ပင်နယ်တီ လွဲချော်မှုအကြောင်း ပြန်တွေးမိတိုင်း နာကျင်ခံစားရပါတယ်လို့ဆိုတဲ့ ဂျော်ဂျင်ဟို

ယမန်နေ့ ညက ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန်

Play-off ဆီမီး ဖိုင်နယ် အဆင့်မှာတော့ ယူရို ချန်ပီယံ အီတလီ ဟာ

မြောက် မက်ဆီဒိုးနီးယား အသင်းကို ရှုံးနိမ့်သွားခဲ့ ပါတယ် ။

မြောက်မက်ဆီဒိုးနီးယား ဟာ ၉၀+၂ မိနစ်မှာ အနိုင်ဂိုး သွင်းသွားခဲ့တာ ဖြစ်ပြီး

အီတလီ အတွက်တော့ ကမ္ဘာ့ဖလား ၂ ကြိမ် ဆက်တိုက်

( ၂၀၁၈ ၊ ၂၀၂၂ ) လွဲချော်မှု နဲ့ ရင်ဆိုင် ခဲ့ရပြီ ဖြစ်ပါတယ် ။

အီတလီ အသင်း ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ မအောင်မြင်တာဟာ

အစောပိုင်းပွဲတွေမှာ သူ့ရဲ့ ပင်နယ်တီ မဝင်ခဲ့မှုတွေကြောင့် ဖြစ်ကြောင်း

ချဲလ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟို က ဝန်ခံ ပြောကြား လိုက်ပါတယ် ။

ဂျော်ဂျင်ဟို က ” ဘာတွေ ဖြစ်ပျက် သွားခဲ့သလဲ ဆိုတာ

ရှင်းပြဖို့ အတော် ခက်ခဲပါတယ် ။ အကြီးအကျယ် နာကျင် ခံစားရပါတယ် ၊

ကျွန်တော် အရိုးသားဆုံးပဲ ပြောပါမယ် ၊ ကျွန်တော် ခုထက်ထိ မယုံနိုင်အောင် ဖြစ်နေဆဲပါ ။ ”

” ကျွန်တော်တို့ အခွင့်အရေး ဖန်တီးမှုတွေ မလုပ်နိုင် ၊

ပွဲကို မစိုးမိုး နိုင်ခဲ့တာ မဟုတ်ပါဘူး ၊ အခွင့်အရေးတွေ အများကြီး ဖန်တီး နိုင်ခဲ့ပါတယ် ။

ဒါပေမယ့် မထင်မှတ်ထားဘူးပဲ ပြောရမှာပါ ၊

ကျွန်တော်တို့ သူတို့ကို အဆုံးသတ် သွားအောင် မလုပ်နိုင်ခဲ့ပါဘူး ။ ”

” ပင်နယ်တီ လွဲချော်ခဲ့မှုတွေ အကြောင်း ပြန်တွေးမိတိုင်း

ကျွန်တော် နာကျင် ခံစားရပါတယ် ၊ ခုထက်ထိလည်း

ကျွန်တော် အဲဒီအကြောင်း စဉ်းစား မိနေဆဲပါ ၊

ကျွန်တော့်ရဲ့ လက်ကျန် ဘဝ တစ်လျှောက်လုံးအရိပ်မည်းကြီးလို ခြောက်လှန့် နေပါလိမ့်မယ် ။ ”

” အခွင့်အရေး နှစ်ကြိမ် ရခဲ့ရဲ့သားနဲ့ ကိုယ့်နိုင်ငံကို ကူညီ ပေးနိုင်ခဲ့ခြင်း မရှိတာက

ကျွန်တော့် ဘဝ တစ်လျှောက်လုံး ပါသွားတော့မှာပါပဲ ။

လူတွေက ကျွန်တော်တို့ ခေါင်းကို မော့ပြီး ရှေ့ဆက်လျှောက်ဖို့ ပြောကြပေမယ့်

အဲဒီလို လုပ်ဖို့က တကယ့်ကို ခက်ခဲပါတယ်ဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

zawgyi

ပင္နယ္တီ လြဲေခ်ာ္မႈအေၾကာင္း ျပန္ေတြးမိတိုင္း နာက်င္ခံစားရပါတယ္လို႔ဆိုတဲ့ ေဂ်ာ္ဂ်င္ဟို

