ပရိသတ်တွေမယုံကြည်နိုင်လောက်အောင် ဗလကြီးဖြစ်သွားတဲ့ တောရက်စ်

လီဗာပူး၊ချဲလ်ဆီးနဲ့အက်သလက်တီကိုတိုက်စစ်မှုးဟောင်းဖြစ်တဲ့ ဖာနန်ဒိုတောရက်စ်ဟာ ဂျေလိဂ်ကလပ်တစ်ခုမှာ နောက်ဆုံးကစားခဲ့ပြီးနောက် ၂၀၁၉ မှာ ကစားသမားဘဝကနေ အနားယူသွားခဲ့တာပါ။

ဒါပေမဲ့ ၂၀၂၁ အစမှာပဲ ဆိုရှယ်မီဒီယာမှာထွက်ပေါ်လာတဲ့ရုပ်ပုံတွေအရ သူ့ရဲ့ခန္ဓာကိုယ်အပြောင်းအလဲဟာ ပရိသတ်တွေအတွက် မယုံကြည်နိုင်စရာ ဖြစ်သွားပါတယ်။

ကစားသမားဘဝတုန်းက ပိန်ပိန်ပါးပါးကျစ်ကျစ်လစ်လစ်ရှိခဲ့တဲ့ အဲဒီစပိန်သားတိုက်စစ်မှုးဟောင်းဟာ အခုတော့ ဝတ်ထားတဲ့အင်္ကျီတောင် မဆံ့တော့ဘူးထင်ရလောက်အောင် ဗလကြီးနဲ့ ဖြစ်သွားခဲ့လို့ပါ။

လွန်ခဲ့တဲ့ ၁၈ လကမှ ဘောလုံးသမားဘဝအနားယူသွားသူဟာ အခုတော့ နပန်းသမားတစ်ယောက်လို ဘော်ဒီမျိုးနဲ့ ဖြစ်နေတာပါ။

တောရက်စ်ဟာ အရှေ့တောင်အာရှကာစီနိုဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ AW8 ရဲ့Brand Ambassador အဖြစ် သူလက်မှတ်ရေးထိုးတဲ့အခမ်းအနားဗီဒီယိုကို Instagram ပေါ်တင်ရာမှာ ကြံ့ခိုင်တောင့်တင်းတဲ့သူ့ရဲ့ဘော်ဒီပုံစံသစ်ကို မြင်တွေ့ကြရတာပါ။

ကြည့်ရတာ ၃၆ နှစ်အရွယ် တောရက်စ်ဟာ ကစားသမားဘဝနားပြီးကတည်းက Gym မှာ လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန်လုပ်ခဲ့ပုံရပါတယ်။

အခုနှုန်းထားအတိုင်းသာ ဆက်လုပ်သွားမယ်ဆိုရင် သူဟာ ဝုဗ်က ဗလကြီးဖြစ်တဲ့ထရာအိုရေးကိုတောင် လိုက်မမီဘူးလို့ မပြောနိုင်ပါဘူး။

တောရက်စ်ဟာ မကြာသေးခင်ရက်ပိုင်းကမှ အက်သလက်တီကို(ခ)အသင်းရဲ့လက်ထောက်နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတာပါ။

ဒါဟာ နည်းပြလောကထဲကို ဝင်ရောက်တော့မယ့် သူ့ရဲ့ကနဦးခြေလှမ်းဖြစ်ပေမယ့် လက်ရှိဘော်ဒီမျိုးနဲ့ဆိုရင် လူငယ်ကစားသမားလေးတွေကတောင် ရှိန်ကြမှာပါ။

Zawgyi

ပရိသတ္ေတြမယုံၾကည္ႏိုင္ေလာက္ေအာင္ ဗလႀကီးျဖစ္သြားတဲ့ ေတာရက္စ္

လီဗာပူး၊ခ်ဲလ္ဆီးနဲ႔အက္သလက္တီကိုတိုက္စစ္မႈးေဟာင္းျဖစ္တဲ့ ဖာနန္ဒုိေတာရက္စ္ဟာ ေဂ်လိဂ္ကလပ္တစ္ခုမွာ ေနာက္ဆုံးကစားခဲ့ၿပီးေနာက္ ၂၀၁၉ မွာ ကစားသမားဘ၀ကေန အနားယူသြားခဲ့တာပါ။

ဒါေပမဲ့ ၂၀၂၁ အစမွာပဲ ဆုိရွယ္မီဒီယာမွာထြက္ေပၚလာတဲ့ရုပ္ပုံေတြအရ သူ႔ရဲ႕ခႏၶာကိုယ္အေျပာင္းအလဲဟာ ပရိသတ္ေတြအတြက္ မယံုၾကည္ႏိုင္စရာ ျဖစ္သြားပါတယ္။

ကစားသမားဘ၀တုန္းက ပိန္ပိန္ပါးပါးက်စ္က်စ္လစ္လစ္ရွိခဲ့တဲ့ အဲဒီစပိန္သားတုိက္စစ္မႈးေဟာင္းဟာ အခုေတာ့ ၀တ္ထားတဲ့အက်ၤီေတာင္ မဆံ့ေတာ့ဘူးထင္ရေလာက္ေအာင္ ဗလႀကီးနဲ႔ ျဖစ္သြားခဲ့လုိ႔ပါ။

လြန္ခဲ့တဲ့ ၁၈ လကမွ ေဘာလုံးသမားဘ၀အနားယူသြားသူဟာ အခုေတာ့ နပန္းသမားတစ္ေယာက္လို ေဘာ္ဒီမ်ိဳးနဲ႔ ျဖစ္ေနတာပါ။

ေတာရက္စ္ဟာ အေရွ႕ေတာင္အာရွကာစီႏို၀က္ဘ္ဆိုဒ္တစ္ခုျဖစ္တဲ့ AW8 ရဲ႕Brand Ambassador အျဖစ္ သူလက္မွတ္ေရးထိုးတဲ့အခမ္းအနားဗီဒီယုိကို Instagram ေပၚတင္ရာမွာ ႀကံ႕ခိုင္ေတာင့္တင္းတဲ့သူ႔ရဲ႕ေဘာ္ဒီပုံစံသစ္ကို ျမင္ေတြ႕ၾကရတာပါ။

ၾကည့္ရတာ ၃၆ ႏွစ္အရြယ္ ေတာရက္စ္ဟာ ကစားသမားဘ၀နားၿပီးကတည္းက Gym မွာ ေလ့က်င့္ခန္းေတြ ျပင္းျပင္းထန္ထန္လုပ္ခ့ဲပုံရပါတယ္။

အခုႏႈန္းထားအတိုင္းသာ ဆက္လုပ္သြားမယ္ဆုိရင္ သူဟာ ၀ုဗ္က ဗလႀကီးျဖစ္တဲ့ထရာအိုေရးကိုေတာင္ လိုက္မမီဘူးလို႔ မေျပာႏိုင္ပါဘူး။

ေတာရက္စ္ဟာ မၾကာေသးခင္ရက္ပိုင္းကမွ အက္သလက္တီကို(ခ)အသင္းရဲ႕လက္ေထာက္နည္းျပအျဖစ္ ခန္႔အပ္ခံခဲ့ရတာပါ။

ဒါဟာ နည္းျပေလာကထဲကို ၀င္ေရာက္ေတာ့မယ့္ သူ႔ရဲ႕ကနဦးေျခလွမ္းျဖစ္ေပမယ့္ လက္ရွိေဘာ္ဒီမ်ိဳးနဲ႔ဆုိရင္ လူငယ္ကစားသမားေလးေတြကေတာင္ ရွိန္ၾကမွာပါ။