ပင်နယ်တီအပေးအကြမ်းဆုံး မိုက်ဒင်း၊ ပင်နယ်တီအရဆုံး ယူနိုက်တက်နဲ့ အာဆင်နယ်တွေ့ပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လာမယ့် တနင်္ဂနွေနေ့၊ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ပွဲစဉ်ကို ဝါရင့်ကွင်းလယ်ဒိုင်လူကြီး မိုက်ဒင်း တာဝန်ပေးလိုက်ပြီးနောက် နှစ်ဖက်ပရိသတ်တွေအကြား စိုးရိမ်စိတ်တွေများသွားပါတယ်။

၂၀၀၀ခုနှစ်ကတည်းက ပရီးမီးယားလိဂ်ပွဲတွေကို စတင်ကြီးကြပ်ခဲ့တဲ့ မိုင်းဒင်းဟာ လက်ရှိ ဒိုင်လူကြီးတွေထဲ ပင်နယ်တီ အပေးအကြမ်းဆုံးဒိုင်လူကြီးတစ်ဦးဖြစ်နေပြီး တစ်ဖက်မှာ မန်ချက်စတာယူနိုက်တက်က ဆိုးလ်ရှားကို နည်းပြခန့်ပြီး နောက်ပိုင်း ပြိုင်ပွဲအရပ်ရပ်မှာ ပင်နယ်တီ အကြမ် ၃၀ကျော်အထိရခဲ့တာကြောင့် အာဆင်နယ်ပရိသတ်တချို့ကတော့ တနင်္ဂနွေနေ့ပွဲစဉ်မှာ ပင်နယ်တီပေးရမှာကို စိုးရိမ်နေပါတယ်။

မိုက်ဒင်းဟာ အရင် မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ရဲ့ ပရီးမီးယားလိဂ် ၆ပွဲကို ကြီးကြပ်ခဲ့ဖူးပြီး အဲဒီပွဲတွေမှာ အာဆင်နယ် တစ်ကြိမ်မှ မနိုင်ခဲ့ပါဘူး။ မန်ချက်စတာယူနိုက်တက်က ၄ပွဲနိုင်နဲ့ ၂ပွဲသရေကျခဲ့ပါတယ်။

ဒါကြောင့်လည်း မိုက်ဒင်းကို တနင်္ဂနွေနေ့ပွဲအတွက်တာဝန်ပေးခဲ့တာကို သိခဲ့ရပြီးနောက် အာဆင်နယ်ပရိသတ်တစ်ဦးက “နှစ်ဖက်ပရိသတ်တွေကိုစိုးရိမ်စိတ်တွေ ညီတူမျှတူပေးနိုင်တဲ့တစ်ဦးတည်းသော ဒိုင်လူကြီးပါ။တကယ့်ဂန္ထဝင်ကြီးပါပဲ”လို့ လူမှုကွန်ယက်မှာ ပို့စ်တင်ခဲ့ပါတယ်။

အသက် ၅၂နှစ်အရွယ်ရလာပြီဖြစ်တဲ့ မိုက်ဒင်းဟာ ပရီးမီးယားလိဂ်မှာ အငြင်းပွားစရာတွေ ဖန်တီးလေ့ရှိဆုံးဒိုင်လူကြီးတစ်ဦးဖြစ်သလို ပွဲအများဆုံးကြီးကြပ်ထားသူလည်းဖြစ်ပါတယ်။

စုစုပေါင်း ပရီးမီးယားလိဂ် ၅၁၃ပွဲအထိ မိုက်ဒင်း ကြီးကြပ်ခဲ့ရာမှာ ပင်နယ်တီလည်း အများဆုံးပေးတဲ့ ဒိုင်လူကြီးဖြစ်နေပါတယ်။ မိုက်ဒင်းဟာ ပရီးမီးယားလိဂ်မှာ ပင်နယ်တီ ၁၇၃ ကြိမ်အထိ ပေးခဲ့သူပါ။

တစ်ဖက်မှာ မန်ချက်စတာယူနိုက်တက်က ဆိုးလ်ရှား နည်းပြဖြစ်လာပြီးနောက်ပိုင်း ပြိုင်ပွဲအရပ်ရပ်မှာ ပင်နယ်တီ ၃၆ ကြိမ်အထိရခဲ့ပါတယ်။ မိုက်ဒင်းကြီးကြပ်ခဲ့တဲ့ပွဲမှတ်တမ်းမှာလည်း မန်ချက်စတာယူနိုက်တက်က ပိုကောင်းနေပါတယ်။

