နှလုံးခုန်စောင့်ကြည့်စက်ဖြင့် နှစ်ရက်တိုင်တိုင်စောင့်ကြည့်နေခံနေရတဲ့ လင်ဒီလော့ဖ်

မန်ချက်စတာယူနိုက်တက်နောက်ခံလူဗစ်တာလင်ဒီလော့ဖ်ဟာ

နော့ဝှစ်ချ်နှင့်ပွဲတွင်ရင်ဘတ်အောင့်မှုဖြစ်ပျက်ပြီးနောက်နှလုံးခုန်စောင့်ကြည့်စက်ဖြင့်

နှစ်ရက်တိုင်တိုင်စောင့်ကြည့်နေခဲ့ရကြောင်းသိရပါတယ်။

အသက်၂၇နှစ်ရှိဒိန်းမတ်လက်ရွေးစင်ဗဟိုနောက်ခံလူဟာနော့ဝှစ်ချ်အား၁-ဝဂိုးဖြင့်

အနိုင်ရရှိတဲ့ပွဲတွင်ရင်ဘတ်အောင့်လာမှုကြောင့်လူစားလဲခဲ့ရသူဖြစ်ပါတယ်။

ယူနိုက်တက်ဆေးအဖွဲ့ဟာကွင်းအတွင်းသို့အလျှင်အမြန်ဝင်ရောက်ကာ

လင်ဒီလော့ဖ်ကိုအကူအညီပေးခဲ့ကြရပါတယ်။

ယခုအခါဇနီးသည်မာဂျာနယ်ဆင်က “ဒီပွဲကိုကြည့်ရင်းအရမ်းတုန်လှုပ်ခဲ့ရပါတယ်။

ဗစ်တာလည်းအရမ်းတုန်လှုပ်နေခဲ့တယ်။အများကြီးစမ်းသပ်ခံခဲ့ရတယ်။

အားလုံးအဆင်ပြေလာအောင်နှလုံးခုန်နှုန်းစောင့်ကြည့်စက်နဲ့နှစ်ရက်နေခဲ့ရတယ်။

အားလုံးကအဆင်ပြေပြေနဲ့ဖြစ်လာဖို့ရှိပါတယ်။နောက်ဆုံးစမ်းသပ်မှုအဖြေကို

စောင့်ဆိုင်းနေပါတယ်”လို့ပြောကြားခဲ့ပါတယ်။နော့ဝှစ်ချ်နှင့်ပွဲအပြီးတွင်

ယူနိုက်တက်ယာယီနည်းပြရန်းနစ်ခ်ကဗဟိုနောက်ခံလူမှာ

နှလုံးခုန်နှုန်းအလွန်မြန်နေခဲ့ကြောင်းဆိုသွားပါတယ်။

zawgyi

ႏွလုံးခုန္ေစာင့္ၾကည့္စက္ျဖင့္ ႏွစ္ရက္တိုင္တိုင္ေစာင့္ၾကည့္ေနခံေနရတဲ့ လင္ဒီေလာ့ဖ္

မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူဗစ္တာလင္ဒီေလာ့ဖ္ဟာ

ေနာ့ဝွစ္ခ်္ႏွင့္ပြဲတြင္ရင္ဘတ္ေအာင့္မႈျဖစ္ပ်က္ၿပီးေနာက္ႏွလုံးခုန္ေစာင့္ၾကည့္စက္ျဖင့္

ႏွစ္ရက္တိုင္တိုင္ေစာင့္ၾကည့္ေနခဲ့ရေၾကာင္းသိရပါတယ္။

အသက္၂၇ႏွစ္ရွိဒိန္းမတ္လက္ေ႐ြးစင္ဗဟိုေနာက္ခံလူဟာေနာ့ဝွစ္ခ်္အား၁-ဝဂိုးျဖင့္

အႏိုင္ရရွိတဲ့ပြဲတြင္ရင္ဘတ္ေအာင့္လာမႈေၾကာင့္လူစားလဲခဲ့ရသူျဖစ္ပါတယ္။

ယူႏိုက္တက္ေဆးအဖြဲ႕ဟာကြင္းအတြင္းသို႔အလွ်င္အျမန္ဝင္ေရာက္ကာ

လင္ဒီေလာ့ဖ္ကိုအကူအညီေပးခဲ့ၾကရပါတယ္။

ယခုအခါဇနီးသည္မာဂ်ာနယ္ဆင္က “ဒီပြဲကိုၾကည့္ရင္းအရမ္းတုန္လႈပ္ခဲ့ရပါတယ္။

ဗစ္တာလည္းအရမ္းတုန္လႈပ္ေနခဲ့တယ္။အမ်ားႀကီးစမ္းသပ္ခံခဲ့ရတယ္။

အားလုံးအဆင္ေျပလာေအာင္ႏွလုံးခုန္ႏႈန္းေစာင့္ၾကည့္စက္နဲ႔ႏွစ္ရက္ေနခဲ့ရတယ္။

အားလုံးကအဆင္ေျပေျပနဲ႔ျဖစ္လာဖို႔ရွိပါတယ္။ေနာက္ဆုံးစမ္းသပ္မႈအေျဖကို

ေစာင့္ဆိုင္းေနပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။ေနာ့ဝွစ္ခ်္ႏွင့္ပြဲအၿပီးတြင္

ယူႏိုက္တက္ယာယီနည္းျပရန္းနစ္ခ္ကဗဟိုေနာက္ခံလူမွာ

ႏွလုံးခုန္ႏႈန္းအလြန္ျမန္ေနခဲ့ေၾကာင္းဆိုသြားပါတယ္။