
ဗစ်တာလင်ဒီလော့ဖ်ဟာမနေ့ညတုန်းကနော့ဝှစ်ချ်ကိုမန်ချက်စတာ
ယူနိုက်တက်အနိုင်ရရှိတဲ့ပွဲစဉ်မှာရင်ဘတ်အောင့်လာမှုနဲ့အတူနှလုံးရောဂါနဲ့
ပတ်သက်ပြီးစိုးရိမ်စရာရှိလာခဲ့ပါတယ်။ ဆွီဒင်နောက်ခံလူဟာCarrow Road မှာ
နော့ဝှစ်ချ်အား၁-ဝဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲရဲ့ဒုတိယပိုင်းမှာအသက်ရှူရခက်ခဲလာပြီး
ရင်ဘတ်ကိုလက်ဖြင့်ဖိနေခဲ့ရကာယူနိုက်တက်ဆေးအဖွဲ့တို့ ကွင်းအတွင်းသို့
အပြေးအလွှားဝင်ခဲ့ရပါတယ်။ အသက်၂၇နှစ်ရှိနောက်ခံလူဟာသာမန်လဲကျမှု
တစ်ခုဖြစ်ပြီးနောက်အသက်ရှူရခက်ခဲကာရင်ဘတ်အောင့်လာခဲ့တာလည်းဖြစ်ပါတယ်။
သူဟာကွင်းအတွင်းမှာမိနစ်အနည်းငယ်ကြာကုသမှုခံယူပြီးနောက်
အဲရစ်ဘိုင်လီနဲ့ လူစားလဲလှယ်ခဲ့ရပါတယ်။ ယူနိုက်တက်နည်းပြရန်းနစ်ခ်က
“ဗစ်တာမှာအသက်ရှူရခက်ခဲတဲ့ပြဿနာဖြစ်ခဲ့တယ်။သူ့နှလုံးခုန်နှုန်းက
ပုံမှန်ထက်မြင့်နေတယ်။သူလည်းအနည်းငယ်တုန်လှုပ်ခဲ့ရတယ်။
ဘာကြောင့်ဖြစ်သလဲသူမမှတ်မိဘူး။အခြားကစားသမားတစ်ဦးနဲ့
လဲကျမှုဖြစ်ပါတယ်။ပွဲအပြီးမှာသူ့ကိုစစ်ဆေးခဲ့ပါတယ်။
အားလုံးအဆင်ပြေပါတယ်။ဒါပေမယ့်မနက်ဖြန်ဘာဖြစ်လာမလဲကြည့်ရမယ်။
အင်္ဂါနေ့မှာကစားရမယ့်ဘရန့်ဖို့ဒ်နဲ့ပွဲမှာသူပါဝင်နိုင်ဖို့မျှော်လင့်ပါတယ်”လို့
ပြောကြားသွားပါတယ်။
ပြီးခဲ့တဲ့ယူရို၂၀၂၀တုန်းကဒိန်းမတ်ကွင်းလယ်
ကစားသမားအဲရစ်ဆင်ဟာဖင်လန်နှင့်ပွဲမှာနှလုံးရပ်ကာမေ့လဲကျခဲ့ပြီး
ကစားဖော်များ၊ဆေးအဖွဲ့များရဲ့အချိန်မီကုသမှုကြောင့်အသက်ရှင်ခဲ့တာ
ဖြစ်ပါတယ်။ဒါ့အပြင် ဘာစီလိုနာတိုက်စစ်မှူးအဂွဲရိုးဟာလည်း
အလာဗက်စ်နှင့်ပွဲမှာနှလုံးခုန်နှုန်းမြန်ပြီးအသက်ရှူရခက်ခဲမှုကြောင့်
လူစားလဲလှယ်မှုပြုလုပ်ခဲ့ရကာ အနားယူနေရပါတယ်။
မနေ့ညကနော့ဝှစ်ချ်နှင့်ပွဲစဉ်မှာယူနိုက်တက်ဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့
တစ်လုံးတည်းသောပင်နယ်တီဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။
ယူနိုက်တက်ဟာနည်းပြသစ်ရန်းနစ်ခ်လက်အောက်မှာပရီးမီးယားလိဂ်မှာ
နှစ်ပွဲဆက်အနိုင်ရယူထားနိုင်ပါတယ်။
zawgyi
