ပရိသတ်တွေဝမ်းသာအောင် အခုအချိန်မှ ထုတ်ပြောပြလိုက်တဲ့ ဖာနန်ဒက်ပြောတဲ့ ပေါ့ဘာရဲ့ကတိ အကြောင်း….

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဖာနန်ဒက်စ်ဟာ အခုဆိုရင် ယူနိုက်တက်ကို ရောက်ရှိလာတာ တစ်နှစ်ရှိပြီဖြစ်ပါတယ်။ သူဟာ အသင်းမှာ အကောင်းဆုံး ခြေစွမ်းပြကစားနိုင်နေသလို အသင်းရဲ့အဓိကကစားသမားတစ်ဦးလည်းဖြစ်နေပါတယ်။  ယူနိုက်တက်မှာ ပေါ့ဘာနဲ့ ဘရူနိုတွဲဖက်မှုဟာ အောင်မြင်မှု ကြီးကြီးမားမားမရရှိသေးပေမယ့် တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီလာတာကို တွေ့ မြင်ရပါတယ်။ ဖာနန်ဒက်စ် ရောက်ရှိလာချိန်က ယူနိုက်တက်ပရိသတ်တွေက ကွင်းလယ်မှာ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့အတွဲဟာ တောက်ပလာမယ်လို့ အများကြီး မျှော်လင့်ခဲ့ကြပါတယ်။

အခုအချိန်မှာ ဆိုလ်ရှားရဲ့ နည်းစနစ်မှာ သူတို့နှစ်ယောက်အတွဲ ပွဲထွက်လာချိန်ဆိုရင် ဖာနန်ဒက်စ် က တိုက်စစ်ပိုင်းပိုမိုတာဝန်ယူလာနိုင်သလို ပေါဂ့်ဘာ က ခံစစ်နဲ့ချိတ်ဆက်မှု့ကိုတာဝန်ယူထားရတာကို တွေ့မြင်လာရပါတယ်။ ဖာနန်ဒက်စ်က ပေါ့ဘာနဲ့ ပတ်သက်ပြီး အခုအချိန်မှာ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေး အခြေအနေတွေကို ထုတ်ဖော်ပြောပြလာခဲ့သလို သူအသင်းကိုရောက်ကာစက ကြုံတွေခဲ့ရတဲ့အဖြစ်တွေကို ပြန်လည်ပြောပြခဲ့ပါတယ်။

“ကျွန်တော်နဲ့ ပေါ့ဘာကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။ ဒီကို စရောက်ကာစက သူနဲ့ ကျွန်တော့်ရဲ့ ဆက်သွယ်ရေးကြာခံဘာသာစကားက အီတလီစကားပေါ့ဗျာ။ သူနဲ့ ကျွန်တော်က အီတလီမှာကတည်းက သိကြပါတယ်။ ဘာသာစကား အဆင်ပြေတော့ သူနဲ့ အလုပ်တူလုပ်ကြတဲ့အခါ အရာရာကလွယ်ကူတာပေါ့။

ယူနိုက်တက်ကို ကျွန်တော် ရောက်ခါစတုန်းက သူက ဒဏ်ရာရနေလို့နားနေချိန်။ သူ့ရဲ့ ကြံ့ခိုင်မှုပြည့်ဝဖို့ ကြိုးစားတာတွေ သီးခြားလေ့ကျင့်တာတွေ ကျွန်တော်တွေ့ရပါတယ်။ တစ်ခါတစ်ရံအချိန်တွေဆိုရင် သူနဲ့ စကားပြောဖြစ်တဲ့အခါတွေဆိုရင် သူက‘ငါမင်းရဲ့ ကစားဟန် တွေကိုတွေ့တယ်။ ငါသာကြံခိုင်မှု့အပြည့်ရလာပြီးရင် မင်းကို ထောက်ပံပေးမယ်လို့၊ ကွင်းထဲမှာ မင်းဘယ်နေရာမှရှိနေနေ ငါမင်းကိုရအောင်ရှာပြီး ဘောလုံးပို့ပေးမယ်’လို့ ပြောခဲ့ပါတယ်။

ဒါကကျွန်တော့်ကို ယုံကြည်မှု့များစွာ ရစေခဲ့တယ်လေ။ သူ ပြန်ကောင်းမွန်လာတဲ့အခါမှာလည်း ကျွန်တော့်ကို ကူညီပေးခဲ့သလိုအသင်းကိုပိုကောင်းအောင်ပြုလုပ်ပေးနိုင်တဲ့သူပါပဲ”။

ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့အတွက်လည်း ကျွန်တော်ကိုအကြံပေးခဲ့တဲ့သူတွေထဲမှာ ရဲ့ လက်ရွေးစင်အသင်းဖော်ဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ နာနီတို့လည်းပါဝင်ပါတယ်။ ရော်နယ်ဒိုနဲ့ သူက အခုအချိန်အထိ အချိအဆက်ရှိနေသလို ယူနိုက်တက်အသင်းအကြောင်းတွေကို ပြောလေ့ရှိတယ်လို့ ဖာနန်ဒက်က ပြောခဲ့ပါတယ်။ “သူက ကျွန်တော် ထက် ဒီအသင်းကြောင်းကိုပိုသိတဲ့သူလေ။ ဒီတော့ သူ့ကို အသင်းနဲ့ ပတ်သက်လို့ မေးမြန်းခဲ့ရတာတွေ အများကြီးပဲရှိခဲ့တာပေါ့။

သူကလည်း ကျွန်တော့် ကို ကောင်းမွန်တဲ့ အကြံဉာဏ် တွေ ပြန်ပေးခဲ့ပါတယ်။ ဒါကတကယ်ကိုပဲ အရေးပါပါတယ်။ ယူနိုက်တက် အသင်းကို ပြောင်းရွှေ့ဖို့ စပိုးတင်းနဲ့အစီအစဉ်တွေ စကတည်းက တိုင်ပင်ဖြစ်ခဲ့တဲ့သူက ရော်နယ်ဒိုပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က ယူနိုက်တက်ကို ပြောင်းမှာဖြစ်ပေမယ့် သူ့အကြံဉာဏ်တွေကြောင့် ပိုပြောင်းချင်လာခဲ့ပါတယ်။

ဒီအသင်းက ဘယ်လောက်ကြီးကျယ်ခမ်းနားကြောင်းနဲ့ ကျွန်တော့်အတွက် ဘယ်လောက်ကောင်းကြောင်း သူ အကြံပေး ပြောကြားခဲ့သလို ပြောင်းဖြစ်အောင်လို့လည်းတိုက်တွန်းခဲ့ပါတယ်။ဆုဖလားတွေအတွက် တိုက်ပွဲဝင်ဖို့လည်း သူက အကြံပေးခဲ့ပါတယ်။” လို့ပြောခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပရိသတ္ေတြဝမ္းသာေအာင္ အခုအခ်ိန္မွ ထုတ္ေျပာျပလိုက္တဲ့ ဖာနန္ဒက္ေျပာတဲ့ ေပါ့ဘာရဲ႕ကတိ အေၾကာင္း….

ဖာနန္ဒက္စ္ဟာ အခုဆိုရင္ ယူႏိုက္တက္ကို ေရာက္ရွိလာတာ တစ္ႏွစ္ရွိၿပီျဖစ္ပါတယ္။ သူဟာ အသင္းမွာ အေကာင္းဆုံး ေျခစြမ္းျပကစားႏိုင္ေနသလို အသင္းရဲ႕အဓိကကစားသမားတစ္ဦးလည္းျဖစ္ေနပါတယ္။ ယူႏိုက္တက္မွာ ေပါ့ဘာနဲ႔ ဘ႐ူႏိုတြဲဖက္မႈဟာ ေအာင္ျမင္မႈ ႀကီးႀကီးမားမားမရရွိေသးေပမယ့္ တစ္ေယာက္နဲ႔တစ္ေယာက္ ေဖးမကူညီလာတာကို ေတြ႕ ျမင္ရပါတယ္။ ဖာနန္ဒက္စ္ ေရာက္ရွိလာခ်ိန္က ယူႏိုက္တက္ပရိသတ္ေတြက ကြင္းလယ္မွာ ေပါ့ဘာနဲ႔ ဖာနန္ဒက္စ္တို႔အတြဲဟာ ေတာက္ပလာမယ္လို႔ အမ်ားႀကီး ေမွ်ာ္လင့္ခဲ့ၾကပါတယ္။ အခုအခ်ိန္မွာ ဆိုလ္ရွားရဲ႕ နည္းစနစ္မွာ သူတို႔ႏွစ္ေယာက္အတြဲ ပြဲထြက္လာခ်ိန္ဆိုရင္ ဖာနန္ဒက္စ္ က တိုက္စစ္ပိုင္းပိုမိုတာဝန္ယူလာႏိုင္သလို ေပါဂ့္ဘာ က ခံစစ္နဲ႔ခ်ိတ္ဆက္မႈ႕ကိုတာဝန္ယူထားရတာကို ေတြ႕ျမင္လာရပါတယ္။ ဖာနန္ဒက္စ္က ေပါ့ဘာနဲ႔ ပတ္သက္ၿပီး အခုအခ်ိန္မွာ သူတို႔ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရး အေျခအေနေတြကို ထုတ္ေဖာ္ေျပာျပလာခဲ့သလို သူအသင္းကိုေရာက္ကာစက ႀကဳံေတြခဲ့ရတဲ့အျဖစ္ေတြကို ျပန္လည္ေျပာျပခဲ့ပါတယ္။

