ပင်နယ်တီမှတ်တမ်းနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေကို စိတ်မဝင်စားဘူးလို့ ဖာနန်ဒက်စ် တုံ့ပြန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ပင်နယ်တီမှတ်တမ်းနဲ့ပတ်သက်ပြီး လူတွေပြောနေတာကို ဂရုမစိုက်ဘူးလို့ ပြောကြားလိုက်ပြီး ပင်နယ်တီနေက ဂိုးတွေဆက်သွင်းသွားမယ်လို့ ဆိုခဲ့ပါတယ်။

ပေါ်တူဂီသားဟာ လွန်ခဲ့တဲ့ ၁ နှစ်က စပို့တင်းကနေ ယူနိုက်တက်ကိုရောက်လာပြီးနောက် ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပြီး ဆိုးလ်ရှားလူစာရင်းမှာ အမြဲတမ်းလိုပါဝင်ခွင့်ရနေတာဖြစ်ပါတယ်။

ဖာနန်ဒက်စ်ဟာ ဒီရာသီယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၁၅ ဂိုးသွင်း ၊ ၉ ဂိုးဖန်တီးထားနိုင်ခဲ့ပေမယ့် အဆိုပါဂိုးတွေထဲက ၇ ဂိုးက ပင်နယ်တီနေ ဖြစ်နေတာကြောင့် ဝေဖန်ခံနရပါတယ်။

ဒါပေမဲ့ ဖာနန်ဒက်စ်ကတော့ ပင်နယ်တီနဲ့ပတ်သက်ပြီး လူတွေရဲ့ဝေဖန်မှုကို ဂရုမစိုက်ဘူးလို့ ပြောကြားလိုက်ပါတယ်။

“ကျွန်တော်ဘာမှမကြားချင်သလို ဂရုလည်းမစိုက်ပါဘူး။ လူတွေကတော့ သူတို့ထင်မြင်ချက်တွေကို အမြဲပြောနေကြမှာပါ။ ကျွန်တော်ကတော့ အသင်းအတွက်ပဲ အာရုံစိုက်ထားပါတယ်။

တကယ်လို့နောက်ပိုင်းမှာ ပင်နယ်တီတွေထပ်ရလာမယ်ဆိုရင်လည်း ဆက်ကန်သွားဦးမှာပါ။ တစ်နေ့က စတာလင်တစ်ယောက် ပင်နယ်တီ ၃ ကြိမ်အထိ လွဲတယ်ဆိုတဲ့သတင်းတွေကို တွေ့လိုက်ရပါတယ်။

မှန်ပါတယ် ပင်နယ်တီဝင်အောင်ကန်ဖို့ဆိုတာ မလွယ်ပါဘူး။ အဲ့လိုပြောလို့ စတာလင်က ပင်နယ်တီဆရာတစ်ဆူမဟုတ်ဘူးလို့ မဆိုလိုပါဘူး။ ဒါပေမဲ့ တစ်ခါတလေမှာ ပင်နယ်တီဝင်အောင်ကန်ဖို့ဆိုတာ မလွယ်ပါဘူး”လို့ ဖာနန်ဒက်စ်က ပြောကြားခဲ့ပါတယ်။

ဖာနန်ဒက်စ်ကတော့ ယူနိုက်တက်ကိုရောက်လာပြီးနောက် ခြေစွမ်းကောင်းတွေဆက်တိုက်ပြသနေပြီး တစ်လတာအကောာင်းဆုံးဆုကို ၄ ကြိမ်အထိ ရယူနိုင်ခဲ့ပါတယ်။

“ကျွန်တော်နေ့တိုင်းပိုကောင်းလာအောင် လုပ်ဆောင်နေပါတယ်။ လေ့ကျင့်ခန်းအစီအစဉ်မှာလည်း ပိုကောင်းအောင်လုပ်ဆောင်ပါတယ်”လို့ ဖာနန်ဒက်စ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဖာနန်ဒက်စ်ကတော့ တနဂ်နွေနေ့မှာရင်ဆိုင်ရမယ့် လီဗာပူးနဲ့ပွဲမှာ အနိုင်ကန်ဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

ယူနိုက်တက်ဟာ ဘန်လေကိုအနိုင်ရရှိပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးကိုတက်ရောက်နိုင်ခဲ့သလို လီဗာပူးကိုအနိုင်ရရှိပါက ၆ မှတ်အထိ ဖြတ်ထားနိုင်မှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပင္နယ္တီမွတ္တမ္းနဲ႔ပတ္သက္ျပီး ေ၀ဖန္မႈေတြကို စိတ္မ၀င္စားဘူးလို႔ ဖာနန္ဒက္စ္ တံု႔ျပန္

