ဝက်စ်ဟမ်းအလယ်တန်းကစားသမားသောမတ်စ်ဆူဆက်ခ်ဟာ
မနေ့ညတုန်းကလန်ဒန်ကွင်းမှာမြို့ခံပြိုင်ဘက်ချဲလ်ဆီးကိုအနိုင်ရရှိပြီးနောက်
ကွင်းတလွှားပြေးလွှားကာဝက်စ်ဟမ်းပရိသတ်များနှင့်လက်ဝါးချင်းရိုက်ခဲ့ပါတယ်။
ဒေးဗစ်မိုယက်စ်ရဲ့ဝက်စ်ဟမ်းဟာမနေ့ညတုန်းကချန်ပီယံလိဂ်
ချန်ပီယံချဲလ်ဆီးကိုမန်နူရယ်လန်ဇီနီ၊ဂျာရော့ဒ်ဘိုဝင်းတို့ရဲ့ဂိုးဖြင့်ချေပဂိုးရခဲ့ပြီး
အာသာမာဆွာကူရဲ့နောက်ကျဂိုးဖြင့်ရရှိခဲ့ပါတယ်။ပွဲပြီးခရာမှုတ်ပြီးချိန်တွင်
ဝက်စ်ဟမ်းပရိသတ်များရဲ့အချစ်တော်ဆူဆစ်ခ်ဟာ ပရိသတ်တစ်ဦးရဲ့ဖုန်းကိုယူကာ
Selfie ရိုက်ကူးခဲ့သလိုကွင်းတလွှားပြေးလွှားကာ
ဝက်စ်ဟမ်းပရိသတ်များနဲ့ လက်ဝါးချင်းရိုက်ခဲ့ပါတယ်။
BT Sport မှတင်ဆက်သူဂျိတ်ဟမ်ပရေးက “ဒါမျိုးလုပ်တာကြိုက်တယ်။
ဒီကနေ့အချိန်အခါမှာပရိသတ်နဲ့ကစားသမားအကြားပိုပြီးတော့
နီးကပ်လာကြပါတယ်။ဆူဆက်ခ်ဟာကွင်းအတွင်းတစ်လျှောက်ပြေးလွှားကာ
ပရိသတ်များနဲ့ လက်ဝါးချင်းရိုက်ခဲ့မှုအတွက်ဆိုရှယ်မီဒီယာမှာချီးကျူးခြင်းခံနေရပါတယ်။
zawgyi
ပရိသတ်တွေပါ ပါတဲ့ ဆူဆက်ခ်ရဲ့ချဲလ်ဆီးကိုနိုင်တဲ့ပွဲမှာ အောင်ပွဲခံမှု