“ကြၽန္ေတာ္နဲ႔ ေပါ့ဘာၾကားမွာ ေကာင္းမြန္တဲ့ ဆက္ဆံေရး ရွိပါတယ္။ ဒီကို စေရာက္ကာစက သူနဲ႔ ကြၽန္ေတာ့္ရဲ႕ ဆက္သြယ္ေရးၾကာခံဘာသာစကားက အီတလီစကားေပါ့ဗ်ာ။ သူနဲ႔ ကြၽန္ေတာ္က အီတလီမွာကတည္းက သိၾကပါတယ္။ ဘာသာစကား အဆင္ေျပေတာ့ သူနဲ႔ အလုပ္တူလုပ္ၾကတဲ့အခါ အရာရာကလြယ္ကူတာေပါ့။

ယူႏိုက္တက္ကို ကြၽန္ေတာ္ ေရာက္ခါစတုန္းက သူက ဒဏ္ရာရေနလို႔နားေနခ်ိန္။ သူ႔ရဲ႕ ႀကံ့ခိုင္မႈျပည့္ဝဖို႔ ႀကိဳးစားတာေတြ သီးျခားေလ့က်င့္တာေတြ ကြၽန္ေတာ္ေတြ႕ရပါတယ္။ တစ္ခါတစ္ရံအခ်ိန္ေတြဆိုရင္ သူနဲ႔ စကားေျပာျဖစ္တဲ့အခါေတြဆိုရင္ သူက‘ငါမင္းရဲ႕ ကစားဟန္ ေတြကိုေတြ႕တယ္။ ငါသာႀကံခိုင္မႈ႕အျပည့္ရလာၿပီးရင္ မင္းကို ေထာက္ပံေပးမယ္လို႔၊ ကြင္းထဲမွာ မင္းဘယ္ေနရာမွရွိေနေန ငါမင္းကိုရေအာင္ရွာၿပီး ေဘာလုံးပို႔ေပးမယ္’လို႔ ေျပာခဲ့ပါတယ္။ ဒါကကြၽန္ေတာ့္ကို ယုံၾကည္မႈ႕မ်ားစြာ ရေစခဲ့တယ္ေလ။ သူ ျပန္ေကာင္းမြန္လာတဲ့အခါမွာလည္း ကြၽန္ေတာ့္ကို ကူညီေပးခဲ့သလိုအသင္းကိုပိုေကာင္းေအာင္ျပဳလုပ္ေပးႏိုင္တဲ့သူပါပဲ”။

ယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ဖို႔အတြက္လည္း ကြၽန္ေတာ္ကိုအႀကံေပးခဲ့တဲ့သူေတြထဲမွာ ရဲ႕ လက္ေ႐ြးစင္အသင္းေဖာ္ျဖစ္တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒိုနဲ႔ နာနီတို႔လည္းပါဝင္ပါတယ္။ ေရာ္နယ္ဒိုနဲ႔ သူက အခုအခ်ိန္အထိ အခ်ိအဆက္ရွိေနသလို ယူႏိုက္တက္အသင္းအေၾကာင္းေတြကို ေျပာေလ့ရွိတယ္လို႔ ဖာနန္ဒက္က ေျပာခဲ့ပါတယ္။ “သူက ကြၽန္ေတာ္ ထက္ ဒီအသင္းေၾကာင္းကိုပိုသိတဲ့သူေလ။ ဒီေတာ့ သူ႔ကို အသင္းနဲ႔ ပတ္သက္လို႔ ေမးျမန္းခဲ့ရတာေတြ အမ်ားႀကီးပဲရွိခဲ့တာေပါ့။ သူကလည္း ကြၽန္ေတာ့္ ကို ေကာင္းမြန္တဲ့ အႀကံဉာဏ္ ေတြ ျပန္ေပးခဲ့ပါတယ္။ ဒါကတကယ္ကိုပဲ အေရးပါပါတယ္။ ယူႏိုက္တက္ အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ စပိုးတင္းနဲ႔အစီအစဥ္ေတြ စကတည္းက တိုင္ပင္ျဖစ္ခဲ့တဲ့သူက ေရာ္နယ္ဒိုပါပဲ။ ဘယ္လိုပဲျဖစ္ျဖစ္ ကြၽန္ေတာ္က ယူႏိုက္တက္ကို ေျပာင္းမွာျဖစ္ေပမယ့္ သူ႔အႀကံဉာဏ္ေတြေၾကာင့္ ပိုေျပာင္းခ်င္လာခဲ့ပါတယ္။

ဒီအသင္းက ဘယ္ေလာက္ႀကီးက်ယ္ခမ္းနားေၾကာင္းနဲ႔ ကြၽန္ေတာ့္အတြက္ ဘယ္ေလာက္ေကာင္းေၾကာင္း သူ အႀကံေပး ေျပာၾကားခဲ့သလို ေျပာင္းျဖစ္ေအာင္လို႔လည္းတိုက္တြန္းခဲ့ပါတယ္။ဆုဖလားေတြအတြက္ တိုက္ပြဲဝင္ဖို႔လည္း သူက အႀကံေပးခဲ့ပါတယ္။” လို႔ေျပာခဲ့ပါတယ္။