ အီလန်ဂါတို့ရဲ့

တောက်ပလာမယ့် အနာဂတ်တွေနဲ့ပတ်သက်ပြီး မကြာခဏ ရေးသားခဲ့ပြီးဖြစ်ပါတယ်။

ဒါကြောင့် နှစ်သစ်မှာ အနီးကပ် စောင့်ကြည့်သင့်တဲ့

လူငယ်ကစားသမား ( ၃ ) ဦးကို သုံးသပ်တင်ပြပေးလိုက်ပါတယ်။

( ၁ ) Isak Hansen – Aaroen

ကွင်းလယ်ကစားသမား Isak Hansen – Aaroen မန်ချက်စတာ

ယူနိုက်တက်ပရိသတ်တွေရဲ့ ရေဒါအောက်‌ရောက်နေတာ အတော်ကြာပါပြီ။

သူဟာ အသက် ( ၁၀ ) နှစ်အရွယ်ကတည်းက

အသင်းလေ့ကျင့်ရေးအစီအစဉ်တွေနဲ့ စတင်ထိတွေ့ခွင့်ရခဲ့ပေမယ့်

သရဲနီတို့နဲ့ စာချုပ်ချုပ်ဆိုနိုင်ဖို့ ( ၆ ) နှစ်တာ စောင့်ဆိုင်းခဲ့ရပါတယ်။

အဲ့ဒီမတိုင်ခင် သူက နော်ဝေ ယူ – ၁၅ ရဲ့ ထိပ်တန်းကြယ်ပွင့်အဖြစ်

သတ်မှတ်ခြင်းခံခဲ့ရပြီး အသက် ( ၁၆ ) နှစ်မပြည့်ခင်

Tromso အသင်းကြီးမှာ စတင်ပါဝင်ခွင့်ရခဲ့ပါတယ်။

ယူနိုက်တက်က သူဘယ်လောက်ကောင်းတယ်ဆိုတာ သိရှိထားတာကြောင့်

( ၂၀၂၀ ) မှာ အသင်းကို ခေါ်ယူခဲ့ပါတယ်။

အဲ့ဒီကတည်းက သူဟာ ယူ-၁၈၊ ယူ -၂၃ အသင်းမှာ သွင်းဂိုး နှင့်

ဖန်တီးမှုတွေ ပြုလုပ်လျက်ရှိပါတယ်။

သူက အသက် ( ၁၇ ) နှစ်အရွယ်သာ ရှိသေးပေမယ့်

ရာဖ် ရန်းနစ်ခ် လက်အောက်မှာ တောက်ပတဲ့အနာဂတ် ပိုင်ဆိုင်ခွင့်ရနိုင်ပါတယ်။

( ၂ ) အယ်လ်ဗာရို ဖာနန်ဒက်စ်

ဘယ်နောက်ခံလူ အယ်လ်ဗာရို ဖာနန်ဒက်စ်ဟာ အသင်းကြီးနဲ့အတူ

မကြာခဏ လေ့ကျင့်ခွင့်ရလေ့ရှိပြီး ယူနိုက်တက်ပရိသတ်အချို့က

သူ့ကို နည်းပြသစ်လက်အောက်မှာ စတင်ကစားခွင့်ရဖို့ မျှော်လင့်နေကြပါတယ်။

ရန်းနစ်ခ်က တိုက်စစ်အားသန် full-backs တွေက သဘောကျပြီး

သူက အဆိုပါ ကစားသမားမျိုးဖြစ်ပါတယ်။

သူက ယူ -၂၃ အသင်းမှာ သွင်းဂိုး နှင့် ဖန်တီးမှုတွေ မကြာခဏ

ပြုလုပ်လျက်ရှိပြီး လာမယ့်နှစ်တွေအတွင်း ယူနိုက်တက်အသင်းကြီးမှာ

စတင်ကစားခွင့်ရလာဖို့ ရှိနေပါတယ်။

