ပစ်ဖို့ဒ်ရဲ့အင်္ဂလန်နံပါတ်တစ်ဂိုးသမားနေရာကို လွဲပြောင်းရယူရန် ရမ်ဒဲလ် ပစ်မှတ်ထားနေ

အာဆင်နယ်ဂိုးသမားအေရွန်ရမ်ဒဲလ်ဟာလာမယ့်၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲတွင်

ဂျော်ဒန်ပစ်ဖို့ဒ်ရဲ့အင်္ဂလန်နံပါတ်တစ်ဂိုးသမားနေရာကိုလွဲပြောင်းရယူနိုင်ရန်

ပစ်မှတ်ထားနေပါတယ်။ ရမ်ဒဲလ်ဟာဒိန်းဟင်ဒါဆင် ဒဏ်ရာကြောင့်

နုတ်ထွက်သွားမှုကြောင့်ယူရို၂၀၂၀ပြိုင်ပွဲလူစာရင်းတွင်ရွေးချယ်ခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။

အသက်၂၃နှစ်ရှိဂိုးသမားဟာယခုရာသီတွင်အာဆင်နယ်ရဲ့နံပါတစ်ဂိုးသမားအဖြစ်

လက်စွမ်းပြကစားနိုင်မှုကြောင့်ယခုလအစောပိုင်းတုန်းကအန်ဒိုရာ၊ဟန်ဂေရီတို့နှင့်

ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များအတွက်အင်္ဂလန်အသင်းတွင်ရွေးချယ်ခြင်းခံခဲ့ရပေမယ့်

ကစားခွင့်မရသေးပါဘူး။ ဒါပေမယ့်သူဟာယခုရာသီတွင်အာဆင်နယ်ရဲ့

နံပါတ်တစ်ဂိုးသမားနေရာကို ရယူနိုင်ခဲ့ပြီးနောက်၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲတွင်

အင်္ဂလန်ရဲ့နံပါတ်တစ်ဂိုးသမားနေရာကိုရယူနိုင်ရန်ပစ်မှတ်ထားနေပြီဖြစ်ပါတယ်။

ရမ်ဒဲလ်က “ကျွန်တော်နဲ့ကောင်မလေးတို့ကအားလပ်ရက်သွားပြီးအပန်းဖြေဖို့

ပြင်နေခဲ့ကြတာ။နောက်တော့အားလုံးလည်းသိတဲ့အတိုင်းအင်္ဂလန်အသင်းမှာ

အရွေးခံရတော့တာပဲ။ကျွန်တော့်မှာအကောင်းဆုံးရက်သတ္တပတ်တွေကို

ပိုင်ဆိုင်ခဲ့တယ်။အသင်းစိတ်ဓာတ်ကအရေးအကြီးဆုံးပဲ။ကျွန်တော်တို့လိုချင်တဲ့

ပန်းတိုင်ကိုရောက်လုနီးဖြစ်ခဲ့တယ်။အခုဆိုရင်လာမယ့်ကမ္ဘာ့ဖလားမှာ

ပိုကောင်းအောင်လုပ်ပြဖို့ပိုပြီးတော့ပြင်းပြလာပါတယ်။ကျွန်တော့်လည်း

အစိတ်အပိုင်းတစ်ရပ်အဖြစ်ထပ်ပါဝင်ခွင့်ရဖို့မျှော်လင့်နေပါတယ်။

ပွဲထွက်ခွင့်ရဖို့လည်းမျှော်လင့်နေပါတယ်”လို့ပြောကြားသွားပါတယ်။

zawgyi

ပစ္ဖို႔ဒ္ရဲ႕အဂၤလန္နံပါတ္တစ္ဂိုးသမားေနရာကို လြဲေျပာင္းရယူရန္ ရမ္ဒဲလ္ ပစ္မွတ္ထားေန

အာဆင္နယ္ဂိုးသမားေအ႐ြန္ရမ္ဒဲလ္ဟာလာမယ့္၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲတြင္

ေဂ်ာ္ဒန္ပစ္ဖို႔ဒ္ရဲ႕အဂၤလန္နံပါတ္တစ္ဂိုးသမားေနရာကိုလြဲေျပာင္းရယူႏိုင္ရန္

ပစ္မွတ္ထားေနပါတယ္။ ရမ္ဒဲလ္ဟာဒိန္းဟင္ဒါဆင္ ဒဏ္ရာေၾကာင့္

ႏုတ္ထြက္သြားမႈေၾကာင့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲလူစာရင္းတြင္ေ႐ြးခ်ယ္ျခင္းခံခဲ့ရသူလည္းျဖစ္ပါတယ္။

အသက္၂၃ႏွစ္ရွိဂိုးသမားဟာယခုရာသီတြင္အာဆင္နယ္ရဲ႕နံပါတစ္ဂိုးသမားအျဖစ္

လက္စြမ္းျပကစားႏိုင္မႈေၾကာင့္ယခုလအေစာပိုင္းတုန္းကအန္ဒိုရာ၊ဟန္ေဂရီတို႔ႏွင့္

ကမာၻ႔ဖလားေျခစစ္ပြဲစဥ္မ်ားအတြက္အဂၤလန္အသင္းတြင္ေ႐ြးခ်ယ္ျခင္းခံခဲ့ရေပမယ့္

ကစားခြင့္မရေသးပါဘူး။ ဒါေပမယ့္သူဟာယခုရာသီတြင္အာဆင္နယ္ရဲ႕

နံပါတ္တစ္ဂိုးသမားေနရာကို ရယူႏိုင္ခဲ့ၿပီးေနာက္၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲတြင္

အဂၤလန္ရဲ႕နံပါတ္တစ္ဂိုးသမားေနရာကိုရယူႏိုင္ရန္ပစ္မွတ္ထားေနၿပီျဖစ္ပါတယ္။

ရမ္ဒဲလ္က “ကြၽန္ေတာ္နဲ႔ေကာင္မေလးတို႔ကအားလပ္ရက္သြားၿပီးအပန္းေျဖဖို႔

ျပင္ေနခဲ့ၾကတာ။ေနာက္ေတာ့အားလုံးလည္းသိတဲ့အတိုင္းအဂၤလန္အသင္းမွာ

အေ႐ြးခံရေတာ့တာပဲ။ကြၽန္ေတာ့္မွာအေကာင္းဆုံးရက္သတၱပတ္ေတြကို

ပိုင္ဆိုင္ခဲ့တယ္။အသင္းစိတ္ဓာတ္ကအေရးအႀကီးဆုံးပဲ။ကြၽန္ေတာ္တို႔လိုခ်င္တဲ့

ပန္းတိုင္ကိုေရာက္လုနီးျဖစ္ခဲ့တယ္။အခုဆိုရင္လာမယ့္ကမာၻ႔ဖလားမွာ

ပိုေကာင္းေအာင္လုပ္ျပဖို႔ပိုၿပီးေတာ့ျပင္းျပလာပါတယ္။ကြၽန္ေတာ့္လည္း

အစိတ္အပိုင္းတစ္ရပ္အျဖစ္ထပ္ပါဝင္ခြင့္ရဖို႔ေမွ်ာ္လင့္ေနပါတယ္။

ပြဲထြက္ခြင့္ရဖို႔လည္းေမွ်ာ္လင့္ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။