မိုက်ဒင်း ကြီးကြပ်ခဲ့တဲ့ ၇၄ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းက ပွဲ ၄၀နိုင်ပြီး ပင်နယ်တီ ၁၈ ကြိမ်ရခဲ့ပါတယ်။ တစ်ဖက်မှာ အာဆင်နယ်ကတော့ မိုက်ဒင်း ကြီးကြပ်တဲ့ ၇၅ပွဲမှာ ၃၆ပွဲပဲနိုင်သလို ပင်နယ်တီလည်း ၆ကြိမ်ပဲရခဲ့ပါတယ်။

မိုက်ဒင်းကြီးကြပ်တဲ့ပွဲတွေမှာ အာဆင်နယ်အသင်း နောက်ဆုံး ပင်နယ်တီရခဲ့တာကတော့ ဝက်ဖို့ဒ်ကို ၃-၂ဂိုးနဲ့ အာဆင်နယ် နိုင်ခဲ့တဲ့ပွဲဖြစ်ပြီး အာဆင်နယ်ကိုရော ဝက်ဖို့ဒ်ကိုပါ ပင်နယ်တီကန်ခွင့်တစ်ကြိမ်စီ ပေးခဲ့ပါတယ်။

ဒီရာသီမှာတော့ မိုက်ဒင်းဟာ ပရီးမီးယားလိဂ် ၄ပွဲကြီးကြပ်ထားပြီး အဝါကတ် ၁၀ကတ်နဲ့ အနီကတ် ၂ကတ်သုံးထားပါတယ်။ အနီကတ် ၂ကတ်မှာ တစ်ကတ်က ဝက်စ်ဘရွန်းနောက်ခံလူ ကီယန်ဂစ်ဘ်ကို ပြတာဖြစ်ပြီး နောက်တစ်ကြိမ်ကတော့ အဲဒီပွဲမှာပဲ နည်းပြ ဘီလစ်တို့ကို ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပင္နယ္တီအေပးအၾကမ္းဆံုး မိုက္ဒင္း၊ ပင္နယ္တီအရဆံုး ယူႏုိက္တက္နဲ႔ အာဆင္နယ္ေတြ႔ၿပီ

လာမယ့္ တနဂၤေနြေန႔၊ မန္ခ်က္စတာယူႏိုက္တက္နဲ႔ အာဆင္နယ္တို႔ပြဲစဥ္ကုိ ၀ါရင့္ကြင္းလယ္ဒိုင္လူႀကီး မိုက္ဒင္း တာ၀န္ေပးလုိက္ၿပီးေနာက္ ႏွစ္ဖက္ပရိသတ္ေတြအၾကား စိုးရိမ္စိတ္ေတြမ်ားသြားပါတယ္။

၂၀၀၀ခုႏွစ္ကတည္းက ပရီးမီးယားလိဂ္ပြဲေတြကို စတင္ႀကီးၾကပ္ခဲ့တဲ့ မိုင္းဒင္းဟာ လက္ရွိ ဒိုင္လူႀကီးေတြထဲ ပင္နယ္တီ အေပးအၾကမ္းဆံုးဒိုင္လူႀကီးတစ္ဦးျဖစ္ေနၿပီး တစ္ဖက္မွာ မန္ခ်က္စတာယူႏိုက္တက္က ဆိုးလ္ရွားကို နည္းျပခန္႔ၿပီး ေနာက္ပိုင္း ၿပိဳင္ပြဲအရပ္ရပ္မွာ ပင္နယ္တီ အႀကမ္ ၃၀ေက်ာ္အထိရခဲ့တာေၾကာင့္ အာဆင္နယ္ပရိသတ္တခ်ိဳ႕ကေတာ့ တနဂၤေႏြေန႔ပြဲစဥ္မွာ ပင္နယ္တီေပးရမွာကို စိုးရိမ္ေနပါတယ္။

မုိက္ဒင္းဟာ အရင္ မန္ခ်က္စတာယူႏိုက္တက္နဲ႔ အာဆင္နယ္တို႔ရဲ႕ ပရီးမီးယားလိဂ္ ၆ပြဲကို ႀကီးၾကပ္ခဲ့ဖူးၿပီး အဲဒီပြဲေတြမွာ အာဆင္နယ္ တစ္ႀကိမ္မွ မႏိုင္ခဲ့ပါဘူး။ မန္ခ်က္စတာယူႏုိက္တက္က ၄ပြဲႏိုင္နဲ႔ ၂ပြဲသေရက်ခဲ့ပါတယ္။

