ခရိုအေးရှားနောက်ခံလူတစ်ဦးဟာလေ့ကျင့်ရေးကွင်းတွင်မေ့လဲကျပြီးနောက်
ရက်အနည်းငယ်အကြာတွင်ဆေးရုံတွင်ကွယ်လွန်သွားခဲ့ပါတယ်။
NK Nehaj ကစားသမားမာရန်းကာချီဟာ လေ့ကျင့်ရေးကွင်းတွင်မေ့လဲကျ
ခဲ့ပြီးနောက် ဆေးရုံတွင်သတိမေ့လျော့နေခဲ့ပါတယ်။
မီဒီယာများရဲ့ဖော်ပြချကအရမာရန်းမာချီဟာနှလုံးရောဂါဖောက်ကာ
လေ့ကျင့်ရေးကွင်းတွင်မေ့လဲကျခဲ့ပြီးဆေးရုံသို့အရေးပေါ်တက်ရောက်ခဲ့ရ
ကြောင်းသိရပါတယ်။သူဟာဆေးရုံတွင်ကိုမာဖြစ်ကာမေ့နေခဲ့ပြီး ဆရာဝန်
များကသူ့အသက်ကိုကယ်တင်ရေးအစွမ်းကုန်ကြိုးပမ်းခဲ့ပေမယ့်မအောင်မြင်
ခဲ့ကြပါဘူး။
ကာချီဟာရီဂျီကာရှိလူငယ်အသင်းများတွင်ကစားသမားဘဝကိုစတင်ပြီး
အီတလီရှိ အသင်းငယ်လေးအစ်ဆာနီယာတွင်လည်းကစားခဲ့ဖူးပါတယ်။
သူဟာဆန်မြို့အခြေစိုက် NK Nehaj တွင်ကစားနေပါတယ်။
ယင်းကလပ်ကခရိုအေးရှားဘောလုံးစနစ်ရဲ့ဒုတိယတန်းတွင်ကစားနေတဲ့
ကလပ်ဖြစ်ပါတယ်။
ခရိုအေးရှားဘောလုံးပရိသတ်များ၊ကလပ်များ၊ကစားသမားများဟာ
ကာချီအတွက်စိတ်မကောင်းဖြစ်ကြောင်းဆိုရှယ်မီဒီယာမှာတင်နေကြပါတယ်။
Zawgyi
နှလုံးဖောက်ပြီး လဲကျပြီးနောက် ဆေးရုံမှာ ကွယ်လွန်ခဲ့တဲ့ ခရိုအေးရှားနောက်ခံလူ
ခဲ့ကြပါဘူး။
ကလပ်ဖြစ်ပါတယ်။