( ၃ ) ချာလီ မက်နေး

မန်ချက်စတာ ယူနိုက်တက်က ထိပ်တန်းတိုက်စစ်မှူးတွေ

မွေးထုတ်ပေးလေ့ရှိတဲ့ သမိုင်‌းကြောင်းပိုင်ဆိုင်ထားပြီး

ချာလီ မက်နေးဟာလည်း အဆိုပါ စာရင်းထဲ

ပါဝင်လာနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

အသက် ( ၁၈ ) အရွယ် ကစားသမားဟာ ယူ -၁၈ အသင်းအတွက်

ပွဲစဉ်အရေအတွက်ထက်ပိုတဲ့ သွင်းဂိုးတွေ ရယူထားတာတွေ့ရပါတယ်။

မက်နေးဟာ စီးတီးကနေ ယူနိုက်တက်ကို ပေါင် ( ၇ ) သိန်းခွဲနဲ့

ပြောင်းရွေ့လာစဉ်က လူပြောများခဲ့ပါတယ်။

သူက လူငယ်အသင်းတွေ အသီးသီးနဲ့ သွင်းဂိုး ( ၆၀၀) ကျော်

ရယူနိုင်ခဲ့တယ်ဆိုတဲ့အချက်က အားလုံးကို အံ့အားသင့်သွားစေခဲ့ပါတယ်။

မက်နေးက တကယ့် အလားအလာရှိတဲ့ကစားသမားဖြစ်ပြီး

ရန်းနစ်ခ်သာ သတ္တိရှိပါက ( ၂၀၂၂ ) က သူ့ရဲ့ နှစ်ဖြစ်လာနိုင်ပါတယ်။

zawgyi

ႏွစ္သစ္မွာ အနီးကပ္ ေစာင့္ၾကည့္သင့္တဲ့လူငယ္ကစားသမား ( ၃ ) ဦး

မန္ခ်က္စတာ ယူႏိုက္တက္အသင္းမွာ ဥေရာပရဲ႕ စိတ္လႈပ္ရွားဖြယ္

အေကာင္းဆုံး ၾကယ္ပြင့္ကစားသမားေတြ ရွိေနပါတယ္။

ဟာနီဘယ္ ၊ ဆိုလာ ေရွာရီတီေယး ႏွင့္ အန္သိုနီ အီလန္ဂါတို႔ရဲ႕

ေတာက္ပလာမယ့္ အနာဂတ္ေတြနဲ႔ပတ္သက္ၿပီး မၾကာခဏ ေရးသားခဲ့ၿပီးျဖစ္ပါတယ္။

ဒါေၾကာင့္ ႏွစ္သစ္မွာ အနီးကပ္ ေစာင့္ၾကည့္သင့္တဲ့

လူငယ္ကစားသမား ( ၃ ) ဦးကို သုံးသပ္တင္ျပေပးလိုက္ပါတယ္။

( ၁ ) Isak Hansen – Aaroen

ကြင္းလယ္ကစားသမား Isak Hansen – Aaroen မန္ခ်က္စတာ

ယူႏိုက္တက္ပရိသတ္ေတြရဲ႕ ေရဒါေအာက္‌ေရာက္ေနတာ အေတာ္ၾကာပါၿပီ။

သူဟာ အသက္ ( ၁၀ ) ႏွစ္အ႐ြယ္ကတည္းက

အသင္းေလ့က်င့္ေရးအစီအစဥ္ေတြနဲ႔ စတင္ထိေတြ႕ခြင့္ရခဲ့ေပမယ့္

သရဲနီတို႔နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ဖို႔ ( ၆ ) ႏွစ္တာ ေစာင့္ဆိုင္းခဲ့ရပါတယ္။

