
မကြာခင်ကုန်ဆုံးတော့မယ့် မတ်လဟာ စပါးနဲ့အင်္ဂလန်တိုက်စစ်မှုးဟယ်ရီကိန်းအတွက်
လာခြင်းကောင်းသောလ ဖြစ်နေဆဲပါပဲ။
ဒီလထဲမှာပဲ သူဟာ ဂိုးသွင်းစံချိန်တွေ တစ်ခုပြီးတစ်ခု တင်နိုင်နေတာဖြစ်ပါတယ်။
စနေညက ကစားသွားခဲ့တဲ့ အင်္ဂလန်ရဲ့ခြေစမ်းပွဲမှာလည်း
ဟယ်ရီကိန်းဟာ ပင်နယ်တီအနိုင်ဂိုးသွင်းပြီး ဂိုးသွင်းစံချိန်တစ်ခု ရခဲ့ပြန်တာပါ။
အဲဒီပွဲမှာ အင်္ဂလန်ဟာ အကောင်းဆုံးပုံစံမရှိခဲ့ပေမယ့်
ဆွစ်ဇာလန်ကို ရှုံးနေရာကနေ ပြန်နိုင်ခဲ့တာပါ။
၇၈ မိနစ်မှာ အင်္ဂလန်ပင်နယ်တီရတော့ ဟယ်ရီကိန်းက အနိုင်ဂိုးအဖြစ်
ပြောင်းလဲနိုင်ခဲ့တာဖြစ်ကာ အဲဒီဂိုးနဲ့ပဲ သူဟာ အင်္ဂလန်အသင်းသမိုင်းမှာ
ပူးတွဲဒုတိယဂိုးသွင်းအများဆုံးသူဖြစ်လာခဲ့ပတယ်။
အဲဒီစပါးတိုက်စစ်မှုးဟာ စုစုပေါင်း ၄၉ ဂိုးနဲ့
ဂန္ထဝင်ဟောင်းဆာဘော်ဘီချာလ်တန်ရဲ့စံချိန်ကို လိုက်မီခဲ့တာပါ။
သူတို့အထက်မှာ ဝိန်းရွန်နီတစ်ယောက်သာရှိတော့ပြီး
အဲဒီမန်ယူတိုက်စစ်မှုးဟောင်းဟာ ၅၃ ဂိုးနဲ့
အင်္ဂလန်သမိုင်းတစ်လျှောက် ထိပ်တန်းဂိုးသွင်းရှင်ဖြစ်နေတာပါ။
ဒါကြောင့် ဟယ်ရီကိန်ဟာ ရွန်နီနဲ့ ၄ ဂိုးသာကွာတော့ပြီး
သူ့အသက်က ၂၈ နှစ်သာရှိသေးတာကြောင့် အနှေးနဲ့အမြန်ဆိုသလိုပဲ
အဲဒီမန်ယူဂန္ထဝင်ဟောင်းရဲ့စံချိန်ကို ကျော်ဖြတ်နိုင်တော့မှာ ဖြစ်ပါတယ်။
ဟယ်ရီကိန်းက ၆၈ ပွဲတည်းနဲ့ ၄၉ ဂိုးရခဲ့တာဖြစ်ပြီး
ရွန်နီကတော့ အင်္ဂလန်အတွက် ပွဲ ၁၂၀ မှာမှ ၅၃ ဂိုးသွင်းနိုင်ခဲ့တာပါ။
ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့အပတ်ကလည်း ရွန်နီရဲ့စံချိန်ကိုချိုးဖျက်ပြီး
ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဝေးကွင်းဂိုးအများဆုံးသွင်းသူဖြစ်လာခဲ့ကာ
အဲဒီအရင်ကလည်း ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းသူစာရင်းမှာ ဟင်နရီကို ကျော်ဖြတ်ခဲ့ပါတယ်။
zawgyi
