
ဆာဂျီယိုအဂွဲရိုးဟာနှလုံးရောဂါပြဿနာကြောင့်ဘောလုံးကစားသမားဘဝမှ
အနားယူရန်စဉ်းစားနေကြောင်းသိရပါတယ်။ မန်စီးတီးသမိုင်းတစ်လျှောက်
ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေတဲ့ဆာဂျီယိုအဂွဲရိုးဟာ
ပြီးခဲ့တဲ့လတုန်းကနူးကမ့်တွင်အလာဗက်စ်နှင့်ကစားတဲ့ပွဲစဉ်မှာ အသက်ရှူရ
ခက်ခဲမှုကြောင့်ပထမပိုင်းမပြီးမီလူစားလဲကာဆေးရုံသို့အရေးပေါ်တက်ခဲ့ရပါတယ်။
အသက်၃၃နှစ်ရှိအာဂျင်တီးနားတိုက်စစ်မှူးဟာဆေးရုံတွင်စစ်ဆေးမှုပြုလုပ်ခဲ့ရာ
နှလုံးခုန်နှုန်းမမှန်တဲ့ပြဿနာကြုံနေရကြောင်းတွေ့ရှိရပြီး
ဘောလုံးကစားမှုမှသုံးလကြာအနားယူနေရပါတယ်။
ယနေ့တွင် Catalunya Ràdio’s ‘El Matí တွင်ဖော်ပြလာမှုအရ
ဆာဂျီယိုအဂွဲရိုးမှာဆေးကုသမှုပြုလုပ်ရာတွင်ထင်မှတ်ထားသည်ထက်
အချိန်ပိုယူရနိုင်ပြီးယင်းအခြေအနေကြောင့်ဘောလုံးကစားသမားဘဝမှ
အနားယူနိုင်ကြောင်းဆိုသွားပါတယ်။ ဆာဂျီယိုအဂွဲရိုးဟာပြီးခဲ့တဲ့
ရက်များအတွင်းကသူ့နှလုံးကိုထပ်မံစစ်ဆေးမှုခံယူခဲ့ရာတွင်
သူ့နှလုံးရောဂါပြဿနာမှာအစောပိုင်းတုန်းကထက်ထင်မှတ်ထားထက်
ဆိုးရွားနေကြောင်းတွေ့ရှိရပါတယ်။
ယင်းသို့အခြေအနေကြောင့်ဆာဂျီယိုအဂွဲရိုးမှာဘာစီလိုနာက
လိုအပ်တဲ့အဆင့်အတန်းမျိုးတွင်ကစားနိုင်တဲ့အနေအထားမျိုးတွင်
မရရှိတော့ရာအနားယူရန်စဉ်းစားနေကြောင်းသိရပါတယ်။
လက်ရှိအချိန်တွင်ဆာဂျီယိုအဂွဲရိုးနှင့်ဘာစီလိုနာတို့က
အထက်ပါသတင်းနဲ့ပတ်သက်ပြီးတစ်စုံတစ်ရာမှတ်ချက်ပြုခြင်းမရှိသေးပါဘူး။
zawgyi
ႏွလုံးခုန္ႏႈန္းမမွန္တဲ့ျပႆနာႀကဳံေနရၿပီး ေဘာလုံးကစားမႈမွ အနားယူရန္စဥ္းစားေနတဲ့ အဂြဲ႐ိုး
ဆာဂ်ီယိုအဂြဲ႐ိုးဟာႏွလုံးေရာဂါျပႆနာေၾကာင့္ေဘာလုံးကစားသမားဘဝမွ
အနားယူရန္စဥ္းစားေနေၾကာင္းသိရပါတယ္။ မန္စီးတီးသမိုင္းတစ္ေလွ်ာက္
ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနတဲ့ဆာဂ်ီယိုအဂြဲ႐ိုးဟာ
ၿပီးခဲ့တဲ့လတုန္းကႏူးကမ့္တြင္အလာဗက္စ္ႏွင့္ကစားတဲ့ပြဲစဥ္မွာ အသက္ရႉရ
ခက္ခဲမႈေၾကာင့္ပထမပိုင္းမၿပီးမီလူစားလဲကာေဆး႐ုံသို႔အေရးေပၚတက္ခဲ့ရပါတယ္။
အသက္၃၃ႏွစ္ရွိအာဂ်င္တီးနားတိုက္စစ္မႉးဟာေဆး႐ုံတြင္စစ္ေဆးမႈျပဳလုပ္ခဲ့ရာ
ႏွလုံးခုန္ႏႈန္းမမွန္တဲ့ျပႆနာႀကဳံေနရေၾကာင္းေတြ႕ရွိရၿပီး
ေဘာလုံးကစားမႈမွသုံးလၾကာအနားယူေနရပါတယ္။
ယေန႔တြင္ Catalunya Ràdio’s ‘El Matí တြင္ေဖာ္ျပလာမႈအရ
ဆာဂ်ီယိုအဂြဲ႐ိုးမွာေဆးကုသမႈျပဳလုပ္ရာတြင္ထင္မွတ္ထားသည္ထက္
အခ်ိန္ပိုယူရႏိုင္ၿပီးယင္းအေျခအေနေၾကာင့္ေဘာလုံးကစားသမားဘဝမွ
အနားယူႏိုင္ေၾကာင္းဆိုသြားပါတယ္။ ဆာဂ်ီယိုအဂြဲ႐ိုးဟာၿပီးခဲ့တဲ့
ရက္မ်ားအတြင္းကသူ႔ႏွလုံးကိုထပ္မံစစ္ေဆးမႈခံယူခဲ့ရာတြင္
သူ႔ႏွလုံးေရာဂါျပႆနာမွာအေစာပိုင္းတုန္းကထက္ထင္မွတ္ထားထက္
ဆိုး႐ြားေနေၾကာင္းေတြ႕ရွိရပါတယ္။
ယင္းသို႔အေျခအေနေၾကာင့္ဆာဂ်ီယိုအဂြဲ႐ိုးမွာဘာစီလိုနာက
လိုအပ္တဲ့အဆင့္အတန္းမ်ိဳးတြင္ကစားႏိုင္တဲ့အေနအထားမ်ိဳးတြင္
မရရွိေတာ့ရာအနားယူရန္စဥ္းစားေနေၾကာင္းသိရပါတယ္။
လက္ရွိအခ်ိန္တြင္ဆာဂ်ီယိုအဂြဲ႐ိုးႏွင့္ဘာစီလိုနာတို႔က
အထက္ပါသတင္းနဲ႔ပတ္သက္ၿပီးတစ္စုံတစ္ရာမွတ္ခ်က္ျပဳျခင္းမရွိေသးပါဘူး။