ပင်နယ်တီဧရိယာထဲအထိ မက်ဆီကို လိုက်ပြီးတားဆီးခဲ့တဲ့ စီရော်နယ်ဒိုရဲ့ ရှားရှားပါးပါးဖျက်ထုတ်မှု

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာက ဂျူဗင်တပ်ကိုအိမ်ကွင်းမှာ ၃-၀ နဲ့ရှုံးခဲ့တဲ့ပွဲမှာ စီရော်နယ်ဒိုဟာ သူ့ပြိုင်ဘက်ဖြစ်တဲ့ မက်ဆီကို ပင်နယ်တီဧရိယာထဲ အထိလိုက်ပါဖျက်ထုတ်ခဲ့လို့ အခုလိုဖျက်ထုတ်မှုဟာ တကယ့်ကိုရှားပါးလှတဲ့ လုပ်ရပ်အဖြစ်သတ်မှတ်နေကြကြောင်း သိရပါတယ်။

စီရော်နယ်ဒိုဟာ ဒီပွဲမှာ ပင်နယ်တီကနေတစ်ဆင့် ၂ ဂိုးသွင်းယူခဲ့တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းမှာ နူးကမ့်ကွင်းမှာ ပင်နယ်တီကနေ ၂ ဂိုးသွင်းတဲ့ ပထမဆုံးကစားသမားဖြစ်လာသလို မက်ဆီပါဝင်တဲ့ ဘာစီလိုနာကို ချန်ပီယံလိဂ်မှာသူဂိုးသွင်းခဲ့တဲ့ ပထမဆုံးပွဲအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါ့အပြင် အခုအရှုံးဟာ ဘာစီလိုနာအတွက် ၂၀၀၉ နောက်ပိုင်းမှာ ဥရောပအဆင့် ပထမဆုံးအကြိမ်ရှုံးနိမ့်မှုလည်းဖြစ်ခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ တိုက်စစ်ကိုသာအဓိက လိုက်ပါရသူဖြစ်လို့ ကိုယ့်ရဲ့ပင်နယ်တီဧရိယာထဲ အထိ လိုက်ပါဖျက်ထုတ်မှုကို မြင်ရခဲပါတယ်။

ဒါပေမယ့် ဒီပွဲမှာ ဘာစီလိုနာနဲ့ ဂျူဗင်တပ်ဆိုတာထက် မက်ဆီနဲ့ စီရော်နယ်ဒို တို့ရဲ့အားပြိုင်မှုအဖြစ် မီဒီယာတွေက ပုံဖော်ခဲ့ကြတဲ့အတိုင်း သူတို့နှစ်ဦးပြိုင်ဆိုင်မှုက အာရုံစိုက်စရာဖြစ်ခဲ့တာပါ။

ဒါကြောင့်လည်း စီရော်နယ်ဒိုဟာ ဂျူဗင်တပ် ပင်နယ်တီဧရိယာထဲအထိ ဘောလုံးဆွဲပြေးသွားတဲ့ မက်ဆီကို နောက်ကနေလိုက်ကာ ရအောင်ဖျက်ထုတ်ပြီး အန္တရာယ်မရှိတဲ့အခြေအနေမျိုးရောက်အောင် စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။

မက်ဆီကိုလိုက်လံဖျက်ထုတ်ဖို့အတွက် စီရော်နယ်ဒိုဟာ မီတာအနည်းငယ်ပြေးခဲ့ရပေမယ့် သူ့ရဲ့လျင်မြန်မှုနဲ့ ရအောင်လုပ်ပြသွားနိုင်ခဲ့တာပါ။

ဒီဖြစ်ရပ်ကိုကြည့်ပြီး ပရိသတ်တွေက ဘယ်ဘက်ကမှမပါခဲ့ဘဲ နှစ်ဦးစလုံးကို ချီးကျူးခဲ့ကာ ကိုယ့်တာဝန်ကိုယ် ကျေပြွန်တဲ့ ကစားသမားနှစ်ဦးကို ကြည့်ရတာ ကံကောင်းတယ်လို့ ဆိုခဲ့ကြပါတယ်။

ဒါပေမယ့် တစ်ဦးရဲ့မှတ်ချက်က စိတ်ဝင်စားဖို့ကောင်းတာကို တွေ့ခဲ့ရပါတယ်။ သူက” သူတို့နှစ်ယောက်စလုံး ကစားသမားကောင်းတွေဆိုတာ အသိအမှတ်ပြုရမှာပါ။ ဒါပေမယ့် သိပ်မကြာခင်မှာ နှစ်ဦးစလုံး သွားကြရတော့မှာပါ” လို့ မှတ်ချက်ပြုသွားတာပါ။

မက်ဆီနဲ့ စီရော်နယ်ဒို တစ်ပွဲတည်းမှာတွေ့ဆုံမှုဟာ ၂၀၁၈ က စီရော်နယ်ဒိုတစ်ယောက် ရီးရဲလ်ကနေ ဂျူဗင်တပ်ကိုပြောင်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်လည်းဖြစ်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပင္နယ္တီဧရိယာထဲအထိ မက္ဆီကို လိုက္ၿပီးတားဆီးခဲ့တဲ့ စီေရာ္နယ္ဒိုရဲ႕ ရွားရွားပါးပါးဖ်က္ထုတ္မႈ

