ပင်နယ်တီသွင်းနိုင်တာကို ဖိုင်နယ်ပွဲမှာ ဂိုးသွင်းခဲ့တယ်လို့ ထင်မှတ်ခဲ့တာလား ရော်နယ်ဒို

ယူရိုပွဲစဉ် ကစားတဲ့ အချိန် ရော်နယ်ဒိုအတွက် နာမည်ပြောင်တစ်မျိုးထွက်ခဲ့ပါတယ်။

ဒါကတော့ ပင်နယ်ဒိုဆိုပြီး ခေါ်ကြတာပါ။

လက်ရှိယူရိုပြိုင်ပွဲမှာ ရော်နယ်ဒိုက ငါးဂိုးအထိသွင်းယူထားရာမှာ ၃ ဂိုးက ပင်နယ်တီသွင်းဂိုးတွေအဖြစ်ပါဝင်နေပါတယ်။

ပင်နယ်ဒိုလို့ခေါ်တာ တချို့ပရိသတ်တွေက မကြိုက်ကြပါဘူး။ တကယ်တော့ ရော်နယ်ဒိုဟာ ပင်နယ်တီမှမဟုတ် တခြားသွင်းဂိုးတွေလည်း ကျွမ်းကျင်သူဆိုတာ အားလုံးသိကြပါတယ်။

ပေါ်တူဂီနဲ့ ဟန်ဂေရီတို့ တွေ့ဆုံခဲ့ကြတဲ့ အုပ်စုပွဲစဉ်မှာ ရော်နယ်ဒိုရဲ့ အောင်ပွဲခံဟန်နဲ့ ပတ်သက်ပြီး ဟန်ဂေရီနည်းပြမာကိုရော့စီက ဝေဖန်ပြောဆိုထားပါတယ်။

အဲဒီပွဲတုန်းက ဟန်ဂေရီကို မိနစ် ၈၀ အထိ ဂိုးမသွင်းနိုင်ခဲ့တဲ့ ပေါ်တူဂီဟာ ရော်နယ်ဒိုရဲ့ သွင်းဂိုးနှစ်ဂိုးအပါအဝင် ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ပင်နယ်တီကတစ်ဆင့် ရော်နယ်ဒိုက တစ်ဂိုးသွင်းယူခဲ့ပြီး ဂိုးသွင်းနိုင်ခဲ့ပြီး အောင်ပွဲခံခဲ့ရာမှာ ဗိုလ်လုပွဲတစ်ပွဲမှာ ဂိုးသွင်းနိုင်သလိုမျိုး အောင်ပွဲခံခဲ့တယ်လို့ ရော့စီက ဝေဖန်ပြောဆိုခဲ့တာပါ။

“ရော်နယ်ဒိုက ကြီးကျယ်ခမ်းနားတဲ့ ချန်ပီယံတစ်ဦးပါ။

ဒါပေမယ့် စိတ်ပျက်စရာကောင်းတဲ့ ကစားသမားဖြစ်နေပါတယ်။

ကျွန်တော်တို့နဲ့ ကစားခဲ့တဲ့ပွဲမှာ ပင်နယ်တီကနေ ဂိုးသွင်းပြီးတော့ သူက ဗိုလ်လုပွဲမှာ ဂိုးသွင်းသလိုမျိုးအောင်ပွဲခံနေခဲ့တယ်” လို့ ရော့စီက ပြောဆိုခဲ့ပါတယ်။

ပေါ်တူဂီက ၁၆ သင်းအဆင့်မှာ ဘယ်လ်ဂျီယံနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဟန်ဂေရီကတော့ အုပ်စုအဆင့်ကနေပဲ လက်ပြနှုတ်ဆက် ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။

ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ အုပ်စုပွဲတိုင်းဂိုးသွင်းခဲ့ပြီး လက်ရှိမှာ ၅ ဂိုးအထိ သွင်းကာ အလီဒါယေးရဲ့ စံချိန်ကို လိုက်မီသွားခဲ့ပါပြီ။

ယူရိုပွဲမှာ ရော်နယ်ဒိုက ရွှေဖိနပ်ဆုရရှိဖို့အတွက် ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

အသက် ၃၆ နှစ်အရွယ် ကစားသမားရဲ့ စွမ်းရည်တွေ ဘယ်လောက်ထိကောင်းပြနေမလဲ ဆိုတာ ဆက်လက်အားပေးကြရအောင်ပါ။

Zawgyi

ပင္နယ္တီသြင္းႏိုင္တာကို ဖိုင္နယ္ပြဲမွာ ဂိုးသြင္းခဲ့တယ္လို႔ ထင္မွတ္ခဲ့တာလား ေရာ္နယ္ဒို

