နှစ် ၃၀ အတွင်း အဆိုးဆုံးဖြစ်နေတဲ့ ရီးရဲလ်မက်ဒရစ်ကို စောင့်ကြိုနေတဲ့ El Clasico

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာ ရှက်တာဒိုးနက်ကို အရေးနိမ့်ခဲ့ပြီးနောက် တစ်ပတ်အတွင်း ၂ ပွဲဆက် ရှုံးပွဲ ကြုံခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်အသင်းအတွက် လာမယ့် အယ်လက်စီကို ဒါဘီပွဲစဉ်ဟာ မေးခွန်းထုတ်စရာ တွေ ဖြစ်လာခဲ့ပါတယ်။ ရှက်တာဒိုးနက်ကို ပွဲချိန် ပထမပိုင်းမှာကတည်းက ဦးဆောင်ဂိုး ၃ ဂိုးလွယ်လွယ် ကူကူခွင့်ပြုခဲ့ရလို့ ရီးရဲလ်မက်ဒရစ်အသင်းဟာ နှစ်ပေါင်း ၃၀ ကျော်ကာလအတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပထမဆုံးအဖြစ် ၃ ပွဲဆက် ရှုံးပွဲကြုံခဲ့ရတာလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ အိမ်ကွင်းချန်ပီယံလိဂ်ပွဲစဉ်မှာ ၃ ဂိုး ခွင့်ခဲ့ရတာ ၂၀၀၀ ခုနှစ်က နောက်ဆုံး ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ၃ ဂိုးခွင့်ပြုခဲ့ရတာပါ။ အဲဒီအချိန်ကာလတုန်းက လက်ရှိရီးရဲလ်တိုက်စစ်မှူး ဗီနီဆီးယက်စ်တောင် မမွေးသေးပါဘူး။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရလို့ အဓိက ကစားသမားအချို့မပါဝင်နိုင်တဲ့ ရှက်တာဒိုးနက်ကို အခုလို အိမ်ကွင်းမှာ ၃ ဂိုး၊ ၂ ဂိုးနဲ့ အရေးနိမ့်လိုက်ရတာဟာ လာမယ့်စနေနေ့မှာ ရင်ဆိုင်ကစားရမယ့် အဲလ်ကလက်ဆီကို ဒါဘီပွဲအတွက် ဖိအားတွေ ရှိလာခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာရဲ့အမှားကြောင့် လာလီဂါချန်ပီယံဆုကို ရရှိခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ဟာ ဒီရာသီအစမှာ အားကောင်းလှတဲ့ ခြေစွမ်းကို ပြသနိုင်ခြင်းမရှိခဲ့ပါဘူး။

အခုတော့ ဇီဒန်းရဲ့ အသင်းဟာ ၂၀၁၈-၁၉ ဘောလုံးရာသီတုန်းက လိုပီတီဂွီ၊ ဆိုလာရီတို့ ကိုင်တွယ်တုန်းကလို ဆိုးရွားလှတဲ့ခြေစွမ်းနဲ့ ရင်ဆိုင်နေရပါပြီ။ အဲဒီခြေစွမ်းနဲ့ လာမယ့်စနေနေ့မှာ ဘာစီလိုနာနဲ့ရင်ဆိုင်ကစားမယ့် အဲလ်ကလက်ဆီကို ဒါဘီပွဲကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကလည်း မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ႏွစ္ ၃၀ အတြင္း အဆိုးဆုံးျဖစ္ေနတဲ့ ရီးရဲလ္မက္ဒရစ္ကို ေစာင့္ႀကိဳေနတဲ့ El Clasico

ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲမွာ ရွက္တာဒိုးနက္ကို အေရးနိမ့္ခဲ့ၿပီးေနာက္ တစ္ပတ္အတြင္း ၂ ပြဲဆက္ ရႈံးပြဲ ႀကဳံခဲ့ရတဲ့ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ လာမယ့္ အယ္လက္စီကို ဒါဘီပြဲစဥ္ဟာ ေမးခြန္းထုတ္စရာ ေတြ ျဖစ္လာခဲ့ပါတယ္။ ရွက္တာဒိုးနက္ကို ပြဲခ်ိန္ ပထမပိုင္းမွာကတည္းက ဦးေဆာင္ဂိုး ၃ ဂိုးလြယ္လြယ္ ကူကူခြင့္ျပဳခဲ့ရလို႔ ရီးရဲလ္မက္ဒရစ္အသင္းဟာ ႏွစ္ေပါင္း ၃၀ ေက်ာ္ကာလအတြင္း ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ပထမဆုံးအျဖစ္ ၃ ပြဲဆက္ ရႈံးပြဲႀကဳံခဲ့ရတာလည္းျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ အိမ္ကြင္းခ်န္ပီယံလိဂ္ပြဲစဥ္မွာ ၃ ဂိုး ခြင့္ခဲ့ရတာ ၂၀၀၀ ခုႏွစ္က ေနာက္ဆုံး ျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္ကို အိမ္ကြင္းမွာ ၃ ဂိုးခြင့္ျပဳခဲ့ရတာပါ။ အဲဒီအခ်ိန္ကာလတုန္းက လက္ရွိရီးရဲလ္တိုက္စစ္မႉး ဗီနီဆီးယက္စ္ေတာင္ မေမြးေသးပါဘူး။

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရလို႔ အဓိက ကစားသမားအခ်ိဳ႕မပါဝင္ႏိုင္တဲ့ ရွက္တာဒိုးနက္ကို အခုလို အိမ္ကြင္းမွာ ၃ ဂိုး၊ ၂ ဂိုးနဲ႔ အေရးနိမ့္လိုက္ရတာဟာ လာမယ့္စေနေန႔မွာ ရင္ဆိုင္ကစားရမယ့္ အဲလ္ကလက္ဆီကို ဒါဘီပြဲအတြက္ ဖိအားေတြ ရွိလာခဲ့တာပါ။ ၿပီးခဲ့တဲ့ရာသီက ဘာစီလိုနာရဲ႕အမွားေၾကာင့္ လာလီဂါခ်န္ပီယံဆုကို ရရွိခဲ့တဲ့ ရီးရဲလ္မက္ဒရစ္ဟာ ဒီရာသီအစမွာ အားေကာင္းလွတဲ့ ေျခစြမ္းကို ျပသႏိုင္ျခင္းမရွိခဲ့ပါဘူး။

အခုေတာ့ ဇီဒန္းရဲ႕ အသင္းဟာ ၂၀၁၈-၁၉ ေဘာလုံးရာသီတုန္းက လိုပီတီဂြီ၊ ဆိုလာရီတို႔ ကိုင္တြယ္တုန္းကလို ဆိုး႐ြားလွတဲ့ေျခစြမ္းနဲ႔ ရင္ဆိုင္ေနရပါၿပီ။ အဲဒီေျခစြမ္းနဲ႔ လာမယ့္စေနေန႔မွာ ဘာစီလိုနာနဲ႔ရင္ဆိုင္ကစားမယ့္ အဲလ္ကလက္ဆီကို ဒါဘီပြဲကို ဘယ္လိုရင္ဆိုင္မလဲဆိုတာကလည္း ေမးခြန္းထုတ္စရာျဖစ္လာခဲ့ပါတယ္။