ပထမဆုံးအကြိမ်အဖြစ် ထိပ်ဆုံး ၁၀သင်းစာရင်းဝင်အသင်းကိုအနိုင်ယူပြီး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာတဲ့ ချဲလ်ဆီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နောက်ဆုံး ၂ပွဲဆက်အရေးနိမ့်ထားတဲ့ ချဲလ်ဆီးဟာ ယမန်နေ့ညက ကစားခဲ့တဲ့ဝက်စ်ဟမ်းနဲ့ပွဲမှာတော့ တိုက်စစ်မှူး အေဘရာဟမ်ရဲ့နောက်ကျသွင်းဂိုး ၂ဂိုးအပါအဝင် ၃ဂိုးပြတ်အနိုင်ယူပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။


ချဲလ်ဆီးအနေနဲ့ ယခုရာသီ ထိပ်ဆုံး ၁၀သင်းစာရင်းဝင်အသင်းတွေနဲ့ ၇ကြိမ်မြောက်ရင်ဆိုင်မှုမှာ ပထမဆုံးနိုင်ပွဲရခဲ့တာဖြစ်ပြီး နောက်ကျသွင်းဂိုးတွေကြောင့် ဂိုးပြတ်အနိုင်ရခဲ့တာမှန်ပေမယ့် ခံစစ်ပိုင်းကစားပုံက ပိုမိုကျေနပ်စရာကောင်းခဲ့ပါတယ်။


ချဲလ်ဆီးဟာ လန်ဒန်မြို့ခံပြိုင်ဘက် စပါးကို ဂိုးကွာခြားချက်အသာနဲ့ ကျော်ဖြတ်ကာ အဆင့် ၅နေရာ ရောက်လာတာမှန်ပေမယ့် တိုက်စစ်ပိုင်းက ပြိုင်ဘက်ဂိုးရှေ့မှာ ရုန်းကန်ခဲ့ရပါတယ်။


ဒါပေမဲ့ ချဲလ်ဆီးဟာ ပေးဂိုးမရှိနိုင်ပွဲတစ်ပွဲရယူနိုင်ခဲ့ပြီး နည်းပြလမ်းပတ်ကလည်း တိုက်စစ်ပိုင်းက ကစားပုံသိပ်မကောင်းခဲ့ပေမယ့် အသင်းရဲ့ကစားပုံအပေါ် ကျေနပ်အားရနေပါတယ်။

”၂ပွဲဆက်အရေးနိမ့်ခဲ့ရပြီးနောက် ဒီလိုမျိုး ကျွန်တော်တို့ လိုအပ်ခဲ့တာပါ။ ကျွန်တော်တို့အသင်းရဲ့ခံစစ်ကစားပုံက အရမ်းကောင်းခဲ့ပြီး ပွဲကောင်းတစ်ပွဲဖြစ်ခဲ့လားဆိုတာ သိပ်မသိပေမယ့် အသင်းသားတွေ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တာအမှန်ပါပဲ”လို့ လမ်းပတ်က ပြောပါတယ်။


ပွဲချိန် ၁၀မိနစ်မှာပဲ ဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗားက ပြင်းထန်အားပါတဲ့ခေါင်းတိုက်ချက်နဲ့ ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး ပွဲချိန် ၇၈ မိနစ်နဲ့ မိနစ် ၈၀ တွေမှာ အေဘရာဟမ်က လက်ကျန်ဂိုးတွေ ဆက်တိုက်သွင်းယူခဲ့ပါတယ်။


ချဲလ်ဆီးအတွက် တစ်ခုတည်းသောစိတ်ပျက်စရာကတော့ အဓိကတိုက်စစ်မှူး တီမိုဝါနာ ဆက်လက်ဂိုးပေါက်ပျောက်ခဲ့တာဖြစ်ပြီး ဝါနာအနေနဲ့ ၉ပွဲဆက်ဂိုးပေါက်ပျောက်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
ပထမဆုံးအႀကိမ္အျဖစ္ ထိပ္ဆုံး ၁၀သင္းစာရင္း၀င္အသင္းကိုအႏိုင္ယူၿပီး လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္လာတဲ့ ခ်ဲလ္ဆီး
ေနာက္ဆုံး ၂ပြဲဆက္အေရးနိမ့္ထားတဲ့ ခ်ဲလ္ဆီးဟာ ယမန္ေန႔ညက ကစားခဲ့တဲ့၀က္စ္ဟမ္းနဲ႔ပြဲမွာေတာ့ တုိက္စစ္မွဴး ေအဘရာဟမ္ရဲ႕ေနာက္က်သြင္းဂိုး ၂ဂိုးအပါအ၀င္ ၃ဂိုးျပတ္အႏုိင္ယူၿပီး အမွတ္ေပးဇယားရဲ႕ အဆင့္ ၅ ေနရာကို တက္လွမ္းႏိုင္ခဲ့ပါတယ္။

