ပင်နယ်တီကိစ္စမှာ ကလော့ပ်ကို ပြန်လည်တုံ့ပြန်လိုက်တဲ့ ဆိုးလ်ရှား

မန်ယူနည်းပြဆိုးလ်ရှားဟာ ပင်နယ်တီကိစ္စမှာ လီဗာပူးနည်းပြဂျာဂင်ကလော့ပ်ကို ပြန်လည်တုံ့ပြန်ပြောကြားလိုက်ပြီး မန်ယူရနေတဲ့ပင်နယ်တီအရေအတွက်နဲ့ပတ်သက်လို့ ညည်းတွားခြင်းအားဖြင့် ဒိုင်တွေအပေါ် လွှမ်းမိုးနိုင်ဖို့ ကြိုးစားနေကြောင်း ပရီးမီးယားလိဂ်ပြိုင်ဘက်တွေကိုလည်း စွပ်စွဲလိုက်ပါတယ်။

အန်ဖီးလ်မှာ သူရှိတဲ့ ၅ နှစ်ခွဲကြာထက် လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာ ဆိုးလ်ရှားလက်ထက် မန်ယူဟာ ပင်နယ်တီပိုရခဲ့ကြောင်း ဆောက်သမ်တန်ကိုရှုံးခဲ့တဲ့ပွဲအပြီးမှာ ကလော့ပ်က ရည်ရွယ်ပြောကြားလိုက်တာပါ။

တကယ်တော့ ဆိုးလ်ရှားလက်ထက်မန်ယူဟာ ပရီးမီးယားလိဂ်မှာ ပင်နယ်တီ ၂၇ ကြိမ်ရခဲ့ပြီး ကလော့ပ်လက်ထက်လီဗာပူးက ပရီးမီးယားလိဂ်မှာ ပင်နယ်တီအကြိမ် ၃၀ ရခဲ့တာပါ။

ဒါပေမဲ့ ကလော့ပ်ဟာ မန်ယူရနေတဲ့ပင်နယ်တီအရေအတွက်နဲ့ပတ်သက်ပြီး စိုးရိမ်လေသံထွက်လာတဲ့ နောက်ဆုံးပရီးမီးယားလိဂ်နည်းပြဖြစ်လာပါတယ်။

ပင်နယ်တီနဲ့ပတ်သက်လို့ စပါးနည်းပြမော်ရင်ဟိုဟာ သူ့အသင်းဟောင်းကို ထိုးနှက်ပြောဆိုခဲ့ဖူးပြီး ချဲလ်ဆီးနည်းပြလမ်းပတ်ဟာလည်း မန်ယူကသာ ပင်နယ်တီပိုရနေတဲ့ပုံစံ ပြီးခဲ့တဲ့ရာသီက ဆိုခဲ့ဖူးပါတယ်။

ကလော့ပ်ပြောခဲ့တာနဲ့ပတ်သက်လို့ ဆိုးလ်ရှားကိုမေးတော့ ”ဒါက အချက်အလက်တစ်ခုပဲလေ။ ကျွန်တော့်အဖြေက အဲဒါပဲ ဖြစ်မှာပါ”လို့ ပြုံးပြုံးနဲ့ ပြန်ဖြေခဲ့ပါတယ်။

ဆက်လက်ပြီး ဆိုးလ်ရှားက”သူတို့ ပင်နယ်တီ ဘယ်လောက်ရတယ်ဆိုတာ ကျွန်တော် မသိသလို ရေအတွက်မှာလည်း မဟုတ်ဘူး။ ဒါကြောင့် သူတို့က စိတ်ပူပန်စွာနဲ့ ကျွန်တော်တို့ဘယ်လောက်ရတယ်ဆိုတာ အချိန်ကုန်ခံ ရေတွက်ချင်ရေတွက်နိုင်ပေမယ့် ကျွန်တော်ကတော့ အဲဒီအတွက် အချိန်ကုန်ခံမှာ မဟုတ်ဘူး”လို့ ပြောကြားခဲ့ပါတယ်။

တကယ်လည်း မန်ယူဟာ ပြီးခဲ့တဲ့ရာသီပြိုင်ပွဲအရပ်ရပ်မှာ စုစုပေါင်း ပင်နယ်တီ ၂၂ ကြိမ်ရခဲ့ပြီး လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ဥရောပထိပ်တန်းလိဂ် ၅ ရပ်ထဲမှာ ဘယ်အသင်းထက်မဆို ပိုများခဲ့ပါတယ်။

