ပရိသတ်ဝင်ခွင့်ရတစ်သင်းတည်းသောအသင်းဖြစ်နေတာက အားသာချက်မဟုတ်ကြောင်း ကလော့ပ် အခိုင်အမာဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးအသင်းနည်းပြ ကလော့ပ်က ကွင်းထဲ ပရိသတ်တွေ ဝင်ခွင့်မရလို့ စိတ်ပျက်နေကြတဲ့ တခြားအသင်းတွေရဲ့ခံစားချက်ကို နားလည်ပေမယ့် လက်ရှိအနေအထားက ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းမှာ လီဗာပူးအတွက် အားသာချက်မဟုတ်ကြောင်း အခိုင်အမာဆိုပါတယ်။


လီဗာပူးဟာ ဒီည ဝက်စ်ဘရွန်းနဲ့ကစားရမယ့် အိမ်ကွင်းပွဲမှာ အန်ဖီးလ်ကွင်းထဲ ပရိသတ် ၂၀၀၀ ဝင်ရောက်ကြည့်ရှုခွင့်ရမှာဖြစ်ပြီး ယခုတစ်ပတ်ပွဲတွေအနက် ပရိသတ်ဝင်ရောက်ကြည့်ရှုခွင့်ရတဲ့ တစ်သင်းတည်းသောအသင်းအဖြစ် ရပ်တည်နေပါတယ်။


ပြီးခဲ့တဲ့အပတ်က ဗြိတိန်အစိုးရကနေ သတ်မှတ်လိုက်တဲ့ ကန့်သတ်မှုအသစ်တွေအရ ပရီးမီးယားလိဂ်ကလပ်တွေအနက် လီဗာပူးနဲ့ အဲဗာတန်အသင်းတို့ပဲ ကွင်းထဲ ပရိသတ်ဝင်ခွင့်ရမယ့် tier two အဆင့်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။


”ဘယ်သူမဆို အကောင်းဆုံးပဲလိုချင်တာ ကျွန်တော် နားလည်ပါတယ်။ တကယ်လို့ ကျွန်တော်တို့က ပရိသတ် ၂၀၀၀ ဝင်ခွင့်ရပြီး တခြားအသင်းတွေက ဝင်ခွင့်မရတဲ့အခါ ဒီအကြောင်းကို လူတွေ ပြောကြဆိုကြမယ်ဆိုတာ ကျွန်တော် သိပါတယ်”

”ကျွန်တော်ကိုယ်တိုင်လည်း အားလုံး ဒီလိုဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။ ကျွန်တော်တို့လည်း ဘယ်လောက်အထိ ဒီလိုဖြစ်နေမှာလဲဆိုတာ မသိပါဘူး။ ဒီနှစ်မှာ ကျွန်တော်တို့အနေနဲ့ ဒီလိုခွင့်ပြုပေးထားသမျှ ပျော်ရွှင်စွာနဲ့ ဖြတ်သန်းသွားမှာပါ”

”ကျွန်တော်တို့အတွက် အကျိုးရှိတာက စိတ်ခံစားမှုအပိုင်းပါ။ ပရိသတ်တွေ ဝင်ခွင့်ရတော့ ပိုပြီးပျော်ဖို့ကောင်းတာပေါ့။ ဒီလိုတစ်သင်းတည်း ပရိသတ်ဝင်ခွင့်ရတာက ကြီးမားတဲ့အားသာချက်လို့တော့ မမြင်ပါဘူး။ ပျော်စရာကောာင်းတာလောက်ပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က ဒီလိုမျိုးသွားဆုံးဖြတ်လို့တော့မရပါဘူး”လို့ ကလော့ပ်က ပြောပါတယ်။

ဒါ့အပြင် ကလော့ပ်က ကွင်းထဲ လာကြည့်မယ့်ပရိသတ်တွေအနေနဲ့ tier two ကနေ tier three အဖြစ် ပြောင်းသွားပြီး ကစားသမားတွေလည်း ပရိသတ်မပါဘဲ ထပ်မံကစားရမယ့်အဖြစ်မျိုး ပြန်ရောက်မသွားစေဖို့အတွက် စည်းကမ်းတကျအားပေးဖို့ တိုက်တွန်းပါတယ်။


ကလော့ပ်က ဒီလို မိမိတို့အသင်း tier two သတ်မှတ်ခံရတာက လီဗာပူးမြို့သားတွေရဲ့စည်းကမ်းလိုက်နာမှုကြောင့်ဖြစ်တယ်လု့ိ ချီးကျူးသွားခဲ့ပြီး လီဗာပူးမြို့သားတွေက စည်းကမ်းလိုက်နာလို့ဖြစ်ကြောင်း ဆိုပါတယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံးအနှံ့ အခြေအနေပြန်လည်ဆိုးရွားလာလု့ိ လီဗာပူးမြို့လည်း တစ်ချိန်ချိန်မှာ ရိုက်ခတ်မှုရှိလာနိုင်တယ်လို့ ဝန်ခံပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပရိသတ္၀င္ခြင့္ရတစ္သင္းတည္းေသာအသင္းျဖစ္ေနတာက အားသာခ်က္မဟုတ္ေၾကာင္း ကေလာ့ပ္ အခုိင္အမာဆုိ