ယူႏိုက္တက္ကြင္းလယ္လူ ဘရူႏိုဖာနန္ဒက္စ္က ပင္နယ္တီမွတ္တမ္းနဲ႔ပတ္သက္ျပီး လူေတြေျပာေနတာကို ဂရုမစိုက္ဘူးလို႔ ေျပာၾကားလိုက္ျပီး ပင္နယ္တီေနက ဂိုးေတြဆက္သြင္းသြားမယ္လုိ႔ ဆုိခဲ့ပါတယ္။ ေပၚတူဂီသားဟာ လြန္ခဲ့တဲ့ ၁ ႏွစ္က စပို႔တင္းကေန ယူႏုိက္တက္ကိုေရာက္လာျပီးေနာက္ ေျခစြမ္းေကာင္းေတြျပသႏိုင္ခဲ့ျပီး ဆိုးလ္ရွားလူစာရင္းမွာ အျမဲတမ္းလိုပါ၀င္ခြင့္ရေနတာျဖစ္ပါတယ္။ ဖာနန္ဒက္စ္ဟာ ဒီရာသီယူႏိုက္တက္အသင္းအတြက္ ျပိဳင္ပြဲစံု ၁၅ ဂိုးသြင္း ၊ ၉ ဂိုးဖန္တီးထားႏုိင္ခဲ့ေပမယ့္ အဆိုပါဂိုးေတြထဲက ၇ ဂိုးက ပင္နယ္တီေန ျဖစ္ေနတာေၾကာင့္ ေ၀ဖန္ခံနရပါတယ္။ ဒါေပမဲ့ ဖာနန္ဒက္စ္ကေတာ့ ပင္နယ္တီနဲ႔ပတ္သက္ျပီး လူေတြရဲ႕ေ၀ဖန္မႈကို ဂရုမစိုက္ဘူးလို႔ ေျပာၾကားလို္က္ပါတယ္။

“ကြ်န္ေတာ္ဘာမွမၾကားခ်င္သလို ဂရုလည္းမစိုက္ပါဘူး။ လူေတြကေတာ့ သူတို႔ထင္ျမင္ခ်က္ေတြကို အျမဲေျပာေနၾကမွာပါ။ ကြ်န္ေတာ္ကေတာ့ အသင္းအတြက္ပဲ အာရံုစိုက္ထားပါတယ္။ တကယ္လုိ႔ေနာက္ပိုင္းမွာ ပင္နယ္တီေတြထပ္ရလာမယ္ဆိုရင္လည္း ဆက္ကန္သြားဦးမွာပါ။ တစ္ေန႔က စတာလင္တစ္ေယာက္ ပင္နယ္တီ ၃ ၾကိမ္အထိ လြဲတယ္ဆိုတဲ့သတင္းေတြကို ေတြ႕လိုက္ရပါတယ္။ မွန္ပါတယ္ ပင္နယ္တီ၀င္ေအာင္ကန္ဖို႔ဆိုတာ မလြယ္ပါဘူး။ အဲ့လုိေျပာလို႔ စတာလင္က ပင္နယ္တီဆရာတစ္ဆူမဟုတ္ဘူးလို႔ မဆိုလိုပါဘူး။ ဒါေပမဲ့ တစ္ခါတေလမွာ ပင္နယ္တီ၀င္ေအာင္ကန္ဖို႔ဆိုတာ မလြယ္ပါဘူး”လို႔ ဖာနန္ဒက္စ္က ေျပာၾကားခဲ့ပါတယ္။

ဖာနန္ဒက္စ္ကေတာ့ ယူႏုိက္တက္ကိုေရာက္လာျပီးေနာက္ ေျခစြမ္းေကာင္းေတြဆက္တိုက္ျပသေနျပီး တစ္လတာအေကာာင္းဆံုးဆုကို ၄ ၾကိမ္အထိ ရယူႏုိင္ခဲ့ပါတယ္။ “ကြ်န္ေတာ္ေန႔တိုင္းပိုေကာင္းလာေအာင္ လုပ္ေဆာင္ေနပါတယ္။ ေလ့က်င့္ခန္းအစီအစဥ္မွာလည္း ပိုေကာင္းေအာင္လုပ္ေဆာင္ပါတယ္”လို႔ ဖာနန္ဒက္စ္က ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။ ဖာနန္ဒက္စ္ကေတာ့ တနဂ္ေႏြေန႔မွာရင္ဆုိင္ရမယ့္ လီဗာပူးနဲ႔ပြဲမွာ အႏိုင္ကန္ဖို႔ တိုက္တြန္းေျပာၾကားလိုက္ပါတယ္။ ယူႏုိက္တက္ဟာ ဘန္ေလကိုအႏိုင္ရရွိျပီးေနာက္ အမွတ္ေပးဇယားထိပ္ဆံုးကိုတက္ေရာက္ႏုိင္ခဲ့သလို လီဗာပူးကိုအႏုိင္ရရွိပါက ၆ မွတ္အထိ ျဖတ္ထားႏိုင္မွာျဖစ္ပါတယ္။