
ဘင်ဖီကာနည်းပြဂျော့ဂျီးဆပ်စ်ကသူ့ရဲ့နည်းပြသက်တမ်း နှစ်၃၀အတွင်းမှာ
အင်္ဂါနေ့တုန်းကဘာစီလိုနာနှင့်ချန်ပီယံလိဂ်ပွဲတွင်ဟာရစ်ဆီဖီရိုဗစ်ရဲ့
နောက်ကျမိနစ်လွဲချော်မှုကဲ့သို့ လွဲချော်မှုမျိုးမမြင်ခဲ့ဖူးကြောင်းပြောကြားလာပါတယ်။
ပေါ်တူဂီထိပ်သီးကလပ်ဟာဇာဗီးရဲ့ဘာစီလိုနာကိုသေချာပေါက်အနိုင်ယူနိုင်မယ့်ကြီးမားတဲ့
အခွင့်အရေးရရှိခဲ့ပါတယ်။ပွဲချိန်၉၂မိနစ်မှာတန်ပြန်တိုက်စစ်ဆင်ခဲ့ပါတယ်။
ဘင်ဖီကာရဲ့တန်ပြန်တိုက်စစ်ကစီစဉ်ထားသလိုဖြစ်ခဲ့ပါတယ်။ဒါဝင်းနူနက်ဇ်က
ကစားဖော်ဆီဖီရိုဗစ်ကိုဘောလုံးပေးပို့ခဲ့ပါတယ်။ဆီဖီရိုဗစ်ဟာဘာစီလိုနာ
ဂိုးသမားကိုကျော်ပြီးသွင်းကာမအောင်မြင်ခဲ့ပေမယ့် ဘောလုံးကိုဆက်လက်ရရှိနေခဲ့ကာ
ရှေ့တွင်ဘာစီလိုနာနောက်ခံလူတစ်ဦးတည်းသာကျန်တော့တဲ့အနေအထားမျိုးတွင်
၁၀ကိုက်မပြည့်တဲ့အကွာအဝေးကနေကန်ခဲ့ရာလွဲချော်သွားခဲ့ပါတယ်။
ဆီဖီရိုဗစ်ရဲ့မယုံကြည်နိုင်စရာလွဲချော်မှုကိုမြင်တွေ့ရပြီးနောက်ဘင်ဖီကာနည်းပြဟာ
ဒူးထောက်ကာအကြီးအကျယ်ယူကြုံးမရဖြစ်နေခဲ့ပါတယ်။
ပွဲအပြီးတွင်ဂျီးဆပ်စ်က “ကျွန်တော်ဟာနည်းပြတစ်ဦးအဖြစ်ကျင်လည်လာတဲ့
နှစ်၃၀ရှိပါပြီ။ ကျွန်တော့်ဘဝမှာ ဒါမျိုး ဂိုးပေါက်လွဲချော်မှုမျိုး တစ်ခါမှမမြင်ဖူးပါဘူး။
ဒီဖြစ်ရပ်ကတော့ ကျွန်တော်နဲ့ဘင်ဖီကာတို့အတွက် အံသြစရာဖြစ်ရပ်ပါပဲ”လို့ပြောကြားသွားပါတယ်။
ဘင်ဖီကာဟာအုပ်စုနောက်ဆုံးပွဲအဖြစ် ဒိုင်နမိုကိဗ်နှင့်ရင်ဆိုင်ရပါမယ်။
တစ်ကယ်လို့သာ ဘင်ဖီကာဟာ ဒိုင်နမိုကိဗ်ကိုသာအနိုင်ရသွားခဲ့မယ်ဆိုရင် ရမှတ် (၈)မှတ် ရရှိသွားမှာဖြစ်ပြီး
အုပ်စုအဆင့်ကနေတက်ဖို့ အခြေအနေကောင်းနိုင်ပါတယ်။
တစ်ဘက်မှာလည်း ဘာစီလိုနာအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဘိုင်ယန်နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး
လက်ရှိအုပ်စုရမှတ်ဟာ (၇)မှတ် သာရရှိနေသေးတာကြောင့် အနိုင်ကစားမှသာ အုပ်စုကနေ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာပါ။
ဘာစီလိုနာအနေနဲ့ သရေကျခဲ့မယ်ဆိုရင်တော့ ဘင်ဖီကာနဲ့ ဒိုင်နမိုကိဗ်တို့ပွဲစဉ်မှာ
ဘင်ဖီကာရှုံးမှသာ နောက်တစ်ဆင့်ကိုတက်ရောက်နိုင်တော့မှာဖြစ်ပါတယ်။