ပင္နယ္တီအႏိုင္ဂိုးသြင္းၿပီး ဂိုးသြင္းစံခ်ိန္ေတြ တစ္ခုၿပီးတစ္ခု တင္ႏိုင္ေနတဲ့ ကိန္း
မၾကာခင္ကုန္ဆုံးေတာ့မယ့္ မတ္လဟာ စပါးနဲ႔အဂၤလန္တိုက္စစ္မႈးဟယ္ရီကိန္းအတြက္
လာျခင္းေကာင္းေသာလ ျဖစ္ေနဆဲပါပဲ။
ဒီလထဲမွာပဲ သူဟာ ဂိုးသြင္းစံခ်ိန္ေတြ တစ္ခုၿပီးတစ္ခု တင္ႏိုင္ေနတာျဖစ္ပါတယ္။
စေနညက ကစားသြားခဲ့တဲ့ အဂၤလန္ရဲ႕ေျခစမ္းပြဲမွာလည္း
ဟယ္ရီကိန္းဟာ ပင္နယ္တီအႏိုင္ဂိုးသြင္းၿပီး ဂိုးသြင္းစံခ်ိန္တစ္ခု ရခဲ့ျပန္တာပါ။
အဲဒီပြဲမွာ အဂၤလန္ဟာ အေကာင္းဆုံးပုံစံမရွိခဲ့ေပမယ့္
ဆြစ္ဇာလန္ကို ရႈံးေနရာကေန ျပန္ႏိုင္ခဲ့တာပါ။
၇၈ မိနစ္မွာ အဂၤလန္ပင္နယ္တီရေတာ့ ဟယ္ရီကိန္းက အႏိုင္ဂိုးအျဖစ္
ေျပာင္းလဲႏိုင္ခဲ့တာျဖစ္ကာ အဲဒီဂိုးနဲ႔ပဲ သူဟာ အဂၤလန္အသင္းသမိုင္းမွာ
ပူးတြဲဒုတိယဂိုးသြင္းအမ်ားဆုံးသူျဖစ္လာခဲ့ပတယ္။
အဲဒီစပါးတိုက္စစ္မႈးဟာ စုစုေပါင္း ၄၉ ဂိုးနဲ႔
ဂႏၴဝင္ေဟာင္းဆာေဘာ္ဘီခ်ာလ္တန္ရဲ႕စံခ်ိန္ကို လိုက္မီခဲ့တာပါ။
သူတို႔အထက္မွာ ဝိန္း႐ြန္နီတစ္ေယာက္သာရွိေတာ့ၿပီး
အဲဒီမန္ယူတိုက္စစ္မႈးေဟာင္းဟာ ၅၃ ဂိုးနဲ႔
အဂၤလန္သမိုင္းတစ္ေလွ်ာက္ ထိပ္တန္းဂိုးသြင္းရွင္ျဖစ္ေနတာပါ။
ဒါေၾကာင့္ ဟယ္ရီကိန္ဟာ ႐ြန္နီနဲ႔ ၄ ဂိုးသာကြာေတာ့ၿပီး
သူ႔အသက္က ၂၈ ႏွစ္သာရွိေသးတာေၾကာင့္ အေႏွးနဲ႔အျမန္ဆိုသလိုပဲ
အဲဒီမန္ယူဂႏၴဝင္ေဟာင္းရဲ႕စံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။
ဟယ္ရီကိန္းက ၆၈ ပြဲတည္းနဲ႔ ၄၉ ဂိုးရခဲ့တာျဖစ္ၿပီး
႐ြန္နီကေတာ့ အဂၤလန္အတြက္ ပြဲ ၁၂၀ မွာမွ ၅၃ ဂိုးသြင္းႏိုင္ခဲ့တာပါ။
ဟယ္ရီကိန္းဟာ ၿပီးခဲ့တဲ့အပတ္ကလည္း ႐ြန္နီရဲ႕စံခ်ိန္ကိုခ်ိဳးဖ်က္ၿပီး
ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ အေဝးကြင္းဂိုးအမ်ားဆုံးသြင္းသူျဖစ္လာခဲ့ကာ
အဲဒီအရင္ကလည္း ပရီးမီးယားလိဂ္ဂိုးအမ်ားဆုံးသြင္းသူစာရင္းမွာ ဟင္နရီကို ေက်ာ္ျဖတ္ခဲ့ပါတယ္။