ပင်နယ်တီရနည်း သင်ပေးခဲ့တယ်ဆိုတဲ့ ရက်ရှ်ဖို့ဒ်ရဲ့ပြောကြားချက်ကို တုံ့ပြန်လိုက်တဲ့ မော်ရင်ဟို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

တော့တင်ဟမ်နည်းပြ မော်ရင်ဟိုက ဒီရာသီယူနိုက်တက်ပင်နယ်တီအများကြီးရရှိနေတာ သူနဲ့မဆိုင်ဘူးလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က မကြာသေးခင်က ပင်နယ်တီရရှိအောင် ပါးနပ်စွာကစားဖု့ိ မော်ရင်ဟိုက သင်ကြားပြသပေးခဲ့တာလို့ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

“မော်ရင်ဟိုယူနိုက်တက်နည်းပြဖြစ်တုန်းက ကျွန်တော့်ကို ပင်နယ်တီနဲ့ပတ်သက်ပြီး ပါးပါးနပ်နပ်ကစားဖို့ အကြံပေးခဲ့ပါတယ်။

သူ့အကြံပေးမှုက အလုပ်ဖြစ်ခဲ့ပြီး အဆင်ပြေလာခဲ့ပါတယ်”လို့ ရက်ရှ်ဖို့ဒ်က ပြောကြားခဲ့ပါတယ်။

မော်ရင်ဟိုကတော့ ရက်ရှ်ဖို့ဒ်ရဲ့ပြောကြားချက်ကို ရှက်ဖီးလ်နဲ့ပွဲမတိုင်ခင်မှာ ပြန်လည်တုံ့ပြန်ပြောကြားခဲ့တာဖြစ်ပါတယ်။

တော့တင်ဟမ်နည်းပြကတော့ ပင်နယ်တီမှတ်တမ်းနဲ့ပတ်သက်ပြီး သိချင်တယ်ဆိုရင် အချက်အလက်တွေဖော်ပြတဲ့ ဝက်ဘ်ဆိုက်မှာအကုန်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

“လီဗာပူး နဲ့ ယူနိုက်တက်တို့က ပွဲကြီးပွဲကောင်းပါ။ ၂ သင်းစလုံးပရိသတ်အများဆုံးအားပေးတဲ့အသင်းတွေပါ။ ပင်နယ်တီနဲ့ပတ်သက်ပြီး ရေးချင်တယ်ဆိုရင် Opta / Status တို့ကို သွားလိုက်ပါတယ်။

ကျွန်တော့်လက်အောက်မှာ ယူနိုက်တက် ပင်နယ်တီရတဲ့အကြိမ်ရေ နည်းပါတယ်”လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။ အချက်အလက်တွေအရ ယူနိုက်တက်ဟာ ၂၀၁၆ – ၁၇ ရာသီ မော်ရင်ဟိုလက်အောက်မှာ ပြိုင်ပွဲစုံပင်နယ်တီ ၇ ကြိမ်သာရရှိခဲ့တာဖြစ်ပါတယ်။

အဲ့နောက် ၂၀၁၈ – ၁၉ ရာသီမှာ ယူနိုက်တက်ဟာ ၂၄ ပွဲမှာ ပင်နယ်တီ ၆ ကြိမ်အထိရှိလာသလို ဆိုးလ်ရှားလက်အောက် ၂၉ ပွဲမှာ ပင်နယ်တီ ၉ ကြိမ်အထိ တိုးတက်လာခဲ့ပါတယ်။

ဒီရာသီမှာတော့ ယူနိုက်တက်ဟာ ပင်နယ်တီရရှိတဲ့အကြိမ်အရေအတွက် များပြားလာခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်တော့ ဒီရာသီပြိုင်ပွဲစုံ ပင်နယ်တီ ၁၁ ကြိမ်အထိ ရှိလာခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပင္နယ္တီရနည္း သင္ေပးခဲ့တယ္ဆုိတဲ့ ရက္ရွ္ဖို႔ဒ္ရဲ႕ေျပာၾကားခ်က္ကို တံု႔ျပန္လိုက္တဲ့ ေမာ္ရင္ဟို