ႏွလုံးေရာဂါရဲ႕ ဒုကၡေပးျခင္းမွ ကင္းေဝးပါေစ.. လင္ဒီေလာ့ဖ္
ဗစ္တာလင္ဒီေလာ့ဖ္ဟာမေန႔ညတုန္းကေနာ့ဝွစ္ခ်္ကိုမန္ခ်က္စတာ
ယူႏိုက္တက္အႏိုင္ရရွိတဲ့ပြဲစဥ္မွာရင္ဘတ္ေအာင့္လာမႈနဲ႔အတူႏွလုံးေရာဂါနဲ႔
ပတ္သက္ၿပီးစိုးရိမ္စရာရွိလာခဲ့ပါတယ္။ ဆြီဒင္ေနာက္ခံလူဟာCarrow Road မွာ
ေနာ့ဝွစ္ခ်္အား၁-ဝဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲရဲ႕ဒုတိယပိုင္းမွာအသက္ရႉရခက္ခဲလာၿပီး
ရင္ဘတ္ကိုလက္ျဖင့္ဖိေနခဲ့ရကာယူႏိုက္တက္ေဆးအဖြဲ႕တို႔ ကြင္းအတြင္းသို႔
အေျပးအလႊားဝင္ခဲ့ရပါတယ္။ အသက္၂၇ႏွစ္ရွိေနာက္ခံလူဟာသာမန္လဲက်မႈ
တစ္ခုျဖစ္ၿပီးေနာက္အသက္ရႉရခက္ခဲကာရင္ဘတ္ေအာင့္လာခဲ့တာလည္းျဖစ္ပါတယ္။
သူဟာကြင္းအတြင္းမွာမိနစ္အနည္းငယ္ၾကာကုသမႈခံယူၿပီးေနာက္
အဲရစ္ဘိုင္လီနဲ႔ လူစားလဲလွယ္ခဲ့ရပါတယ္။ ယူႏိုက္တက္နည္းျပရန္းနစ္ခ္က
“ဗစ္တာမွာအသက္ရႉရခက္ခဲတဲ့ျပႆနာျဖစ္ခဲ့တယ္။သူ႔ႏွလုံးခုန္ႏႈန္းက
ပုံမွန္ထက္ျမင့္ေနတယ္။သူလည္းအနည္းငယ္တုန္လႈပ္ခဲ့ရတယ္။
ဘာေၾကာင့္ျဖစ္သလဲသူမမွတ္မိဘူး။အျခားကစားသမားတစ္ဦးနဲ႔
လဲက်မႈျဖစ္ပါတယ္။ပြဲအၿပီးမွာသူ႔ကိုစစ္ေဆးခဲ့ပါတယ္။
အားလုံးအဆင္ေျပပါတယ္။ဒါေပမယ့္မနက္ျဖန္ဘာျဖစ္လာမလဲၾကည့္ရမယ္။
အဂၤါေန႔မွာကစားရမယ့္ဘရန႔္ဖို႔ဒ္နဲ႔ပြဲမွာသူပါဝင္ႏိုင္ဖို႔ေမွ်ာ္လင့္ပါတယ္”လို႔
ေျပာၾကားသြားပါတယ္။ ၿပီးခဲ့တဲ့ယူ႐ို၂၀၂၀တုန္းကဒိန္းမတ္ကြင္းလယ္
ကစားသမားအဲရစ္ဆင္ဟာဖင္လန္ႏွင့္ပြဲမွာႏွလုံးရပ္ကာေမ့လဲက်ခဲ့ၿပီး
ကစားေဖာ္မ်ား၊ေဆးအဖြဲ႕မ်ားရဲ႕အခ်ိန္မီကုသမႈေၾကာင့္အသက္ရွင္ခဲ့တာ
ျဖစ္ပါတယ္။ဒါ့အျပင္ ဘာစီလိုနာတိုက္စစ္မႉးအဂြဲ႐ိုးဟာလည္း
အလာဗက္စ္ႏွင့္ပြဲမွာႏွလုံးခုန္ႏႈန္းျမန္ၿပီးအသက္ရႉရခက္ခဲမႈေၾကာင့္
လူစားလဲလွယ္မႈျပဳလုပ္ခဲ့ရကာ အနားယူေနရပါတယ္။
မေန႔ညကေနာ့ဝွစ္ခ်္ႏွင့္ပြဲစဥ္မွာယူႏိုက္တက္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕
တစ္လုံးတည္းေသာပင္နယ္တီဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။
ယူႏိုက္တက္ဟာနည္းျပသစ္ရန္းနစ္ခ္လက္ေအာက္မွာပရီးမီးယားလိဂ္မွာ
ႏွစ္ပြဲဆက္အႏိုင္ရယူထားႏိုင္ပါတယ္။