နှစ် ၅၀ ကြာက ဂိုးတစ်ဂိုးရဲ့ ပြဿနာကို အစဖော်လိုက်တဲ့အခါ…

အက်ဒီကယ်လီဟာအက်ဖ်အေဖလားဗိုလ်လုပွဲမှာလူစားဝင်ရောက်လာပြီးနောက်

ပထမဆုံးဂိုးသွင်းနိုင်တဲ့ကစားသမားဖြစ်ခဲ့မှုနဲ့ပတ်သက်ပြီး မျိုးဆက်ပေါင်း

များစွာရဲ့လူသိရှင်ကြားမေးခွန်းများစွာဖြေခဲ့ရပါတယ်။

သူဟာ၁၉၇၁ခုနှစ်အက်ဖ်အေဖလားဗိုလ်လုပွဲတုန်းကလီဗာပူးကို၂-၁ဂိုးဖြင့်

အနိုင်ရရှိတဲ့ပွဲမှာလူစားဝင်ရောက်လာပြီးနောက်အချိန်ပိုမှာချေပဂိုးသွင်းယူခဲ့

ပါတယ်။သူဟာတကယ်တော့အဲဒီဂိုးကိုသွင်းခဲ့တာလား။

ယင်းဂိုးကိုကယ်လီသွင်းတာလား။အာဆင်နယ်ကစားဖော်ဂျော့ဂရေဟမ်

သွင်းတာလားဆိုတာ နှစ်ပေါင်း၅၀နှစ်ကြာအငြင်းပွားလာခဲ့တာပါ။

ဒါပေမဲ့ယနေ့မှာတော့၁၉၇၁အက်ဖ်အေဖလားဗိုလ်လုပွဲရဲ့ဂိုးကိုကွဲပြားတဲ့

ထောင့်မှရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်အရယင်းဘောလုံးကိုနောက်ဆုံး

ထိတွေ့ခဲ့တာဂရေဟမ်ဖြစ်ကြောင်းသက်သေထူလာပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာကတော့အာဆင်နယ်ကစားသမားဟောင်းနှစ်ဦး

တို့ဟာယင်းဂိုးကိုဘယ်သူသွင်းတယ်ဆိုတာနဲ့ပတ်သက်ပြီးတစ်ခါမှ

ဆွေးနွေးခဲ့ဖူးကြတာမရှိတာပါ။

ကယ်လီကတော့ယင်းဂိုးကိုသူသွင်းတာလို့ပြောနေပါတယ်။ ‘ကျုပ်အမေက

တော့ကျွန်တော်သွင်းတယ်လို့ပြောတာပဲ”ဂျော့ဂရေဟမ်ဟာအာဆင်နယ်ကို

နည်းပြအဖြစ်အမှတ်ပေးဖလား၊အက်ဖ်အေဖလား၊လိဂ်ဖလားနှင့်ဥရောပ

ဖလားတို့ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။သူကတော့ယင်းဂိုးနဲ့ပတ်သက်ပြီး

