ပင်နယ်တီကိစ္စမှာ မော်ရင်ဟိုရဲ့ သင်ပေးမှုတွေကို ဖော်ကောင်ဘညွှန့်လုပ်တဲ့ ရက်ရှ်ဖို့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘောလုံးလောကမှာက အခုဆရာတပည့်ဖြစ်ပြီးတည့်နေကြပေမယ့် နောက်ရာသီကျ ပြိုင်ဘက်အသင်းသားဖြစ်ပြီး ဆော်မယ်၊တီးမယ်၊ ဂိုးသွင်းအနိုင်ယူမယ်ဖြစ်ချင် ဖြစ်တာပါ။ တည့်နေတဲ့ အချိန်ကောင်းကြောင်းတွေပြောပြီး ချီးကျူးကြသလို၊ မတည့်တော့ရင် နောက်ကြောင်းတွေဖော်တတ်ကြပါသေးတယ်။ အခုလည်း ရက်ရှ်ဖို့က နည်းပြဟောင်း မော်ရင်ဟိုရဲ့ ပါးရေနပ်ရေရှိအောင်သင်ပေးခဲ့တဲ့ အကြောင်း ဖော်ကောင်လုပ်လာပါတယ်။

ရက်ရှ်ဖို့ဟာ ကြာသပတေးနေ့က Football Writer’s Association 2021 ဆုရခဲ့ပြီးတဲ့ နောက်မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အခုလိုဖြေထားတာပါ။ ”ကျွန်တော်တို့အသင်း ပင်နယ်တီရသင့်သလောက်မရတဲ့ပြဿနာတွေ ရှိခဲ့ဖူးပါတယ်။ မော်ရင်ဟို နည်းပြအဖြစ်တာဝန်ယူတုန်းက ကျွန်တော့်အနေနဲ့ ပင်နယ်တီရသင့်တာ ၅ကြိမ်၊ ၆ကြိမ်လောက်ရှိခဲ့ပါတယ်။ အဲဒီမှာ မော်ရင်ဟိုက “မင်း ပါးရည်နပ်ရည်မရှိဘူးဆိုရင် ပင်နယ်တီရမှာမဟုတ်ဘူး”လို့ ပြောခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကျွန်တော်တို့ ပင်နယ်တီတွေစတင်ရရှိလာပါတော့တယ်”

“ကျွန်တော်တို့က ဘောလုံးဆွဲသွားပြီး ဂိုးသွင်းချင်ကြတာချည်းပါပဲ။ ဒါပေမယ့် ဘောလုံးကို ခြေထောက်ကြားမှာ ထားပြီး ပြေးနေတဲ့ အချိန်မှာတစ်ဖက်ကစားသမားက လာပြီး ဖျက်ထုတ်မှာပဲ။ ဘယ်သူမှတော့ဘောလုံးကို အလုခံချင်မှာ မဟုတ်ပါဘူး။ကျွန်တော်တို့က ဂိုးတွေသွင်းချင် ပြီးတော့ ပြိုင်ဘက်အသင်းတွေက ဂိုးမပေးရဖို့ ကာကွယ်ကြတဲ့အခါ ပင်နယ်တီတွေဖြစ်လာနိုင်ပါတယ်” ဆိုပြီးရက်ရှ်ဖို့က ပြောပါတယ်။

