ပထမဆုံးဆိုတဲ့မှတ်တမ်းကို တူချယ်ဆီ အပါမခံဘဲ လက်စတာအတွက် ရယူပေးလိုက်တဲ့ တိုင်လေမန်းစ်

ဝင်ဘလေကွင်းမှာကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ လက်စတာတို့ရဲ့အက်ဖ်အေဖလားဗိုလ်လုပွဲကတော့ ကွင်းထဲပရိသတ်တွေ လာကြည့်ရကျိုးနပ်စေခဲ့ပြီး တစ်လုံးတည်းသောသွင်းဂိုးက ကမ္ဘာ့အဆင့်မီသလို ပွဲပြီးခါနီးမှာ VAR ရဲ့အဆုံးအဖြတ်ကလည်း ချဲလ်ဆီးပရိသတ်တွေကို ဒေါသထွက်စေခဲ့ပါတယ်။


လက်စတာအတွက်တော့ ၁၉၆၉ နောက်ပိုင်း ပထမဆုံးတက်ရောက်နိုင်တဲ့ ဗိုလ်လုပွဲမှာ အနိုင်ရပြီးနောက် ပထမဆုံးဆုဖလားပါ ရယူနိုင်ခဲ့သလို တိုင်လေမန်းစ်က ၂၅ ကိုက်အကွာကနေ မှတ်တမ်းတင်မှုနဲ့ထိုက်တန်တဲ့ဂိုးမျိုး သွင်းယူသွားပါတယ်။


၂၅ ကိုက်အကွာကနေ တိုင်လေမန်းစ် ညာခြေနဲ့အပြင်းကန်သွင်းလိုက်တာ အားသိပ်မယူလို့ သိပ်မပြင်းဘူးလို့ ထင်စရာရှိပေမယ့် ချဲလ်ဆီးဂိုးသမား ကီပါ ဘယ်လိုမှကာကွယ်လို့မရအောင် ဖြစ်ခဲ့ပြီး တိုင်လေမန်းစ်အပြင် အပိုင်အခွင့်အရေး ၂ကြိမ်ကာကွယ်သွားတဲ့ ဂိုးသမား ကက်စပါရှမိုက်ကယ်ကိုလည်း အသိအမှတ်ပြုရမှာဖြစ်ပါတယ်။

ရှမိုက်ကယ်ဟာ ချဲလ်ဆီးဘယ်နောက်ခံလူ ဘင်ချီဝဲလ်ရဲ့ခေါင်းတိုက်ချက်ကို ကာကွယ်ခဲ့သလို အထူးသဖြင့် ကွင်းလယ်လူ မေဆင်မောင့်ရဲ့အနီးကပ်အပြင်းကန်သွင်းချက်ကို ပုတ်ထုတ်နိုင်ခဲ့တာက ပိုချီးကျူးစရာကောင်းပါတယ်။


ပွဲမစခင်က အာဆင်နယ်ကို အရေးနိမ့်ခဲ့လို့ ဒေါသထွက်မိတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ဖွင့်ဟခဲ့တဲ့ ချဲလ်ဆီးနည်းပြ တူချယ်ဟာ ပွဲပြီးခါနီးအထိ သူ့ရဲ့body language ကို ကြည့်ရတာ စိတ်ဆိုးဒေါသထွက်နေမှန်းသိသာစေခဲ့ပါတယ်။
ပွဲပြီးခါနီးမှာ လက်စတာနောက်ခံလူ မော်ဂန် ကိုယ့်ဂိုးကိုယ်သွင်းမိသွားလု့ိ တူချယ် ပျော်သွားပေမယ့် VAR ပြန်ကြည့်ရာမှာတော့ ဂိုးရှေ့ပို့ပေးတဲ့ ချီဝဲလ် လူကျွံနေလို့ ဂိုးကို ခွင့်မပြုခဲ့လို့ ချဲလ်ဆီးလည်း နစ်နာခဲ့ရပါတယ်။


ချဲလ်ဆီးဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှားမခံတဲ့အနေအထားကို ရောက်နေပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မန်စီးတီးကို အနိုင်ရရင်တော့ ပြည်တွင်းကရလဒ်တွေကို ကြည့်စရာမလိုဘဲ ဝင်ခွင့်ရမှာပါ။

အခုလောလောဆယ်မှာတော့ ချဲလ်ဆီးဟာ အဆင့် ၅နေရာက လီဗာပူးကို ၁ပွဲပို ၄ မှတ်ဖြတ်ထားပြီး လက်စတာက အဆင့် ၃နေရာမှာ ချဲလ်ဆီးကို ၂ မှတ်ဖြတ်ထားပါတယ်။
သူတို့နှစ်သင်းဟာ ကြားရက်မှာ ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်းအဖြစ် စတမ်းဖို့ဒ်ဘရစ်ချ်မှာ ရင်ဆိုင်ရဦးမှာဖြစ်ပြီး နှစ်သင်းစလုံးအတွက် အရေးကြီးလာနိုင်ပါတယ်။