ယမန္ေန႔ ညက ကစားခဲ့တဲ့ ကမာၻ႔ဖလား ေျခစစ္ပြဲ ဥေရာပဇုန္

Play-off ဆီမီး ဖိုင္နယ္ အဆင့္မွာေတာ့ ယူ႐ို ခ်န္ပီယံ အီတလီ ဟာ

ေျမာက္ မက္ဆီဒိုးနီးယား အသင္းကို ရႈံးနိမ့္သြားခဲ့ ပါတယ္ ။

ေျမာက္မက္ဆီဒိုးနီးယား ဟာ ၉၀+၂ မိနစ္မွာ အႏိုင္ဂိုး သြင္းသြားခဲ့တာ ျဖစ္ၿပီး

အီတလီ အတြက္ေတာ့ ကမာၻ႔ဖလား ၂ ႀကိမ္ ဆက္တိုက္

( ၂၀၁၈ ၊ ၂၀၂၂ ) လြဲေခ်ာ္မႈ နဲ႔ ရင္ဆိုင္ ခဲ့ရၿပီ ျဖစ္ပါတယ္ ။

အီတလီ အသင္း ၂၀၂၂ ကမာၻ႔ဖလား ေျခစစ္ပြဲ မေအာင္ျမင္တာဟာ

အေစာပိုင္းပြဲေတြမွာ သူ႔ရဲ႕ ပင္နယ္တီ မဝင္ခဲ့မႈေတြေၾကာင့္ ျဖစ္ေၾကာင္း

ခ်ဲလ္ဆီး ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟို က ဝန္ခံ ေျပာၾကား လိုက္ပါတယ္ ။

ေဂ်ာ္ဂ်င္ဟို က ” ဘာေတြ ျဖစ္ပ်က္ သြားခဲ့သလဲ ဆိုတာ

ရွင္းျပဖို႔ အေတာ္ ခက္ခဲပါတယ္ ။ အႀကီးအက်ယ္ နာက်င္ ခံစားရပါတယ္ ၊

ကြၽန္ေတာ္ အ႐ိုးသားဆုံးပဲ ေျပာပါမယ္ ၊ ကြၽန္ေတာ္ ခုထက္ထိ မယုံႏိုင္ေအာင္ ျဖစ္ေနဆဲပါ ။ ”

” ကြၽန္ေတာ္တို႔ အခြင့္အေရး ဖန္တီးမႈေတြ မလုပ္ႏိုင္ ၊

ပြဲကို မစိုးမိုး ႏိုင္ခဲ့တာ မဟုတ္ပါဘူး ၊ အခြင့္အေရးေတြ အမ်ားႀကီး ဖန္တီး ႏိုင္ခဲ့ပါတယ္ ။

ဒါေပမယ့္ မထင္မွတ္ထားဘူးပဲ ေျပာရမွာပါ ၊

ကြၽန္ေတာ္တို႔ သူတို႔ကို အဆုံးသတ္ သြားေအာင္ မလုပ္ႏိုင္ခဲ့ပါဘူး ။ ”

” ပင္နယ္တီ လြဲေခ်ာ္ခဲ့မႈေတြ အေၾကာင္း ျပန္ေတြးမိတိုင္း

ကြၽန္ေတာ္ နာက်င္ ခံစားရပါတယ္ ၊ ခုထက္ထိလည္း

ကြၽန္ေတာ္ အဲဒီအေၾကာင္း စဥ္းစား မိေနဆဲပါ ၊

ကြၽန္ေတာ့္ရဲ႕ လက္က်န္ ဘဝ တစ္ေလွ်ာက္လုံးအရိပ္မည္းႀကီးလို ေျခာက္လွန႔္ ေနပါလိမ့္မယ္ ။ ”

” အခြင့္အေရး ႏွစ္ႀကိမ္ ရခဲ့ရဲ႕သားနဲ႔ ကိုယ့္ႏိုင္ငံကို ကူညီ ေပးႏိုင္ခဲ့ျခင္း မရွိတာက

ကြၽန္ေတာ့္ ဘဝ တစ္ေလွ်ာက္လုံး ပါသြားေတာ့မွာပါပဲ ။

လူေတြက ကြၽန္ေတာ္တို႔ ေခါင္းကို ေမာ့ၿပီး ေရွ႕ဆက္ေလွ်ာက္ဖို႔ ေျပာၾကေပမယ့္

အဲဒီလို လုပ္ဖို႔က တကယ့္ကို ခက္ခဲပါတယ္ဗ်ာ ။ ” လို႔ ေျပာၾကား သြားခဲ့ပါတယ္ ။