မီဒီယာတွေက ရက်ရှ်ဖို့ကို ယူနိုက်တက်ပင်နယ်တီကန်ရများတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးမေးခွန်း ထုတ်ခဲ့ကြတာဖြစ်ပြီး၊ အခုတလောမှာလည်း ယူနိုက်တက်နဲ့ လီဗာပူးတို့ကြားမှာ ပင်နယ်တီ ဆိုင်ရာသတင်းစာရှင်းလင်းပွဲ လုပ်ရလောက်အောင်ကို ဂယက်တွေထနေပါတယ်။ မော်ရင်ဟိုဟာ ယူနိုက်တက်နည်းပြဘဝမှာ ရက်ရှ်ဖို့ကို အားကိုးရတဲ့ကစားသမားအဖြစ် အသုံးပြုခဲ့သူဖြစ်ပါတယ်။ ပြိုင်ဘက်အသင်းဧရိယာထဲမှာ လှုပ်ရှားနိုင်ပုံနဲ့ ပင်နယ်တီရရှိအောင် ကစားနိုင်ဖို့သင်ကြားပေးခဲ့တာတွေက ဘယ်လိုလဲဆိုတာ မသိရပေမယ့် ရက်ရှ်ဖို့ရဲ့ အခုအဖြေစကားဟာ အတွေးမတတ်ရင် မော်ရင်ဟိုတစ်ယောက် ကလိမ်ဉာဏ် သင်ပေးတဲ့ နည်းပြတစ်ယောက် ဖြစ်သွားနိုင်ပါတယ်။

ယူနိုက်တက် ပင်နယ်တီများများကန်ရတာကို အသင်းအတော်များများက မကျေနပ်ကြပါဘူး။ နည်းပြတွေထဲမှာဆိုရင်လည်း မော်ရင်ဟိုနဲ့ ကလော့ပ်တို့က ဆိုးလ်ရှားဆိုရင် သိပ်ဖဲ့ချင်တာပါ။ ဆိုးလ်ရှားကလည်း လက်ရှိမှာ ယူနိုက်တက်ကို ကိုယ်စားပြုနေတာကြောင့် ခေါင်ထိအကုန် သဘောမျိုးဖြစ်ပြီး စကားစစ်ထိုးပွဲတွေ၊ ချေပတုန့်ပြန်ပြောဆိုတာတွေ မကြာခဏဖြစ်နေတာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပင္နယ္တီကိစၥမွာ ေမာ္ရင္ဟိုရဲ႕ သင္ေပးမႈေတြကို ေဖာ္ေကာင္ဘၫႊန႔္လုပ္တဲ့ ရက္ရွ္ဖို႔

ေဘာလုံးေလာကမွာက အခုဆရာတပည့္ျဖစ္ၿပီးတည့္ေနၾကေပမယ့္ ေနာက္ရာသီက် ၿပိဳင္ဘက္အသင္းသားျဖစ္ၿပီး ေဆာ္မယ္၊တီးမယ္၊ ဂိုးသြင္းအႏိုင္ယူမယ္ျဖစ္ခ်င္ ျဖစ္တာပါ။ တည့္ေနတဲ့ အခ်ိန္ေကာင္းေၾကာင္းေတြေျပာၿပီး ခ်ီးက်ဴးၾကသလို၊ မတည့္ေတာ့ရင္ ေနာက္ေၾကာင္းေတြေဖာ္တတ္ၾကပါေသးတယ္။ အခုလည္း ရက္ရွ္ဖို႔က နည္းျပေဟာင္း ေမာ္ရင္ဟိုရဲ႕ ပါးေရနပ္ေရရွိေအာင္သင္ေပးခဲ့တဲ့ အေၾကာင္း ေဖာ္ေကာင္လုပ္လာပါတယ္။

ရက္ရွ္ဖို႔ဟာ ၾကာသပေတးေန႔က Football Writer’s Association 2021 ဆုရခဲ့ၿပီးတဲ့ ေနာက္မွာ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ အခုလိုေျဖထားတာပါ။ ”ကြၽန္ေတာ္တို႔အသင္း ပင္နယ္တီရသင့္သေလာက္မရတဲ့ျပႆနာေတြ ရွိခဲ့ဖူးပါတယ္။ ေမာ္ရင္ဟို နည္းျပအျဖစ္တာဝန္ယူတုန္းက ကြၽန္ေတာ့္အေနနဲ႔ ပင္နယ္တီရသင့္တာ ၅ႀကိမ္၊ ၆ႀကိမ္ေလာက္ရွိခဲ့ပါတယ္။ အဲဒီမွာ ေမာ္ရင္ဟိုက “မင္း ပါးရည္နပ္ရည္မရွိဘူးဆိုရင္ ပင္နယ္တီရမွာမဟုတ္ဘူး”လို႔ ေျပာခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ ကြၽန္ေတာ္တို႔ ပင္နယ္တီေတြစတင္ရရွိလာပါေတာ့တယ္”

