
ဘာစီလိုနာကဆာဂျီယိုအဂွဲရိုးမှာရင်ဘတ်အောင့်ခြင်း၊အသက်ရှူရခက်ခဲခြင်း
တို့အားကုသမှုခံယူရန်အတွက်သုံးလကြာအနားယူရတော့မှာဖြစ်ကြောင်း
အတည်ပြုလာပါတယ်။
မန်စီးတီးတိုက်စစ်မှူးဟောင်းဟာအလာဗက်စ်နှင့်တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်ရဲ့
ပထမပိုင်းမပြီးခါရင်ဘတ်အောင့်ခြင်း၊အသက်ရှူရခက်ခဲခြင်းတို့ဖြစ်ပြီးနောက်
ကွင်းအတွင်းတွင်ပင်ဆေးကုသမှုခံယူခဲ့ရပါတယ်။သူဟာချက်ချင်းပင်ဆေးရုံသို့
အရေးပေါ်ကားဖြင့်သွားရောက်ကာစစ်ဆေးမှုခံယူခဲ့ရပါတယ်။
စပိန်မီဒီယာများကအသက်၃၃နှစ်ရှိအာဂျင်တီးနားတိုက်စစ်မှူးဟာနှလုံးခုန်နှုန်း
မမှန်တဲ့ပြဿနာကြုံနေရကြောင်းရေးသားဖော်ပြခဲ့ပါတယ်။
ယခုအခါဘာစီလိုနာအသင်းကအာဂျင်တီးနားတိုက်စစ်မှူးမှာဆရာဝန်များရဲ့
ဆေးကုသမှုခံယူစောင့်ကြည့်ခြင်းခံနေရပြီဖြစ်ပြီးသုံးလကြာအနားယူရတော့မှ
ာဖြစ်ကြောင်းအတည်ပြုလာပြီဖြစ်ပါတယ်။
အဂွဲရိုးဟာမန်စီးတီးတွင်ဆယ်နှစ်ကြာကစားပြီးနောက်နွေရာသီအပြောင်းအရွှေ့
တုန်းကဘာစီလိုနာသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။
သူဟာဘာစီလိုနာအတွက်တစ်ပွဲမျှမကစားမီ ရာသီမစမီအချိန်တွင်ပင်လေ့ကျင့်ခန်း
အစီအစဉ်မှာကြွက်သားဒဏ်ရာရရှိပြီးအနားယူခဲ့ရပါတယ်။သူဟာအယ်ကလက်စီကို
ပွဲစဉ်တွင်ပထမဆုံးပွဲအဖြစ်အရန်အဖြစ်ဝင်ရောက်ကစားခဲ့ကာနှစ်သိမ့်ဂိုးသွင်းနိုင်ခဲ့ပါတယ်။
ယင်းနောက်သူဟာအလာဗက်စ်နှင့်ပွဲတွင်ပွဲထွက်ကစားစဉ်နှလုံးပြဿနာနှင့်
ကြုံလာရတာဖြစ်ပါတယ်။
Zawgyi
ႏွလုံးခုန္မမွန္မႈေၾကာင့္ သုံးလၾကာအနားယူရေတာ့မယ့္ အဂြဲ႐ိုး
ဘာစီလိုနာကဆာဂ်ီယိုအဂြဲ႐ိုးမွာရင္ဘတ္ေအာင့္ျခင္း၊အသက္ရႉရခက္ခဲျခင္း
တို႔အားကုသမႈခံယူရန္အတြက္သုံးလၾကာအနားယူရေတာ့မွာျဖစ္ေၾကာင္း
အတည္ျပဳလာပါတယ္။
မန္စီးတီးတိုက္စစ္မႉးေဟာင္းဟာအလာဗက္စ္ႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲစဥ္ရဲ႕
ပထမပိုင္းမၿပီးခါရင္ဘတ္ေအာင့္ျခင္း၊အသက္ရႉရခက္ခဲျခင္းတို႔ျဖစ္ၿပီးေနာက္
ကြင္းအတြင္းတြင္ပင္ေဆးကုသမႈခံယူခဲ့ရပါတယ္။သူဟာခ်က္ခ်င္းပင္ေဆး႐ုံသို႔
အေရးေပၚကားျဖင့္သြားေရာက္ကာစစ္ေဆးမႈခံယူခဲ့ရပါတယ္။
စပိန္မီဒီယာမ်ားကအသက္၃၃ႏွစ္ရွိအာဂ်င္တီးနားတိုက္စစ္မႉးဟာႏွလုံးခုန္ႏႈန္း
မမွန္တဲ့ျပႆနာႀကဳံေနရေၾကာင္းေရးသားေဖာ္ျပခဲ့ပါတယ္။
ယခုအခါဘာစီလိုနာအသင္းကအာဂ်င္တီးနားတိုက္စစ္မႉးမွာဆရာဝန္မ်ားရဲ႕
ေဆးကုသမႈခံယူေစာင့္ၾကည့္ျခင္းခံေနရၿပီျဖစ္ၿပီးသုံးလၾကာအနားယူရေတာ့မွ
ာျဖစ္ေၾကာင္းအတည္ျပဳလာၿပီျဖစ္ပါတယ္။
အဂြဲ႐ိုးဟာမန္စီးတီးတြင္ဆယ္ႏွစ္ၾကာကစားၿပီးေနာက္ေႏြရာသီအေျပာင္းအေ႐ႊ႕
တုန္းကဘာစီလိုနာသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ပါတယ္။
သူဟာဘာစီလိုနာအတြက္တစ္ပြဲမွ်မကစားမီ ရာသီမစမီအခ်ိန္တြင္ပင္ေလ့က်င့္ခန္း
အစီအစဥ္မွာႂကြက္သားဒဏ္ရာရရွိၿပီးအနားယူခဲ့ရပါတယ္။သူဟာအယ္ကလက္စီကို
ပြဲစဥ္တြင္ပထမဆုံးပြဲအျဖစ္အရန္အျဖစ္ဝင္ေရာက္ကစားခဲ့ကာႏွစ္သိမ့္ဂိုးသြင္းႏိုင္ခဲ့ပါတယ္။
ယင္းေနာက္သူဟာအလာဗက္စ္ႏွင့္ပြဲတြင္ပြဲထြက္ကစားစဥ္ႏွလုံးျပႆနာႏွင့္
ႀကဳံလာရတာျဖစ္ပါတယ္။