ေတာ့တင္ဟမ္နည္းျပ ေမာ္ရင္ဟိုက ဒီရာသီယူႏုိက္တက္ပင္နယ္တီအမ်ားၾကီးရရွိေနတာ သူနဲ႔မဆိုင္ဘူးလို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ယူႏိုက္တက္တိုက္စစ္မွဴး ရက္ရွ္ဖို႔ဒ္က မၾကာေသးခင္က ပင္နယ္တီရရွိေအာင္ ပါးနပ္စြာကစားဖု႔ိ ေမာ္ရင္ဟိုက သင္ၾကားျပသေပးခဲ့တာလို႔ ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။ “ေမာ္ရင္ဟိုယူႏုိက္တက္နည္းျပျဖစ္တုန္းက ကြ်န္ေတာ့္ကို ပင္နယ္တီနဲ႔ပတ္သက္ျပီး ပါးပါးနပ္နပ္ကစားဖို႔ အၾကံေပးခဲ့ပါတယ္။ သူ႕အၾကံေပးမႈက အလုပ္ျဖစ္ခဲ့ျပီး အဆင္ေျပလာခဲ့ပါတယ္”လို႔ ရက္ရွ္ဖို႔ဒ္က ေျပာၾကားခဲ့ပါတယ္။

ေမာ္ရင္ဟိုကေတာ့ ရက္ရွ္ဖုိ႔ဒ္ရဲ႕ေျပာၾကားခ်က္ကို ရွက္ဖီးလ္နဲ႔ပြဲမတိုင္ခင္မွာ ျပန္လည္တုံ႔ျပန္ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ေတာ့တင္ဟမ္နည္းျပကေတာ့ ပင္နယ္တီမွတ္တမ္းနဲ႔ပတ္သက္ျပီး သိခ်င္တယ္ဆုိရင္ အခ်က္အလက္ေတြေဖာ္ျပတဲ့ ၀က္ဘ္ဆိုက္မွာအကုန္ရွိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ “လီဗာပူး နဲ႔ ယူႏုိက္တက္တို႔က ပြဲၾကီးပြဲေကာင္းပါ။ ၂ သင္းစလံုးပရိသတ္အမ်ားဆံုးအားေပးတဲ့အသင္းေတြပါ။ ပင္နယ္တီနဲ႔ပတ္သက္ျပီး ေရးခ်င္တယ္ဆိုရင္ Opta / Status တို႔ကို သြားလိုက္ပါတယ္။ကြ်န္ေတာ့္လက္ေအာက္မွာ ယူႏိုက္တက္ ပင္နယ္တီရတဲ့အၾကိမ္ေရ နည္းပါတယ္”လို႔ ေမာ္ရင္ဟိုက ေျပာၾကားခဲ့ပါတယ္။

အခ်က္အလက္ေတြအရ ယူႏိုက္တက္ဟာ ၂၀၁၆ – ၁၇ ရာသီ ေမာ္ရင္ဟိုလက္ေအာက္မွာ ျပိဳင္ပြဲစံုပင္နယ္တီ ၇ ၾကိမ္သာရရွိခဲ့တာျဖစ္ပါတယ္။ အဲ့ေနာက္ ၂၀၁၈ – ၁၉ ရာသီမွာ ယူႏုိက္တက္ဟာ ၂၄ ပြဲမွာ ပင္နယ္တီ ၆ ၾကိမ္အထိရွိလာသလို ဆိုးလ္ရွားလက္ေအာက္ ၂၉ ပြဲမွာ ပင္နယ္တီ ၉ ၾကိမ္အထိ တုိးတက္လာခဲ့ပါတယ္။ ဒီရာသီမွာေတာ့ ယူႏုိက္တက္ဟာ ပင္နယ္တီရရွိတဲ့အၾကိမ္အေရအတြက္ မ်ားျပားလာခဲ့တာျဖစ္ပါတယ္။ ယူႏိုက္တက္ေတာ့ ဒီရာသီျပိဳင္ပြဲစံု ပင္နယ္တီ ၁၁ ၾကိ္မ္အထိ ရွိလာခဲ့ပါတယ္။