ပရိသတ်တွေရဲ့ ဝေဖန်ခြင်းခံနေရတဲ့ မာရှယ်မကြာခင်မှာ ပုံစံကောင်းပြန်ရလာမယ်လို့ ဆိုးလ်ရှား ယုံကြည်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက တိုက်စစ်မှူး မာရှယ်တစ်ယောက်မကြာခင်မှာ ပုံစံကောင်းပြန်လည်ရရှိလာလိမ့်မယ်လို့ ထောက်ခံပြောကြာလိုက်ပါတယ်။

အသက် ၂၅ နှစ်သားဟာ တစ်လနီးပါးလောက်အထိ ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ဒီရာသီမှာလည်း ပရီးမီးယားလိဂ်သွင်းဂိုး ၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။


တိုက်စစ်မှူးသစ် ကာဗာနီက မာရှယ်ထက်ပွဲပိုနည်းပြီးကစားထားရပေမယ့် ဂိုးပိုသွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ဆိုးလ်ရှားက မကြာခင်မှာ ပြင်သစ်သားတစ်ယောက် ပုံစံကောင်းတစ်ရပ်ပြန်လည်ရရှိလာလိမ့်မယ်လို့ ထောက်ခံခဲ့ပါတယ်။


“သူ့မှာ အရည်အချင်းကောင်းတွေရှိနေပါတယ်။ ကျွန်တော်ကတော့ သူ့အရည်အချင်းတွေကို သံသယမရှိပါဘူး။
အခွင့်အရေးကောင်းတွေလွဲချော်ခဲ့တာမှန်ပေမယ့် အဲ့တာက လူတိုင်းဖြစ်တတ်ပါတယ်။ လာမယ့်အခွင့်အရေးတွေကိုပဲ သေချာလေးအသုံးချနိုင်ဖို့ လိုအပ်ပါတယ်။


လေ့ကျင့်ခန်းအစီအစဉ်မှာလည်း သူအကောင်းဆုံးလေ့ကျင့်ပါတယ်”လို့ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။
မာရှယ်ဟာ အခုအပတ်အာဆင်နယ်နဲ့ပွဲမှာလည်း ပါဝင်လာဖွယ်ရှိနေပြီး ဆိုးလ်ရှားက ရှက်ဖီးလ်နဲ့ပွဲက စွမ်းဆောင်ရည်ထက် ပိုကောင်းလာမယ်လို့ ယုံကြည်နေပါတယ်။

“ကျွန်တော်တို့ အရာအားလုံးအတွက် ပြင်ဆင်ထားပါတယ်။ အာဆင်နယ်နဲ့ပွဲအတွက် သေချာလေးကို ပြင်ဆင်ထားပါတယ်။
တခါတလေမှာအနိုင်ရရှိဖို့ လွယ်ကူပေမယ့် တစ်ခါတလေကျတော့လည်း ခက်ခဲတဲ့ပွဲတွေရှိတတ်ပါတယ်။ ရှက်ဖီးလ်နဲ့ပွဲကဆိုလည်း ကျွန်တော်တို့ အနိုင်ရရှိခဲ့ရမှာပါ။
ဒါပေမဲ့ ခက်ခဲခဲ့ပါတယ်။ အာဆင်နယ်နဲ့ပွဲကလည်း ခက်ခဲလာနိုင်ပါတယ်”လို့ ဆိုးလ်ရှားက ထပ်လောင်းပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
==================

