ပရိသတ်ကိုတောင် ဘော်ဒီချင်းတိုက်ခဲ့တဲ့ ကစားသမား
ချဲလ်ဆီးအမျိုးသမီးအသင်းနှင့်ဂျူဗင်တပ်အမျိုးသမီးအသင်းတို့ရဲ့
ဂိုးမရှိသရေကျတဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာကွင်းအတွင်းကျူးကျော်ဝင်ရောက်ခဲ့တဲ့
ဘောလုံးပရိသတ်တစ်ဦးဟာတိုက်စစ်မှူးဆမ်ကားလ်ရဲ့
ဘော်ဒီတိုက်ခြင်းခံရကာကွင်းအတွင်းလဲပြိုကျခဲ့ပါတယ်။
အမ်မာဟာယက်စ်ရဲ့ချဲလ်ဆီးအမျိုးသမီးအသင်းဟာဂျူဗင်တပ်နှင့်ပွဲမှ
ာအနိုင်ရရှိမှာသာအုပ်စုအဆင့်မှာအုပ်စုဗိုလ်အဖြစ်ဖြင့်ရှုံးထွက်အဆင့်သို့
တက်ရောက်နိုင်ပါမယ်။
ဒါပေမဲ့ချဲလ်ဆီးဟာဂျူဗင်တပ်အသင်းကို
ထင်သလိုအနိုင်မကစားနိုင်ပါဘူး။ဒါကြောင့်လည်းတိုက်စစ်မှူးကားလ်ဟာ
သူမရဲ့စိတ်ပျက်မှုကိုအခြားအရာတစ်ခုသို့ပုံချခဲ့ပါတယ်။
ယင်းပွဲမှာပရိသတ်တစ်ဦးဟာကွင်းအတွင်းသို့ဝင်ရောက်ကာပွဲကိုရပ်တန့်အောင်
လုပ်နေခဲ့ပြီးပရိသတ်များရဲ့အော်ဟစ်လှောင်ပြေအားပေးခြင်းခံခဲ့ရပါတယ်။
ချဲလ်ဆီးရဲ့ဩစတြီးယားတိုက်စစ်မှူးဟာယင်းပရိသတ်ရဲ့လုပ်ရပ်ကို
စိတ်မရှည်နိုင်အောင်ဖြစ်ပြီးနောက်အနည်းငယ်ပြေးလွှားကာဘော်ဒီတိုက်ပြီး
လဲကျအောင်လုပ်ခဲ့ပါတယ်။သူမရဲ့လုပ်ရပ်ကိုပရိသတ်များက
အားပေးမှုပြုလုပ်ခဲ့ကြပါတယ်။ဒါပေမဲ့သူမဟာယင်းဖြစ်ရပ်အတွက်
ဒိုင်လူကြီးရဲ့အဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။
ဗုဒ္ဓဟူးနေ့တုန်းကမန်ချက်စတာယူနိုက်တက်နှင့်ယန်းဘွိုင်းတို့ပွဲစဉ်မှာလည်း
ကွင်းအတွင်းပရိသတ်ဝင်ရောက်မှုသုံးကြိမ်တိတိဖြစ်ခဲ့ပြီးလုံခြုံရေးများဟာ
၎င်းတို့ကိုဖမ်းဆီးကိုအချိန်အနည်းငယ်ယူခဲ့ရပါတယ်။
zawgyi