ခ်ဲလ္ဆီးအေနနဲ႔ ယခုရာသီ ထိပ္ဆုံး ၁၀သင္းစာရင္း၀င္အသင္းေတြနဲ႔ ၇ႀကိမ္ေျမာက္ရင္ဆုိင္မႈမွာ ပထမဆုံးႏိုင္ပဲြရခဲ့တာျဖစ္ၿပီး ေနာက္က်သြင္းဂိုးေတြေၾကာင့္ ဂိုးျပတ္အႏိုင္ရခဲ့တာမွန္ေပမယ့္ ခံစစ္ပိုင္းကစားပုံက ပိုမိုေက်နပ္စရာေကာင္းခဲ့ပါတယ္။
ခ်ဲလ္ဆီးဟာ လန္ဒန္ၿမိဳ႕ခံၿပိဳင္ဘက္ စပါးကို ဂိုးကြာျခားခ်က္အသာနဲ႔ ေက်ာ္ျဖတ္ကာ အဆင့္ ၅ေနရာ ေရာက္လာတာမွန္ေပမယ့္ တုိက္စစ္ပိုင္းက ၿပိဳင္ဘက္ဂိုးေရွ႕မွာ ႐ုန္းကန္ခဲ့ရပါတယ္။
ဒါေပမဲ့ ခ်ဲလ္ဆီးဟာ ေပးဂိုးမရွိႏိုင္ပြဲတစ္ပြဲရယူႏုိင္ခဲ့ၿပီး နည္းျပလမ္းပတ္ကလည္း တုိက္စစ္ပိုင္းက ကစားပုံသိပ္မေကာင္းခဲ့ေပမယ့္ အသင္းရဲ႕ကစားပုံအေပၚ ေက်နပ္အားရေနပါတယ္။
”၂ပဲြဆက္အေရးနိမ့္ခဲ့ရၿပီးေနာက္ ဒီလုိမ်ိဳး ကၽြန္ေတာ္တုိ႔ လိုအပ္ခဲ့တာပါ။ ကၽြန္ေတာ္တို႔အသင္းရဲ႕ခံစစ္ကစားပုံက အရမ္းေကာင္းခဲ့ၿပီး ပြဲေကာင္းတစ္ပြဲျဖစ္ခဲ့လားဆုိတာ သိပ္မသိေပမယ့္ အသင္းသားေတြ အေကာင္းဆုံးစြမ္းေဆာင္ႏိုင္ခဲ့တာအမွန္ပါပဲ”လုိ႔ လမ္းပတ္က ေျပာပါတယ္။
ပြဲခ်ိန္ ၁၀မိနစ္မွာပဲ ၀ါရင့္ေနာက္ခံလူ သီယာဂိုေဆးလ္ဗားက ျပင္းထန္အားပါတဲ့ေခါင္းတုိက္ခ်က္နဲ႔ ခ်ဲလ္ဆီးအတြက္ ဦးေဆာင္ဂိုးသြင္းယူႏုိင္ခဲ့ၿပီး ပြဲခ်ိန္ ၇၈ မိနစ္နဲ႔ မိနစ္ ၈၀ ေတြမွာ ေအဘရာဟမ္က လက္က်န္ဂိုးေတြ ဆက္တုိက္သြင္းယူခဲ့ပါတယ္။

ခ်ဲလ္ဆီးအတြက္ တစ္ခုတည္းေသာစိတ္ပ်က္စရာကေတာ့ အဓိကတုိက္စစ္မွဴး တီမို၀ါနာ ဆက္လက္ဂိုးေပါက္ေပ်ာက္ခဲ့တာျဖစ္ၿပီး ၀ါနာအေနနဲ႔ ၉ပြဲဆက္ဂိုးေပါက္ေပ်ာက္ေနပါတယ္။