Zawgyi
ႏွစ္၃၀အတြင္းမွာ ဒီလိုကံဆိုးမ်ဳိး မၾကံခဲ့ဖူးသူ ေဂ်ာ့ဂ်ီးဆပ္စ္
ဘင္ဖီကာနည္းျပေဂ်ာ့ဂ်ီးဆပ္စ္ကသူ႔ရဲ႕နည္းျပသက္တမ္း ႏွစ္၃၀အတြင္းမွာ
အဂၤါေန႔တုန္းကဘာစီလိုနာႏွင့္ခ်န္ပီယံလိဂ္ပြဲတြင္ဟာရစ္ဆီဖီ႐ိုဗစ္ရဲ႕
ေနာက္က်မိနစ္လြဲေခ်ာ္မႈကဲ့သို႔ လြဲေခ်ာ္မႈမ်ိဳးမျမင္ခဲ့ဖူးေၾကာင္းေျပာၾကားလာပါတယ္။
ေပၚတူဂီထိပ္သီးကလပ္ဟာဇာဗီးရဲ႕ဘာစီလိုနာကိုေသခ်ာေပါက္အႏိုင္ယူႏိုင္မယ့္ႀကီးမားတဲ့
အခြင့္အေရးရရွိခဲ့ပါတယ္။ပြဲခ်ိန္၉၂မိနစ္မွာတန္ျပန္တိုက္စစ္ဆင္ခဲ့ပါတယ္။
ဘင္ဖီကာရဲ႕တန္ျပန္တိုက္စစ္ကစီစဥ္ထားသလိုျဖစ္ခဲ့ပါတယ္။ဒါဝင္းႏူနက္ဇ္က
ကစားေဖာ္ဆီဖီ႐ိုဗစ္ကိုေဘာလုံးေပးပို႔ခဲ့ပါတယ္။ဆီဖီ႐ိုဗစ္ဟာဘာစီလိုနာ
ဂိုးသမားကိုေက်ာ္ၿပီးသြင္းကာမေအာင္ျမင္ခဲ့ေပမယ့္ ေဘာလုံးကိုဆက္လက္ရရွိေနခဲ့ကာ
ေရွ႕တြင္ဘာစီလိုနာေနာက္ခံလူတစ္ဦးတည္းသာက်န္ေတာ့တဲ့အေနအထားမ်ိဳးတြင္
၁၀ကိုက္မျပည့္တဲ့အကြာအေဝးကေနကန္ခဲ့ရာလြဲေခ်ာ္သြားခဲ့ပါတယ္။
ဆီဖီ႐ိုဗစ္ရဲ႕မယုံၾကည္ႏိုင္စရာလြဲေခ်ာ္မႈကိုျမင္ေတြ႕ရၿပီးေနာက္ဘင္ဖီကာနည္းျပဟာ
ဒူးေထာက္ကာအႀကီးအက်ယ္ယူႀကဳံးမရျဖစ္ေနခဲ့ပါတယ္။
ပြဲအၿပီးတြင္ဂ်ီးဆပ္စ္က “ကြၽန္ေတာ္ဟာနည္းျပတစ္ဦးအျဖစ္က်င္လည္လာတဲ့
ႏွစ္၃၀ရွိပါၿပီ။ ကြၽန္ေတာ့္ဘဝမွာ ဒါမ်ိဳး ဂိုးေပါက္လြဲေခ်ာ္မႈမ်ိဳး တစ္ခါမွမျမင္ဖူးပါဘူး။
ဒီျဖစ္ရပ္ကေတာ့ ကြၽန္ေတာ္နဲ႔ဘင္ဖီကာတို႕အတြက္ အံၾသစရာျဖစ္ရပ္ပါပဲ”လို႔ေျပာၾကားသြားပါတယ္။
ဘင္ဖီကာဟာအုပ္စုေနာက္ဆုံးပြဲအျဖစ္ ဒိုင္နမိုကိဗ္ႏွင့္ရင္ဆိုင္ရပါမယ္။
တစ္ကယ္လို႕သာ ဘင္ဖီကာဟာ ဒိုင္နမိုကိဗ္ကိုသာအႏိုင္ရသြားခဲ့မယ္ဆိုရင္ ရမွတ္ (၈)မွတ္ ရရွိသြားမွာျဖစ္ၿပီး
အုပ္စုအဆင့္ကေနတက္ဖို႕ အေျခအေနေကာင္းႏိုင္ပါတယ္။
တစ္ဘက္မွာလည္း ဘာစီလိုနာအသင္းဟာ အုပ္စုေနာက္ဆံုးပြဲစဥ္အျဖစ္ ဘိုင္ယန္နဲ႕ ယွဥ္ျပိဳင္ကစားရမွာျဖစ္ၿပီး
လက္ရွိအုပ္စုရမွတ္ဟာ (၇)မွတ္ သာရရွိေနေသးတာေၾကာင့္ အႏိုင္ကစားမွသာ အုပ္စုကေန ေနာက္တစ္ဆင့္ကို တက္ေရာက္ႏိုင္မွာပါ။
ဘာစီလိုနာအေနနဲ႕ သေရက်ခဲ့မယ္ဆိုရင္ေတာ့ ဘင္ဖီကာနဲ႕ ဒိုင္နမိုကိဗ္တို႕ပြဲစဥ္မွာ
ဘင္ဖီကာရႈံးမွသာ ေနာက္တစ္ဆင့္ကိုတက္ေရာက္ႏိုင္ေတာ့မွာျဖစ္ပါတယ္။