လီဗာပူးအသင္းနည္းျပ ကေလာ့ပ္က ကြင္းထဲ ပရိသတ္ေတြ ၀င္ခြင့္မရလို႔ စိတ္ပ်က္ေနၾကတဲ့ တျခားအသင္းေတြရဲ႕ခံစားခ်က္ကို နားလည္ေပမယ့္ လက္ရွိအေနအထားက ပရီးမီးယားလိဂ္ခ်န္ပီယံေျပးလမ္းမွာ လီဗာပူးအတြက္ အားသာခ်က္မဟုတ္ေၾကာင္း အခိုင္အမာဆုိပါတယ္။ လီဗာပူးဟာ ဒီည ၀က္စ္ဘရြန္းနဲ႔ကစားရမယ့္ အိမ္ကြင္းပြဲမွာ အန္ဖီးလ္ကြင္းထဲ ပရိသတ္ ၂၀၀၀ ၀င္ေရာက္ၾကည့္႐ႈခြင့္ရမွာျဖစ္ၿပီး ယခုတစ္ပတ္ပဲြေတြအနက္ ပရိသတ္၀င္ေရာက္ၾကည့္႐ႈခြင့္ရတဲ့ တစ္သင္းတည္းေသာအသင္းအျဖစ္ ရပ္တည္ေနပါတယ္။

ၿပီးခဲ့တဲ့အပတ္က ၿဗိတိန္အစိုးရကေန သတ္မွတ္လုိက္တဲ့ ကန္႔သတ္မႈအသစ္ေတြအရ ပရီးမီးယားလိဂ္ကလပ္ေတြအနက္ လီဗာပူးနဲ႔ အဲဗာတန္အသင္းတုိ႔ပဲ ကြင္းထဲ ပရိသတ္၀င္ခြင့္ရမယ့္ tier two အဆင့္သတ္မွတ္ျခင္းခံခဲ့ရပါတယ္။ ”ဘယ္သူမဆုိ အေကာင္းဆုံးပဲလိုခ်င္တာ ကၽြန္ေတာ္ နားလည္ပါတယ္။ တကယ္လုိ႔ ကၽြန္ေတာ္တုိ႔က ပရိသတ္ ၂၀၀၀ ၀င္ခြင့္ရၿပီး တျခားအသင္းေတြက ၀င္ခြင့္မရတဲ့အခါ ဒီအေၾကာင္းကို လူေတြ ေျပာၾကဆုိၾကမယ္ဆုိတာ ကၽြန္ေတာ္ သိပါတယ္”

”ကၽြန္ေတာ္ကိုယ္တုိင္လည္း အားလုံး ဒီလုိျဖစ္ပါေစလုိ႔ ဆုေတာင္းေပးပါတယ္။ ကၽြန္ေတာ္တို႔လည္း ဘယ္ေလာက္အထိ ဒီလုိျဖစ္ေနမွာလဲဆုိတာ မသိပါဘူး။ ဒီႏွစ္မွာ ကၽြန္ေတာ္တုိ႔အေနနဲ႔ ဒီလုိခြင့္ျပဳေပးထားသမွ် ေပ်ာ္ရႊင္စြာနဲ႔ ျဖတ္သန္းသြားမွာပါ။ ကၽြန္ေတာ္တုိ႔အတြက္ အက်ိဳးရွိတာက စိတ္ခံစားမႈအပိုင္းပါ။ ပရိသတ္ေတြ ၀င္ခြင့္ရေတာ့ ပိုၿပီးေပ်ာ္ဖုိ႔ေကာင္းတာေပါ့။ ဒီလုိတစ္သင္းတည္း ပရိသတ္၀င္ခြင့္ရတာက ႀကီးမားတဲ့အားသာခ်က္လုိ႔ေတာ့ မျမင္ပါဘူး။ ေပ်ာ္စရာေကာာင္းတာေလာက္ပါပဲ။ ဒါေပမ့ဲ ကၽြန္ေတာ္တို႔ဘက္က ဒီလုိမ်ိဳးသြားဆုံးျဖတ္လုိ႔ေတာ့မရပါဘူး”လုိ႔ ကေလာ့ပ္က ေျပာပါတယ္။

ဒါ့အျပင္ ကေလာ့ပ္က ကြင္းထဲ လာၾကည့္မယ့္ပရိသတ္ေတြအေနနဲ႔ tier two ကေန tier three အျဖစ္ ေျပာင္းသြားၿပီး ကစားသမားေတြလည္း ပရိသတ္မပါဘဲ ထပ္မံကစားရမယ့္အျဖစ္မ်ိဳး ျပန္ေရာက္မသြားေစဖုိ႔အတြက္ စည္းကမ္းတက်အားေပးဖုိ႔ တုိက္တြန္းပါတယ္။ ကေလာ့ပ္က ဒီလုိ မိမိတို႔အသင္း tier two သတ္မွတ္ခံရတာက လီဗာပူးၿမိဳ႕သားေတြရဲ႕စည္းကမ္းလုိက္နာမႈေၾကာင့္ျဖစ္တယ္လု႔ိ ခ်ီးက်ဴးသြားခဲ့ၿပီး လီဗာပူးၿမိဳ႕သားေတြက စည္းကမ္းလုိက္နာလုိ႔ျဖစ္ေၾကာင္း ဆုိပါတယ္။ ဒါေပမဲ့ တစ္ႏုိင္ငံလုံးအႏွံ႔ အေျခအေနျပန္လည္ဆုိးရြားလာလု႔ိ လီဗာပူးၿမိဳ႕လည္း တစ္ခ်ိန္ခ်ိန္မွာ ႐ိုက္ခတ္မႈရွိလာႏိုင္တယ္လုိ႔ ၀န္ခံပါတယ္။