နှလုံးရောဂါကြောင့် အနားယူရတော့မှာလား အဂွဲရိုး

ဆာဂျီယိုအဂွဲရိုးဟာနှလုံးရောဂါပြဿနာကြောင့်ဘောလုံးကစားသမားဘဝမှ

အနားယူရန်စဉ်းစားနေကြောင်းသိရပါတယ်။

မန်စီးတီးသမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေတဲ့

ဆာဂျီယိုအဂွဲရိုးဟာပြီးခဲ့တဲ့လတုန်းကနူးကမ့်တွင်အလာဗက်စ်နှင့်ကစားတဲ့ပွဲစဉ်မှာ

အသက်ရှူရခက်ခဲမှုကြောင့်ပထမပိုင်းမပြီးမီလူစားလဲကာဆေးရုံသို့

အရေးပေါ်တက်ခဲ့ရပါတယ်။

အသက်၃၃နှစ်ရှိအာဂျင်တီးနားတိုက်စစ်မှူးဟာဆေးရုံတွင်စစ်ဆေးမှုပြုလုပ်ခဲ့ရာ

နှလုံးခုန်နှုန်းမမှန်တဲ့ပြဿနာကြုံနေရကြောင်းတွေ့ရှိရပြီး ဘောလုံးကစားမှုမှ

သုံးလကြာအနားယူနေရပါတယ်။

ယနေ့တွင် Catalunya Ràdio’s ‘El Matí တွင်ဖော်ပြလာမှုအရဆာဂျီယိုအဂွဲရိုးမှာ

ဆေးကုသမှုပြုလုပ်ရာတွင်ထင်မှတ်ထားသည်ထက်အချိန်ပိုယူရနိုင်ပြီး

ယင်းအခြေအနေကြောင့်ဘောလုံးကစားသမားဘဝမှအနားယူနိုင်ကြောင်း

ဆိုသွားပါတယ်။

ဆာဂျီယိုအဂွဲရိုးဟာပြီးခဲ့တဲ့ရက်များအတွင်းကသူ့နှလုံးကိုထပ်မံစစ်ဆေးမှု

ခံယူခဲ့ရာတွင်သူ့နှလုံးရောဂါပြဿနာမှာအစောပိုင်းတုန်းကထင်မှတ်ထားထက်

ဆိုးရွားနေကြောင်းတွေ့ရှိရပါတယ်။

ယင်းသို့အခြေအနေကြောင့်ဆာဂျီယိုအဂွဲရိုးမှာဘာစီလိုနာကလိုအပ်တဲ့

အဆင့်အတန်းမျိုးတွင်ကစားနိုင်တဲ့အနေအထားမျိုးတွင်မရရှိတော့

ရာအနားယူရန်စဉ်းစားနေကြောင်းသိရပါတယ်။

လက်ရှိအချိန်တွင်ဆာဂျီယိုအဂွဲရိုးနှင့်ဘာစီလိုနာတို့ကအထက်ပါသတင်းနဲ့

ပတ်သက်ပြီးတစ်စုံတစ်ရာမှတ်ချက်ပြုခြင်းမရှိသေးပါဘူး။

Zawgyi

ႏွလုံးေရာဂါေၾကာင့္ အနားယူရေတာ့မွာလား အဂြဲ႐ိုး

ဆာဂ်ီယိုအဂြဲ႐ိုးဟာႏွလုံးေရာဂါျပႆနာေၾကာင့္ေဘာလုံးကစားသမားဘဝမွ

အနားယူရန္စဥ္းစားေနေၾကာင္းသိရပါတယ္။

မန္စီးတီးသမိုင္းတစ္ေလွ်ာက္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနတဲ့

ဆာဂ်ီယိုအဂြဲ႐ိုးဟာၿပီးခဲ့တဲ့လတုန္းကႏူးကမ့္တြင္အလာဗက္စ္ႏွင့္ကစားတဲ့ပြဲစဥ္မွ

ာအသက္ရႉရခက္ခဲမႈေၾကာင့္ပထမပိုင္းမၿပီးမီလူစားလဲကာေဆး႐ုံသို႔

အေရးေပၚတက္ခဲ့ရပါတယ္။

အသက္၃၃ႏွစ္ရွိအာဂ်င္တီးနားတိုက္စစ္မႉးဟာေဆး႐ုံတြင္စစ္ေဆးမႈျပဳလုပ္ခဲ့ရာ

ႏွလုံးခုန္ႏႈန္းမမွန္တဲ့ျပႆနာႀကဳံေနရေၾကာင္းေတြ႕ရွိရၿပီး ေဘာလုံးကစားမႈမွ

သုံးလၾကာအနားယူေနရပါတယ္။

ယေန႔တြင္ Catalunya Ràdio’s ‘El Matí တြင္ေဖာ္ျပလာမႈအရဆာဂ်ီယိုအဂြဲ႐ိုးမွာ

ေဆးကုသမႈျပဳလုပ္ရာတြင္ထင္မွတ္ထားသည္ထက္အခ်ိန္ပိုယူရႏိုင္ၿပီး

ယင္းအေျခအေနေၾကာင့္ေဘာလုံးကစားသမားဘဝမွအနားယူႏိုင္ေၾကာင္း

ဆိုသြားပါတယ္။

ဆာဂ်ီယိုအဂြဲ႐ိုးဟာၿပီးခဲ့တဲ့ရက္မ်ားအတြင္းကသူ႔ႏွလုံးကိုထပ္မံစစ္ေဆးမႈ

ခံယူခဲ့ရာတြင္သူ႔ႏွလုံးေရာဂါျပႆနာမွာအေစာပိုင္းတုန္းကထင္မွတ္ထားထက္

ဆိုး႐ြားေနေၾကာင္းေတြ႕ရွိရပါတယ္။

ယင္းသို႔အေျခအေနေၾကာင့္ဆာဂ်ီယိုအဂြဲ႐ိုးမွာဘာစီလိုနာကလိုအပ္တဲ့

အဆင့္အတန္းမ်ိဳးတြင္ကစားႏိုင္တဲ့အေနအထားမ်ိဳးတြင္မရရွိေတာ့

ရာအနားယူရန္စဥ္းစားေနေၾကာင္းသိရပါတယ္။

လက္ရွိအခ်ိန္တြင္ဆာဂ်ီယိုအဂြဲ႐ိုးႏွင့္ဘာစီလိုနာတို႔ကအထက္ပါသတင္းနဲ႔

ပတ္သက္ၿပီးတစ္စုံတစ္ရာမွတ္ခ်က္ျပဳျခင္းမရွိေသးပါဘူး။