“ကြၽန္ေတာ္တို႔က ေဘာလုံးဆြဲသြားၿပီး ဂိုးသြင္းခ်င္ၾကတာခ်ည္းပါပဲ။ ဒါေပမယ့္ ေဘာလုံးကို ေျခေထာက္ၾကားမွာ ထားၿပီး ေျပးေနတဲ့ အခ်ိန္မွာတစ္ဖက္ကစားသမားက လာၿပီး ဖ်က္ထုတ္မွာပဲ။ ဘယ္သူမွေတာ့ေဘာလုံးကို အလုခံခ်င္မွာ မဟုတ္ပါဘူး။ကြၽန္ေတာ္တို႔က ဂိုးေတြသြင္းခ်င္ ၿပီးေတာ့ ၿပိဳင္ဘက္အသင္းေတြက ဂိုးမေပးရဖို႔ ကာကြယ္ၾကတဲ့အခါ ပင္နယ္တီေတြျဖစ္လာႏိုင္ပါတယ္” ဆိုၿပီးရက္ရွ္ဖို႔က ေျပာပါတယ္။

မီဒီယာေတြက ရက္ရွ္ဖို႔ကို ယူႏိုက္တက္ပင္နယ္တီကန္ရမ်ားတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီးေမးခြန္း ထုတ္ခဲ့ၾကတာျဖစ္ၿပီး၊ အခုတေလာမွာလည္း ယူႏိုက္တက္နဲ႔ လီဗာပူးတို႔ၾကားမွာ ပင္နယ္တီ ဆိုင္ရာသတင္းစာရွင္းလင္းပြဲ လုပ္ရေလာက္ေအာင္ကို ဂယက္ေတြထေနပါတယ္။

ေမာ္ရင္ဟိုဟာ ယူႏိုက္တက္နည္းျပဘဝမွာ ရက္ရွ္ဖို႔ကို အားကိုးရတဲ့ကစားသမားအျဖစ္ အသုံးျပဳခဲ့သူျဖစ္ပါတယ္။ ၿပိဳင္ဘက္အသင္းဧရိယာထဲမွာ လႈပ္ရွားႏိုင္ပုံနဲ႔ ပင္နယ္တီရရွိေအာင္ ကစားႏိုင္ဖို႔သင္ၾကားေပးခဲ့တာ​ေတြက ဘယ္လိုလဲဆိုတာ မသိရ​ေပမယ့္ ရက္ရွ္ဖို႔ရဲ႕ အခုအ​ေျဖစကားဟာ အ​ေတြးမတတ္ရင္ ​ေမာ္ရင္ဟိုတစ္​ေယာက္ ကလိမ္ဥာဏ္ သင္​ေပးတဲ့ နည္းျပတစ္​ေယာက္ ျဖစ္သြားႏိုင္ပါတယ္။

ယူႏိုက္တက္ ပင္နယ္တီမ်ားမ်ားကန္ရတာကို အသင္းအ​ေတာ္မ်ားမ်ားက မ​ေက်နပ္ၾကပါဘူး။ နည္းျပ​ေတြထဲမွာဆိုရင္လည္း ​ေမာ္ရင္ဟိုနဲ႔ က​ေလာ့ပ္တို႔က ဆိုးလ္ရွားဆိုရင္ သိပ္ဖဲ့ခ်င္တာပါ။ ဆိုးလ္ရွားကလည္း လက္ရွိမွာ ယူႏိုက္တက္ကို ကိုယ္စားျပဳ​ေနတာ​ေၾကာင့္ ​ေခါင္ထိအကုန္ သ​ေဘာမ်ိဳးျဖစ္ၿပီး စကားစစ္ထိုးပြဲ​ေတြ၊ ​ေခ်ပတုန္႔ျပန္​ေျပာဆိုတာ​ေတြ မၾကာခဏျဖစ္​ေနတာပါ။