လူတွေဘယ်လိုပဲထင်ထင် ကျေနပ်တယ်လို့ဆိုပါတယ်။

အစောပိုင်းတုန်းကယင်းဂိုးကိုသွင်းသူအဖြစ်ဂျော့ဂရေဟမ်ကိုသတ်မှတ်

ခဲ့တာပါ။ဒါပေမယ့်ယင်းပွဲအပြီးနောက်တစ်နေ့မှာ lTV မှ တင်ဆက်သူ

ဘရိုင်ယန်မိုးကပွဲကိုပြန်ကြည့်ပြီးနောက်ကယ်လီရဲ့ဂိုးအဖြစ်သတ်မှတ်ခဲ့ပါတယ်။

ဒါပေမဲ့Britishpathe ဝက်ဘ်ဆိုက်မှာဖော်ပြလာတဲ့ ဓာတ်ပုံသက်သေ

အထောက်ထားများအရယင်းဂိုးကိုနောက်ဆုံးထိသူကဂရေဟမ်ဖြစ်ကြောင်း

တွေ့ရပါတယ်။

ဓာတ်ပုံသက်သေများအရကယ်လီကကန်တင်လိုက်တဲ့ဘောလုံးကိုဂရေဟမ်က

အပိုင်ကန်သွင်းခဲ့တာဖြစ်ပါတယ်။ဂရေဟမ်ဟာဂိုးသွင်းပြီးနောက်ချက်ချင်း

ဆိုသလိုအောင်ပွဲခံခဲ့သူလည်းဖြစ်ပါတယ်။

ဂရေဟမ်က “လူတွေကကျွန်တော်သွင်းတာလို့ပြောကြပါတယ်။ဒါပေမဲ့ဒါက

ကျွန်တော်ဂရုစိုက်တဲ့အရာမဟုတ်ပါဘူး။ဒီအဖြစ်အပျက်ကြောင့်ကျွန်တော်တို့က

ဒီပွဲကိုပြန်တွေးလာစေတာကအရမ်းအရေးပါတဲ့အချက်ပါ။ဒီဗီဒီယိုဖိုင်ကို

သဘောကျတယ်။ဒီဗီီဒီယိုဖိုင်ကိုကြည့်သူတိုင်းသူ့အမြင်နဲ့သူပါ။ဒီဗိုလ်လုပွဲက

ကျွန်တော်နဲ့အာဆင်နယ်အတွက်အရမ်းကိုအမှတ်ရစရာကောင်းတဲ့

ဗိုလ်လုပွဲပါ”လို့ဆိုသွားပါတယ်

Zawgyi

ႏွစ္ ၅၀ ၾကာက ဂိုးတစ္ဂိုးရဲ႕ ျပႆနာကို အစေဖာ္လိုက္တဲ့အခါ…

အက္ဒီကယ္လီဟာအက္ဖ္ေအဖလားဗိုလ္လုပြဲမွာလူစားဝင္ေရာက္လာၿပီးေနာက္

ပထမဆုံးဂိုးသြင္းႏိုင္တဲ့ကစားသမားျဖစ္ခဲ့မႈနဲ႔ပတ္သက္ၿပီး မ်ိဳးဆက္ေပါင္း

မ်ားစြာရဲ႕လူသိရွင္ၾကားေမးခြန္းမ်ားစြာေျဖခဲ့ရပါတယ္။

သူဟာ၁၉၇၁ခုႏွစ္အက္ဖ္ေအဖလားဗိုလ္လုပြဲတုန္းကလီဗာပူးကို၂-၁ဂိုးျဖင့္

အႏိုင္ရရွိတဲ့ပြဲမွာလူစားဝင္ေရာက္လာၿပီးေနာက္အခ်ိန္ပိုမွာေခ်ပဂိုးသြင္းယူခဲ့

ပါတယ္။သူဟာတကယ္ေတာ့အဲဒီဂိုးကိုသြင္းခဲ့တာလား။

ယင္းဂိုးကိုကယ္လီသြင္းတာလား။အာဆင္နယ္ကစားေဖာ္ေဂ်ာ့ဂေရဟမ္

သြင္းတာလားဆိုတာ ႏွစ္ေပါင္း၅၀ႏွစ္ၾကာအျငင္းပြားလာခဲ့တာပါ။

ဒါေပမဲ့ယေန႔မွာေတာ့၁၉၇၁အက္ဖ္ေအဖလားဗိုလ္လုပြဲရဲ႕ဂိုးကိုကြဲျပားတဲ့

ေထာင့္မွ႐ိုက္ကူးထားတဲ့ဗီဒီယိုဖိုင္အရယင္းေဘာလုံးကိုေနာက္ဆုံး

ထိေတြ႕ခဲ့တာဂေရဟမ္ျဖစ္ေၾကာင္းသက္ေသထူလာပါတယ္။

စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့အာဆင္နယ္ကစားသမားေဟာင္းႏွစ္ဦး