ဒါေၾကာင့္လည္း မိုက္ဒင္းကို တနဂၤေႏြေန႔ပြဲအတြက္တာ၀န္ေပးခဲ့တာကို သိခဲ့ရၿပီးေနာက္ အာဆင္နယ္ပရိသတ္တစ္ဦးက “ႏွစ္ဖက္ပရိသတ္ေတြကိုစိုးရိမ္စိတ္ေတြ ညီတူမွ်တူေပးႏိုင္တဲ့တစ္ဦးတည္းေသာ ဒိုင္လူႀကီးပါ။တကယ့္ဂႏၳ၀င္ႀကီးပါပဲ”လို႔ လူမႈကြန္ယက္မွာ ပို႔စ္တင္ခဲ့ပါတယ္။

အသက္ ၅၂ႏွစ္အရြယ္ရလာၿပီျဖစ္တဲ့ မိုက္ဒင္းဟာ ပရီးမီးယားလိဂ္မွာ အျငင္းပြားစရာေတြ ဖန္တီးေလ့ရွိဆံုးဒိုင္လူႀကီးတစ္ဦးျဖစ္သလို ပြဲအမ်ားဆံုးႀကီးၾကပ္ထားသူလည္းျဖစ္ပါတယ္။

စုစုေပါင္း ပရီးမီးယားလိဂ္ ၅၁၃ပြဲအထိ မိုက္ဒင္း ႀကီးၾကပ္ခဲ့ရာမွာ ပင္နယ္တီလည္း အမ်ားဆံုးေပးတဲ့ ဒိုင္လူႀကီးျဖစ္ေနပါတယ္။ မိုက္ဒင္းဟာ ပရီးမီးယားလိဂ္မွာ ပင္နယ္တီ ၁၇၃ ႀကိမ္အထိ ေပးခဲ့သူပါ။

တစ္ဖက္မွာ မန္ခ်က္စတာယူႏိုက္တက္က ဆိုးလ္ရွား နည္းျပျဖစ္လာၿပီးေနာက္ပိုင္း ၿပိဳင္ပြဲအရပ္ရပ္မွာ ပင္နယ္တီ ၃၆ ႀကိမ္အထိရခဲ့ပါတယ္။ မိုက္ဒင္းႀကီးၾကပ္ခဲ့တဲ့ပြဲမွတ္တမ္းမွာလည္း မန္ခ်က္စတာယူႏိုက္တက္က ပိုေကာင္းေနပါတယ္။

မိုက္ဒင္း ႀကီးၾကပ္ခဲ့တဲ့ ၇၄ပြဲမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းက ပြဲ ၄၀ႏိုင္ၿပီး ပင္နယ္တီ ၁၈ ႀကိမ္ရခဲ့ပါတယ္။ တစ္ဖက္မွာ အာဆင္နယ္ကေတာ့ မိုက္ဒင္း ႀကီးၾကပ္တဲ့ ၇၅ပြဲမွာ ၃၆ပြဲပဲႏိုင္သလို ပင္နယ္တီလည္း ၆ႀကိမ္ပဲရခဲ့ပါတယ္။

မိုက္ဒင္းႀကီးၾကပ္တဲ့ပြဲေတြမွာ အာဆင္နယ္အသင္း ေနာက္ဆံုး ပင္နယ္တီရခဲ့တာကေတာ့ ၀က္ဖို႔ဒ္ကို ၃-၂ဂိုးနဲ႔ အာဆင္နယ္ ႏိုင္ခဲ့တဲ့ပြဲျဖစ္ၿပီး အာဆင္နယ္ကိုေရာ ၀က္ဖို႔ဒ္ကိုပါ ပင္နယ္တီကန္ခြင့္တစ္ႀကိမ္စီ ေပးခဲ့ပါတယ္။

ဒီရာသီမွာေတာ့ မိုက္ဒင္းဟာ ပရီးမီးယားလိဂ္ ၄ပြဲႀကီးၾကပ္ထားၿပီး အ၀ါကတ္ ၁၀ကတ္နဲ႔ အနီကတ္ ၂ကတ္သံုးထားပါတယ္။ အနီကတ္ ၂ကတ္မွာ တစ္ကတ္က ၀က္စ္ဘရြန္းေနာက္ခံလူ ကီယန္ဂစ္ဘ္ကို ျပတာျဖစ္ၿပီး ေနာက္တစ္ႀကိမ္ကေတာ့ အဲဒီပြဲမွာပဲ နည္းျပ ဘီလစ္တို႔ကို ထုတ္ပယ္ခဲ့တာျဖစ္ပါတယ္။