အဲ့ဒီမတိုင္ခင္ သူက ေနာ္ေဝ ယူ – ၁၅ ရဲ႕ ထိပ္တန္းၾကယ္ပြင့္အျဖစ္

သတ္မွတ္ျခင္းခံခဲ့ရၿပီး အသက္ ( ၁၆ ) ႏွစ္မျပည့္ခင္

Tromso အသင္းႀကီးမွာ စတင္ပါဝင္ခြင့္ရခဲ့ပါတယ္။

ယူႏိုက္တက္က သူဘယ္ေလာက္ေကာင္းတယ္ဆိုတာ သိရွိထားတာေၾကာင့္

( ၂၀၂၀ ) မွာ အသင္းကို ေခၚယူခဲ့ပါတယ္။

အဲ့ဒီကတည္းက သူဟာ ယူ-၁၈၊ ယူ -၂၃ အသင္းမွာ သြင္းဂိုး ႏွင့္

ဖန္တီးမႈေတြ ျပဳလုပ္လ်က္ရွိပါတယ္။

သူက အသက္ ( ၁၇ ) ႏွစ္အ႐ြယ္သာ ရွိေသးေပမယ့္

ရာဖ္ ရန္းနစ္ခ္ လက္ေအာက္မွာ ေတာက္ပတဲ့အနာဂတ္ ပိုင္ဆိုင္ခြင့္ရႏိုင္ပါတယ္။

( ၂ ) အယ္လ္ဗာ႐ို ဖာနန္ဒက္စ္

ဘယ္ေနာက္ခံလူ အယ္လ္ဗာ႐ို ဖာနန္ဒက္စ္ဟာ အသင္းႀကီးနဲ႔အတူ

မၾကာခဏ ေလ့က်င့္ခြင့္ရေလ့ရွိၿပီး ယူႏိုက္တက္ပရိသတ္အခ်ိဳ႕က

သူ႔ကို နည္းျပသစ္လက္ေအာက္မွာ စတင္ကစားခြင့္ရဖို႔ ေမွ်ာ္လင့္ေနၾကပါတယ္။

ရန္းနစ္ခ္က တိုက္စစ္အားသန္ full-backs ေတြက သေဘာက်ၿပီး

သူက အဆိုပါ ကစားသမားမ်ိဳးျဖစ္ပါတယ္။

သူက ယူ -၂၃ အသင္းမွာ သြင္းဂိုး ႏွင့္ ဖန္တီးမႈေတြ မၾကာခဏ

ျပဳလုပ္လ်က္ရွိၿပီး လာမယ့္ႏွစ္ေတြအတြင္း ယူႏိုက္တက္အသင္းႀကီးမွာ

စတင္ကစားခြင့္ရလာဖို႔ ရွိေနပါတယ္။

( ၃ ) ခ်ာလီ မက္ေနး

မန္ခ်က္စတာ ယူႏိုက္တက္က ထိပ္တန္းတိုက္စစ္မႉးေတြ

ေမြးထုတ္ေပးေလ့ရွိတဲ့ သမိုင္‌းေၾကာင္းပိုင္ဆိုင္ထားၿပီး

ခ်ာလီ မက္ေနးဟာလည္း အဆိုပါ စာရင္းထဲ

ပါဝင္လာႏိုင္တဲ့ ကစားသမားတစ္ဦးျဖစ္ပါတယ္။

အသက္ ( ၁၈ ) အ႐ြယ္ ကစားသမားဟာ ယူ -၁၈ အသင္းအတြက္

ပြဲစဥ္အေရအတြက္ထက္ပိုတဲ့ သြင္းဂိုးေတြ ရယူထားတာေတြ႕ရပါတယ္။

မက္ေနးဟာ စီးတီးကေန ယူႏိုက္တက္ကို ေပါင္ ( ၇ ) သိန္းခြဲနဲ႔

ေျပာင္းေ႐ြ႕လာစဥ္က လူေျပာမ်ားခဲ့ပါတယ္။

သူက လူငယ္အသင္းေတြ အသီးသီးနဲ႔ သြင္းဂိုး ( ၆၀၀) ေက်ာ္

ရယူႏိုင္ခဲ့တယ္ဆိုတဲ့အခ်က္က အားလုံးကို အံ့အားသင့္သြားေစခဲ့ပါတယ္။

မက္ေနးက တကယ့္ အလားအလာရွိတဲ့ကစားသမားျဖစ္ၿပီး

ရန္းနစ္ခ္သာ သတၱိရွိပါက ( ၂၀၂၂ ) က သူ႔ရဲ႕ ႏွစ္ျဖစ္လာႏိုင္ပါတယ္။