Zawgyi

ပင္နယ္တီကိစၥမွာ ကေလာ့ပ္ကို ျပန္လည္တုံ႔ျပန္လိုက္တဲ့ ဆိုးလ္ရွား

မန္ယူနည္းျပဆုိးလ္ရွားဟာ ပင္နယ္တီကိစၥမွာ လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္ကို ျပန္လည္တုံ႔ျပန္ေျပာၾကားလိုက္ၿပီး မန္ယူရေနတဲ့ပင္နယ္တီအေရအတြက္နဲ႔ပတ္သက္လုိ႔ ညည္းတြားျခင္းအားျဖင့္ ဒုိင္ေတြအေပၚ လႊမ္းမိုးႏုိင္ဖုိ႔ ႀကိဳးစားေနေၾကာင္း ပရီးမီးယားလိဂ္ၿပိဳင္ဘက္ေတြကိုလည္း စြပ္စြဲလိုက္ပါတယ္။

အန္ဖီးလ္မွာ သူရွိတဲ့ ၅ ႏွစ္ခြဲၾကာထက္ လြန္ခဲ့တဲ့ ၂ ႏွစ္အတြင္းမွာ ဆုိးလ္ရွားလက္ထက္ မန္ယူဟာ ပင္နယ္တီပိုရခဲ့ေၾကာင္း ေဆာက္သမ္တန္ကိုရႈံးခဲ့တဲ့ပြဲအၿပီးမွာ ကေလာ့ပ္က ရည္ရြယ္ေျပာၾကားလုိက္တာပါ။

တကယ္ေတာ့ ဆိုးလ္ရွားလက္ထက္မန္ယူဟာ ပရီးမီးယားလိဂ္မွာ ပင္နယ္တီ ၂၇ ႀကိမ္ရခဲ့ၿပီး ကေလာ့ပ္လက္ထက္လီဗာပူးက ပရီးမီးယားလိဂ္မွာ ပင္နယ္တီအႀကိမ္ ၃၀ ရခဲ့တာပါ။

ဒါေပမဲ့ ကေလာ့ပ္ဟာ မန္ယူရေနတဲ့ပင္နယ္တီအေရအတြက္နဲ႔ပတ္သက္ၿပီး စိုးရိမ္ေလသံထြက္လာတဲ့ ေနာက္ဆုံးပရီးမီးယားလိဂ္နည္းျပျဖစ္လာပါတယ္။

ပင္နယ္တီနဲ႔ပတ္သက္လုိ႔ စပါးနည္းျပေမာ္ရင္ဟိုဟာ သူ႔အသင္းေဟာင္းကို ထိုးႏွက္ေျပာဆုိခဲ့ဖူးၿပီး ခ်ဲလ္ဆီးနည္းျပလမ္းပတ္ဟာလည္း မန္ယူကသာ ပင္နယ္တီပိုရေနတဲ့ပုံစံ ၿပီးခဲ့တဲ့ရာသီက ဆုိခဲ့ဖူးပါတယ္။

ကေလာ့ပ္ေျပာခဲ့တာနဲ႔ပတ္သက္လုိ႔ ဆုိးလ္ရွားကိုေမးေတာ့ ”ဒါက အခ်က္အလက္တစ္ခုပဲေလ။ ကၽြန္ေတာ့္အေျဖက အဲဒါပဲ ျဖစ္မွာပါ”လို႔ ၿပဳံးၿပံဳးနဲ႔ ျပန္ေျဖခဲ့ပါတယ္။

ဆက္လက္ၿပီး ဆုိးလ္ရွားက”သူတို႔ ပင္နယ္တီ ဘယ္ေလာက္ရတယ္ဆုိတာ ကၽြန္ေတာ္ မသိသလုိ ေရအတြက္မွာလည္း မဟုတ္ဘူး။ ဒါေၾကာင့္ သူတုိ႔က စိတ္ပူပန္စြာနဲ႔ ကၽြန္ေတာ္တုိ႔ဘယ္ေလာက္ရတယ္ဆုိတာ အခ်ိန္ကုန္ခံ ေရတြက္ခ်င္ေရတြက္ႏိုင္ေပမယ့္ ကၽြန္ေတာ္ကေတာ့ အဲဒီအတြက္ အခ်ိန္ကုန္ခံမွာ မဟုတ္ဘူး”လုိ႔ ေျပာၾကားခဲ့ပါတယ္။

တကယ္လည္း မန္ယူဟာ ၿပီးခဲ့တဲ့ရာသီၿပိဳင္ပြဲအရပ္ရပ္မွာ စုစုေပါင္း ပင္နယ္တီ ၂၂ ႀကိမ္ရခဲ့ၿပီး လြန္ခဲ့တဲ့ ၅ ႏွစ္အတြင္း ဥေရာပထိပ္တန္းလိဂ္ ၅ ရပ္ထဲမွာ ဘယ္အသင္းထက္မဆုိ ပိုမ်ားခဲ့ပါတယ္။