ပထမဆုံးအကြိမ်အဖြစ် မန်ယူအသင်းဖော်တွေနဲ့ လေ့ကျင့်ခန်းဆင်းခဲ့တဲ့ ကာဗာနီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အလွတ်ပြောင်းရွှေ့လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တိုက်စစ်မှုးကာဗာနီဟာ မန်ယူအသင်းဖော်တွေနဲ့အတူ စတင်လေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။ ၃၃ နှစ်အရွယ် အဲဒီဥရုဂွေးသားဟာ ဗြိတိန်ရဲ့ကိုဗစ်စည်းမျဉ်းစည်းကမ်းကြောင့် နယူးကာဆယ်နဲ့ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူအတွက် ပွဲဦးထွက်ခွင့်မရခဲ့ပါဘူး။

အခုတော့ အသင်းနဲ့အတူ လေ့ကျင့်ခန်းစဆင်းနေပြီဖြစ်လို့ အင်္ဂါညကစားမယ့် အသင်းဟောင်းပီအက်စ်ဂျီနဲ့ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ မန်ယူအတွက် သူ့ရဲ့ပွဲဦးထွက်ကို မြင်တွေ့ရနိုင်ပါတယ်။ မန်ယူအသင်းကလည်း ကာဗာနီ စတင်လေ့ကျင့်ခန်းဆင်းနေပုံကို ဆိုရှယ်မီဒီယာပေါ်မှာ ပရိသတ်တွေထံ ပြန်လည်ဝေမျှခဲ့ပါတယ်။

သူဟာ ပီအက်စ်ဂျီအသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းထားသူလည်းဖြစ်ပြီး ပြိုင်ပွဲအရပ်ရပ် ၃၀၁ ပွဲမှာ စုစုပေါင်း ဂိုး ၂၀၀ သွင်းပေးခဲ့တာပါ။ ဒါကြောင့် အသင်းဟောင်းနဲ့ပွဲမှာ ကစားခွင့်ရမယ်ဆိုရင် သူ့အတွက် စိတ်လှုပ်ရှားစရာဖြစ်စေမှာပါ။

အပြောင်းအရွှေ့နောက်ဆုံးရက်ရောက်မှ ကာဗာနီကိုခေါ်ယူခဲ့တာနဲ့ပတ်သက်လို့ ဝေဖန်မေးခွန်းထုတ်မှုတွေတော့ ရှိခဲ့ပါတယ်။ သူဟာ ပွဲစဉ်တွေနဲ့ အဆက်ပြတ်နေတာ ပြီးခဲ့တဲ့ဖေဖော်ဝါရီကတည်းက ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပထမဆုံးအႀကိမ္အျဖစ္ မန္ယူအသင္းေဖာ္ေတြနဲ႔ ေလ့က်င့္ခန္းဆင္းခဲ့တဲ့ ကာဗာနီ

အလြတ္ေျပာင္းေရႊ႕လာၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ တိုက္စစ္မႈးကာဗာနီဟာ မန္ယူအသင္းေဖာ္ေတြနဲ႔အတူ စတင္ေလ့က်င့္ခန္းဆင္းခဲ့ပါတယ္။ ၃၃ ႏွစ္အရြယ္ အဲဒီဥရုေဂြးသားဟာ ၿဗိတိန္ရဲ႕ကိုဗစ္စည္းမ်ဥ္းစည္းကမ္းေၾကာင့္ နယူးကာဆယ္နဲ႔ၿပီးခဲ့တဲ့ပရီးမီးယားလိဂ္ပြဲစဥ္မွာ မန္ယူအတြက္ ပြဲဦးထြက္ခြင့္မရခဲ့ပါဘူး။

အခုေတာ့ အသင္းနဲ႔အတူ ေလ့က်င့္ခန္းစဆင္းေနၿပီျဖစ္လုိ႔ အဂၤါညကစားမယ့္ အသင္းေဟာင္းပီအက္စ္ဂ်ီနဲ႔ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲစဥ္မွာ မန္ယူအတြက္ သူ႔ရဲ႕ပြဲဦးထြက္ကို ျမင္ေတြ႕ရႏိုင္ပါတယ္။ မန္ယူအသင္းကလည္း ကာဗာနီ စတင္ေလ့က်င့္ခန္းဆင္းေနပုံကို ဆုိရွယ္မီဒီယာေပၚမွာ ပရိသတ္ေတြထံ ျပန္လည္ေ၀မွ်ခဲ့ပါတယ္။

သူဟာ ပီအက္စ္ဂ်ီအသင္းသမုိင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆုံးသြင္းထားသူလည္းျဖစ္ၿပီး ၿပိဳင္ပြဲအရပ္ရပ္ ၃၀၁ ပြဲမွာ စုစုေပါင္း ဂိုး ၂၀၀ သြင္းေပးခဲ့တာပါ။ ဒါေၾကာင့္ အသင္းေဟာင္းနဲ႔ပြဲမွာ ကစားခြင့္ရမယ္ဆုိရင္ သူ႔အတြက္ စိတ္လႈပ္ရွားစရာျဖစ္ေစမွာပါ။

အေျပာင္းအေရႊ႕ေနာက္ဆုံးရက္ေရာက္မွ ကာဗာနီကိုေခၚယူခဲ့တာနဲ႔ပတ္သက္လုိ႔ ေ၀ဖန္ေမးခြန္းထုတ္မႈေတြေတာ့ ရွိခဲ့ပါတယ္။ သူဟာ ပြဲစဥ္ေတြနဲ႔ အဆက္ျပတ္ေနတာ ၿပီးခဲ့တဲ့ေဖေဖာ္၀ါရီကတည္းက ျဖစ္ပါတယ္။