ယူ႐ိုပြဲစဥ္ ကစားတဲ့ အခ်ိန္ ေရာ္နယ္ဒိုအတြက္ နာမည္ေျပာင္တစ္မ်ိဳးထြက္ခဲ့ပါတယ္။ ဒါကေတာ့ ပင္နယ္ဒိုဆိုၿပီး ေခၚၾကတာပါ။ လက္ရွိယူ႐ိုၿပိဳင္ပြဲမွာ ေရာ္နယ္ဒိုက ငါးဂိုးအထိသြင္းယူထားရာမွာ ၃ ဂိုးက ပင္နယ္တီသြင္းဂိုးေတြအျဖစ္ပါဝင္ေနပါတယ္။

ပင္နယ္ဒိုလို႔ေခၚတာ တခ်ိဳ႕ပရိသတ္ေတြက မႀကိဳက္ၾကပါဘူး။ တကယ္ေတာ့ ေရာ္နယ္ဒိုဟာ ပင္နယ္တီမွမဟုတ္ တျခားသြင္းဂိုးေတြလည္း ကြၽမ္းက်င္သူဆိုတာ အားလုံးသိၾကပါတယ္။ ေပၚတူဂီနဲ႔ ဟန္ေဂရီတို႔ ေတြ႕ဆုံခဲ့ၾကတဲ့ အုပ္စုပြဲစဥ္မွာ ေရာ္နယ္ဒိုရဲ႕ ေအာင္ပြဲခံဟန္နဲ႔ ပတ္သက္ၿပီး ဟန္ေဂရီနည္းျပမာကိုေရာ့စီက ေဝဖန္ေျပာဆိုထားပါတယ္။ အဲဒီပြဲတုန္းက ဟန္ေဂရီကို မိနစ္ ၈၀ အထိ ဂိုးမသြင္းႏိုင္ခဲ့တဲ့ ေပၚတူဂီဟာ ေရာ္နယ္ဒိုရဲ႕ သြင္းဂိုးႏွစ္ဂိုးအပါအဝင္ ၃ ဂိုးျပတ္နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။

ပင္နယ္တီကတစ္ဆင့္ ေရာ္နယ္ဒိုက တစ္ဂိုးသြင္းယူခဲ့ၿပီး ဂိုးသြင္းႏိုင္ခဲ့ၿပီး ေအာင္ပြဲခံခဲ့ရာမွာ ဗိုလ္လုပြဲတစ္ပြဲမွာ ဂိုးသြင္းႏိုင္သလိုမ်ိဳး ေအာင္ပြဲခံခဲ့တယ္လို႔ ေရာ့စီက ေဝဖန္ေျပာဆိုခဲ့တာပါ။

“ေရာ္နယ္ဒိုက ႀကီးက်ယ္ခမ္းနားတဲ့ ခ်န္ပီယံတစ္ဦးပါ။ ဒါေပမယ့္ စိတ္ပ်က္စရာေကာင္းတဲ့ ကစားသမားျဖစ္ေနပါတယ္။ ကြၽန္ေတာ္တို႔နဲ႔ ကစားခဲ့တဲ့ပြဲမွာ ပင္နယ္တီကေန ဂိုးသြင္းၿပီးေတာ့ သူက ဗိုလ္လုပြဲမွာ ဂိုးသြင္းသလိုမ်ိဳးေအာင္ပြဲခံေနခဲ့တယ္” လို႔ ေရာ့စီက ေျပာဆိုခဲ့ပါတယ္။

ေပၚတူဂီက ၁၆ သင္းအဆင့္မွာ ဘယ္လ္ဂ်ီယံနဲ႔ ရင္ဆိုင္ရမွာျဖစ္ၿပီး ဟန္ေဂရီကေတာ့ အုပ္စုအဆင့္ကေနပဲ လက္ျပႏႈတ္ဆက္ ထြက္ခြာခဲ့ရၿပီျဖစ္ပါတယ္။ ေပၚတူဂီအသင္းေခါင္းေဆာင္ဟာ အုပ္စုပြဲတိုင္းဂိုးသြင္းခဲ့ၿပီး လက္ရွိမွာ ၅ ဂိုးအထိ သြင္းကာ အလီဒါေယးရဲ႕ စံခ်ိန္ကို လိုက္မီသြားခဲ့ပါၿပီ။

ယူ႐ိုပြဲမွာ ​ေရာ္နယ္ဒိုက ေ႐ႊဖိနပ္ဆုရရွိဖို႔အတြက္ ေရပန္းအစားဆုံး ျဖစ္​ေနပါတယ္။ အသက္ ၃၆ ႏွစ္အ႐ြယ္ ကစားသမားရဲ႕ စြမ္းရည္​ေတြ ဘယ္​ေလာက္ထိ​ေကာင္းျပ​ေနမလဲ ဆိုတာ ဆက္လက္အား​ေပးၾကရ​ေအာင္ပါ။