တို႔ဟာယင္းဂိုးကိုဘယ္သူသြင္းတယ္ဆိုတာနဲ႔ပတ္သက္ၿပီးတစ္ခါမွ

ေဆြးေႏြးခဲ့ဖူးၾကတာမရွိတာပါ။

ကယ္လီကေတာ့ယင္းဂိုးကိုသူသြင္းတာလို႔ေျပာေနပါတယ္။ ‘က်ဳပ္အေမက

ေတာ့ကြၽန္ေတာ္သြင္းတယ္လို႔ေျပာတာပဲ”ေဂ်ာ့ဂေရဟမ္ဟာအာဆင္နယ္ကို

နည္းျပအျဖစ္အမွတ္ေပးဖလား၊အက္ဖ္ေအဖလား၊လိဂ္ဖလားႏွင့္ဥေရာပ

ဖလားတို႔ဆြတ္ခူးေပးႏိုင္ခဲ့ပါတယ္။သူကေတာ့ယင္းဂိုးနဲ႔ပတ္သက္ၿပီး

လူေတြဘယ္လိုပဲထင္ထင္ ေက်နပ္တယ္လို႔ဆိုပါတယ္။

အေစာပိုင္းတုန္းကယင္းဂိုးကိုသြင္းသူအျဖစ္ေဂ်ာ့ဂေရဟမ္ကိုသတ္မွတ္

ခဲ့တာပါ။ဒါေပမယ့္ယင္းပြဲအၿပီးေနာက္တစ္ေန႔မွာ lTV မွ တင္ဆက္သူ

ဘ႐ိုင္ယန္မိုးကပြဲကိုျပန္ၾကည့္ၿပီးေနာက္ကယ္လီရဲ႕ဂိုးအျဖစ္သတ္မွတ္ခဲ့ပါတယ္။

ဒါေပမဲ့Britishpathe ဝက္ဘ္ဆိုက္မွာေဖာ္ျပလာတဲ့ ဓာတ္ပုံသက္ေသ

အေထာက္ထားမ်ားအရယင္းဂိုးကိုေနာက္ဆုံးထိသူကဂေရဟမ္ျဖစ္ေၾကာင္း

ေတြ႕ရပါတယ္။

ဓာတ္ပုံသက္ေသမ်ားအရကယ္လီကကန္တင္လိုက္တဲ့ေဘာလုံးကိုဂေရဟမ္က

အပိုင္ကန္သြင္းခဲ့တာျဖစ္ပါတယ္။ဂေရဟမ္ဟာဂိုးသြင္းၿပီးေနာက္ခ်က္ခ်င္း

ဆိုသလိုေအာင္ပြဲခံခဲ့သူလည္းျဖစ္ပါတယ္။

ဂေရဟမ္က “လူေတြကကြၽန္ေတာ္သြင္းတာလို႔ေျပာၾကပါတယ္။ဒါေပမဲ့ဒါက

ကြၽန္ေတာ္ဂ႐ုစိုက္တဲ့အရာမဟုတ္ပါဘူး။ဒီအျဖစ္အပ်က္ေၾကာင့္ကြၽန္ေတာ္တို႔က

ဒီပြဲကိုျပန္ေတြးလာေစတာကအရမ္းအေရးပါတဲ့အခ်က္ပါ။ဒီဗီဒီယိုဖိုင္ကို

သေဘာက်တယ္။ဒီဗီီဒီယိုဖိုင္ကိုၾကည့္သူတိုင္းသူ႔အျမင္နဲ႔သူပါ။ဒီဗိုလ္လုပြဲက

ကြၽန္ေတာ္နဲ႔အာဆင္နယ္အတြက္အရမ္းကိုအမွတ္ရစရာေကာင္းတဲ့

ဗိုလ္လုပြဲပါ”လို႔ဆိုသြားပါတယ္။