ဘာစီလိုနာက ဂ်ဴဗင္တပ္ကိုအိမ္ကြင္းမွာ ၃-၀ နဲ႔ရႈံးခဲ့တဲ့ပြဲမွာ စီေရာ္နယ္ဒိုဟာ သူ႔ၿပိဳင္ဘက္ျဖစ္တဲ့ မက္ဆီကို ပင္နယ္တီဧရိယာထဲ အထိလိုက္ပါဖ်က္ထုတ္ခဲ့လို႔ အခုလိုဖ်က္ထုတ္မႈဟာ တကယ့္ကိုရွားပါးလွတဲ့ လုပ္ရပ္အျဖစ္သတ္မွတ္ေနၾကေၾကာင္း သိရပါတယ္။ စီေရာ္နယ္ဒိုဟာ ဒီပြဲမွာ ပင္နယ္တီကေနတစ္ဆင့္ ၂ ဂိုးသြင္းယူခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲသမိုင္းမွာ ႏူးကမ့္ကြင္းမွာ ပင္နယ္တီကေန ၂ ဂိုးသြင္းတဲ့ ပထမဆုံးကစားသမားျဖစ္လာသလို မက္ဆီပါဝင္တဲ့ ဘာစီလိုနာကို ခ်န္ပီယံလိဂ္မွာသူဂိုးသြင္းခဲ့တဲ့ ပထမဆုံးပြဲအျဖစ္လည္း မွတ္တမ္းဝင္ခဲ့ပါတယ္။

ဒါ့အျပင္ အခုအရႈံးဟာ ဘာစီလိုနာအတြက္ ၂၀၀၉ ေနာက္ပိုင္းမွာ ဥေရာပအဆင့္ ပထမဆုံးအႀကိမ္ရႈံးနိမ့္မႈလည္းျဖစ္ခဲ့ပါတယ္။ စီေရာ္နယ္ဒိုဟာ တိုက္စစ္ကိုသာအဓိက လိုက္ပါရသူျဖစ္လို႔ ကိုယ့္ရဲ႕ပင္နယ္တီဧရိယာထဲ အထိ လိုက္ပါဖ်က္ထုတ္မႈကို ျမင္ရခဲပါတယ္။ ဒါေပမယ့္ ဒီပြဲမွာ ဘာစီလိုနာနဲ႔ ဂ်ဴဗင္တပ္ဆိုတာထက္ မက္ဆီနဲ႔ စီေရာ္နယ္ဒို တို႔ရဲ႕အားၿပိဳင္မႈအျဖစ္ မီဒီယာေတြက ပုံေဖာ္ခဲ့ၾကတဲ့အတိုင္း သူတို႔ႏွစ္ဦးၿပိဳင္ဆိုင္မႈက အာ႐ုံစိုက္စရာျဖစ္ခဲ့တာပါ။

ဒါေၾကာင့္လည္း စီေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္ ပင္နယ္တီဧရိယာထဲအထိ ေဘာလုံးဆြဲေျပးသြားတဲ့ မက္ဆီကို ေနာက္ကေနလိုက္ကာ ရေအာင္ဖ်က္ထုတ္ၿပီး အႏၲရာယ္မရွိတဲ့အေျခအေနမ်ိဳးေရာက္ေအာင္ စြမ္းေဆာင္ျပႏိုင္ခဲ့ပါတယ္။ မက္ဆီကိုလိုက္လံဖ်က္ထုတ္ဖို႔အတြက္ စီေရာ္နယ္ဒိုဟာ မီတာအနည္းငယ္ေျပးခဲ့ရေပမယ့္ သူ႔ရဲ႕လ်င္ျမန္မႈနဲ႔ ရေအာင္လုပ္ျပသြားႏိုင္ခဲ့တာပါ။

ဒီျဖစ္ရပ္ကိုၾကည့္ၿပီး ပရိသတ္ေတြက ဘယ္ဘက္ကမွမပါခဲ့ဘဲ ႏွစ္ဦးစလုံးကို ခ်ီးက်ဴးခဲ့ကာ ကိုယ့္တာဝန္ကိုယ္ ေက်ႁပြန္တဲ့ ကစားသမားႏွစ္ဦးကို ၾကည့္ရတာ ကံေကာင္းတယ္လို႔ ဆိုခဲ့ၾကပါတယ္။ ဒါေပမယ့္ တစ္ဦးရဲ႕မွတ္ခ်က္က စိတ္ဝင္စားဖို႔ေကာင္းတာကို ေတြ႕ခဲ့ရပါတယ္။ သူက” သူတို႔ႏွစ္ေယာက္စလုံး ကစားသမားေကာင္းေတြဆိုတာ အသိအမွတ္ျပဳရမွာပါ။ ဒါေပမယ့္ သိပ္မၾကာခင္မွာ ႏွစ္ဦးစလုံး သြားၾကရေတာ့မွာပါ” လို႔ မွတ္ခ်က္ျပဳသြားတာပါ။ မက္ဆီနဲ႔ စီေရာ္နယ္ဒို တစ္ပြဲတည္းမွာေတြ႕ဆုံမႈဟာ ၂၀၁၈ က စီေရာ္နယ္ဒိုတစ္ေယာက္ ရီးရဲလ္ကေန ဂ်ဴဗင္တပ္ကိုေျပာင္းၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္လည္းျဖစ္ခဲ့ပါတယ္။