Zawgyi
ပထမဆုံးဆုိတဲ့မွတ္တမ္းကို တူခ်ယ္ဆီ အပါမခံဘဲ လက္စတာအတြက္ ရယူေပးလုိက္တဲ့ တုိင္ေလမန္းစ္
၀င္ဘေလကြင္းမွာကစားခဲ့တဲ့ ခ်ဲလ္ဆီးနဲ႔ လက္စတာတုိ႔ရဲ႕အက္ဖ္ေအဖလားဗိုလ္လုပြဲကေတာ့ ကြင္းထဲပရိသတ္ေတြ လာၾကည့္ရက်ိဳးနပ္ေစခဲ့ၿပီး တစ္လုံးတည္းေသာသြင္းဂိုးက ကမၻာ့အဆင့္မီသလုိ ပြဲၿပီးခါနီးမွာ VAR ရဲ႕အဆုံးအျဖတ္ကလည္း ခ်ဲလ္ဆီးပရိသတ္ေတြကို ေဒါသထြက္ေစခဲ့ပါတယ္။
လက္စတာအတြက္ေတာ့ ၁၉၆၉ ေနာက္ပိုင္း ပထမဆုံးတက္ေရာက္ႏိုင္တဲ့ ဗိုလ္လုပြဲမွာ အႏိုင္ရၿပီးေနာက္ ပထမဆုံးဆုဖလားပါ ရယူႏုိင္ခဲ့သလုိ တုိင္ေလမန္းစ္က ၂၅ ကိုက္အကြာကေန မွတ္တမ္းတင္မႈနဲ႔ထိုက္တန္တဲ့ဂိုးမ်ိဳး သြင္းယူသြားပါတယ္။
၂၅ ကိုက္အကြာကေန တုိင္ေလမန္းစ္ ညာေျခနဲ႔အျပင္းကန္သြင္းလုိက္တာ အားသိပ္မယူလုိ႔ သိပ္မျပင္းဘူးလုိ႔ ထင္စရာရွိေပမယ့္ ခ်ဲလ္ဆီးဂိုးသမား ကီပါ ဘယ္လုိမွကာကြယ္လုိ႔မရေအာင္ ျဖစ္ခဲ့ၿပီး တုိင္ေလမန္းစ္အျပင္ အပိုင္အခြင့္အေရး ၂ႀကိမ္ကာကြယ္သြားတဲ့ ဂိုးသမား ကက္စပါရွမိုက္ကယ္ကိုလည္း အသိအမွတ္ျပဳရမွာျဖစ္ပါတယ္။

ရွမိုက္ကယ္ဟာ ခ်ဲလ္ဆီးဘယ္ေနာက္ခံလူ ဘင္ခ်ီ၀ဲလ္ရဲ႕ေခါင္းတုိက္ခ်က္ကို ကာကြယ္ခဲ့သလို အထူးသျဖင့္ ကြင္းလယ္လူ ေမဆင္ေမာင့္ရဲ႕အနီးကပ္အျပင္းကန္သြင္းခ်က္ကို ပုတ္ထုတ္ႏိုင္ခဲ့တာက ပိုခ်ီးက်ဴးစရာေကာင္းပါတယ္။
ပြဲမစခင္က အာဆင္နယ္ကို အေရးနိမ့္ခဲ့လုိ႔ ေဒါသထြက္မိတယ္လုိ႔ သတင္းစာရွင္းလင္းပြဲမွာ ဖြင့္ဟခဲ့တဲ့ ခ်ဲလ္ဆီးနည္းျပ တူခ်ယ္ဟာ ပြဲၿပီးခါနီးအထိ သူ႕ရဲ႕body language ကို ၾကည့္ရတာ စိတ္ဆုိးေဒါသထြက္ေနမွန္းသိသာေစခဲ့ပါတယ္။
ပြဲၿပီးခါနီးမွာ လက္စတာေနာက္ခံလူ ေမာ္ဂန္ ကုိယ့္ဂုိးကုိယ္သြင္းမိသြားလု႔ိ တူခ်ယ္ ေပ်ာ္သြားေပမယ့္ VAR ျပန္ၾကည့္ရာမွာေတာ့ ဂိုးေရွ႕ပို႔ေပးတဲ့ ခ်ီ၀ဲလ္ လူကၽြံေနလုိ႔ ဂိုးကို ခြင့္မျပဳခဲ့လို႔ ခ်ဲလ္ဆီးလည္း နစ္နာခဲ့ရပါတယ္။
ခ်ဲလ္ဆီးဟာ ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္ အမွားမခံတဲ့အေနအထားကို ေရာက္ေနၿပီး ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ မန္စီးတီးကို အႏိုင္ရရင္ေတာ့ ျပည္တြင္းကရလဒ္ေတြကို ၾကည့္စရာမလုိဘဲ ၀င္ခြင့္ရမွာပါ။
အခုေလာေလာဆယ္မွာေတာ့ ခ်ဲလ္ဆီးဟာ အဆင့္ ၅ေနရာက လီဗာပူးကို ၁ပဲြပို ၄ မွတ္ျဖတ္ထားၿပီး လက္စတာက အဆင့္ ၃ေနရာမွာ ခ်ဲလ္ဆီးကို ၂ မွတ္ျဖတ္ထားပါတယ္။

သူတုိ႔နွစ္သင္းဟာ ၾကားရက္မွာ ပရီးမီးယားလိဂ္ပြဲႀကီးပြဲေကာင္းအျဖစ္ စတမ္းဖုိ႔ဒ္ဘရစ္ခ်္မွာ ရင္ဆိုင္ရဦးမွာျဖစ္ၿပီး ႏွစ္သင္းစလုံးအတြက္ အေရးႀကီးလာႏိုင္ပါတယ္။