
ခရစ္စတီယာနိုရော်နယ်ဒိုဟာသူ့လိုအမိုက်စားရုပ်မျိုးပိုင်ဆိုင်လိုတဲ့
သူ့ပရိသတ်များအတွက်အလှကုန်ပစ္စည်းများထုတ်လုပ်ရောင်းချလာတော့မှာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်စူပါစတားဟာကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့်
ပစ္စည်းများထုတ်လုပ်ရောင်းချနေသူလည်းဖြစ်ပါတယ်။
ဒါပေမဲ့ယခုအခါမှာတော့ပေါ်တူဂီအသင်းခေါင်းဆောင်ဟာသူ့ပရိသတ်များကို
သူ့လိုလှပလာအောင်လုပ်ဖို့အခွင့်အရေးရလာခဲ့ပြီဖြစ်ပါတယ်။
Mirror ရဲ့ဖော်ပြချက်အရခရစ္စတီယာနိုရော်နယ်ဒိုဟာ ယင်းစီမံကိန်းအတွက်
Cristiano Ronalod Orgins ဆိုတဲ့အမည်ကိုမူပိုင်ခွင့်ရယူထားကြောင်းသိရပါတယ်။
ရော်နယ်ဒိုရဲ့အမှတ်တံဆိပ်မူပိုင်ခွင့်ကအလှကုန်ပစ္စည်းများ
ထုတ်လုပ်ဖို့အတွက်ဖြစ်ပါတယ်။ဒါကိုကြည့်ရင်အသက်၃၆နှစ်ရှိ
ရော်နယ်ဒိုဟာကုန်ပစ္စည်းများစွာထုတ်လုပ်ပြီးသူ့ဈေးကွက်
ကျယ်ပြန့်သထက်ကျယ်ပြန့်လာအောင်လုပ်ဆောင်လာတော့မယ်ဆိုတာမြင်နိုင်ပါတယ်။
ရွှေဘောလုံးဆုငါးကြိမ်ရခရစ္စတီယာနိုရော်နယ်ဒိုဟာမိတ်ကပ်၊
ဆပ်ပြာနှင့်နုပျိုစေတဲ့ Cream တို့ထုတ်လုပ်လာဖို့ရှိပါတယ်။
zawgyi
ပရိသတ်တွေ အလှတိုးစေမယ့် ရော်နယ်ဒိုရဲ့ ပလန်