ပရိသတ်အကြိုက်နဲ့ ထပ်တူညီမယ့် ပွဲထွက်စာရင်းထုတ်သုံးပြီး အိုးလ်ထရက်ဖို့ဒ် ပထမဆုံးနိုင်ပွဲ မန်ယူ ရယူသွားမလား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ ပီအက်စ်ဂျီကိုအနိုင်ယူပြီး ၃ မှတ်အပြည့်ရခဲ့တဲ့ မန်ယူဟာ ဒုတိယပွဲအဖြစ် လိုက်ဇစ်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ကစားရဖို့ ရှိ ပါတယ်။

ပွဲကျပ်ကာလထဲကိုရောက်နေတဲ့ မန်ယူအဖို့ ဒီပွဲပြီးရင် ပရီးမီးယားလိဂ်မှာ အာဆင်နယ်နဲ့ကစားရဦးမှာပါ။

လိုက်ဇစ်နဲ့ပွဲအတွက် ယူအီးအက်ဖ်အေက ထုတ် ပြန်ထားတဲ့ ဖြစ်နိုင်ဖွယ်လူစာရင်းအရ ပရိသတ်တွေ ပွဲထွက်စေချင်တဲ့ တဲလက်စ်နဲ့ ဗန်ဒီဘိခ်တို့ ၂ ဦးစလုံး ပါဝင်နေတာကိုတွေ့ရပါတယ်။

မန်ယူနဲ့ကစားမယ့် လိုက် ဇစ်မှာ ကစားသမား ၄ ဦးအထိ ဒဏ်ရာရနေပြီး ပါဝင်ဖို့မသေချာတဲ့ကစားသမား ကလည်း ၃ ဦးအထိရှိနေပါတယ်။

မန်ယူမှာတော့ ဒီပွဲကို ကျိန်းသေပေါက်လွဲချော် မယ့် ကစားသမားတစ်ဦးတည်းရှိပြီး ဘိုင်းလီပါပဲ။

မန်ယူအသင်းရဲ့ ဒီပွဲမှာ ပွဲထွက် လာမယ့် ဖြစ်နိုင်ခြေလူစာရင်းကို အခုလိုတွေ့ရမှာပါ။

ဂိုး – ဒီဂီယာ

ပုံမှန်လက်စွမ်းရှိတဲ့အပြင် အတွေ့အကြုံလည်းများတဲ့ ဒီဂီယာကို မန်ယူဂိုးပေါက် မှာ မြင်တွေ့ရဖို့ရှိပါတယ်။

နောက်တန်း – တန်ဇွန်ဘီ

အမ်ဘတ်ပီနဲ့နေမာတို့ ၂ ဦးစလုံးကို ပဲရစ်မှာ စနစ်တကျထိန်းချုပ်နိုင်ခဲ့တဲ့ တန် ဇွန်ဘီဟာ ဒီပွဲမှာလည်း မန်ယူနောက်တန်းမှာ ပွဲထွက်ပါဝင်
လာဖို့ရှိနေပါတယ်။

နောက်တန်း – မက်ဂွိုင်းယား

အသင်းခေါင်းဆောင် မက်ဂွိုင်းယားအနေနဲ့ ဒီရာသီ ပထမဆုံးချန်ပီယံလိဂ်ပွဲစဉ်ကို အသင်းအပေါ်ဦးဆောင်ပြီး ကစားဖို့ရှိပါတယ်။

နောက်တန်း – လင်ဒီလော့ဖ်

ကစားပုံတိုးတက်လာပြီး ကြိုးစားလာတဲ့ လင်ဒီလော့ဖ်ဟာ မက်ဂွိုင်းယားရဲ့တွဲဖက် တစ်ဦးအဖြစ်ရှိနေဖို့ များပါတယ်။

နောက်တန်း – ဘစ်ဆာကာ

လက်ရှိမန်ယူအသင်းရဲ့ညာနောက်ခံလူနေရာမှာတော့ ဘစ်ဆာကာဟာ အတည် ငြိမ်ဆုံးနဲ့ အပိုင်စားရထားတဲ့သူပါ။

နောက်တန်း – တဲလက်စ်

ပီအက်စ်ဂျီနဲ့ပွဲမှာတုန်းကလို အသင်းအတွက် ဂိုးရဖို့အထောက်အကူဖြစ်နိုင်တဲ့ ဖြတ်တင်ဘောတွေ ဘယ်တောင်ပံကနေ ဖန်တီးပေးမယ့်သူ

ကတော့ တဲလက်စ် ပါပဲ။

အလယ်တန်း – ဖရက်ဒ်

လူကောင်သေးပေမယ့် လုပ်အားနှုန်းကောင်းတဲ့ ဖရက်ဒ်ဟာ ပွဲချိန်ပြည့်မမော တမ်း ကစားနိုင်တဲ့သူပါ။

အလယ်တန်း – ဗန်ဒီဘိခ်

ကွင်းလယ်ကစားသမားစစ်စစ်ဖြစ်ပြီး အကွက်မြင်ဖန်တီးတတ်တဲ့အပြင် စွယ်စုံရတဲ့ ဗန်ဒီဘိခ်ကို ဖာနန်ဒက်စ်နဲ့တွဲလိုက်ရင် အကောင်းဆုံးဖြစ်လာဖို့ရှိတယ်။

အလယ်တန်း – ဘရူနိုဖာနန်ဒက်စ်

မန်ယူအသင်းမှာ အဓိကကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပြီး ကိုယ်တိုင်ဂိုးသွင်း နိုင်သလို ဖန်တီးပေးပို့မှုတွေလည်း အကောင်းဆုံးပြုလု
ပ်နိုင်တဲ့သူပါ။

ရှေ့တန်း – ရက်ရှ်ဖို့ဒ်

ပီအက်စ်ဂျီနဲ့ပွဲတုန်းကလိုမျိုး အခွင့်အရေးရတာနဲ့ ဂိုးအဖြစ်ပြောင်းလဲနိုင်တဲ့ ရက်ရှ် ဖို့ဒ်က အသင်းရဲ့တိုက်စစ်မှာ မရှိမဖြစ်ပါပဲ။

ရှေ့တန်း – မာရှယ်

ပရီးမီးယားလိဂ်မှာ ပွဲပယ်ပြစ်ဒဏ်ခံနေရတဲ့အတွက် မာရှယ်ဟာ ချန်ပီယံလိဂ်မှာ ပိုပြီးကစားအားကောင်းတဲ့သူပါ။

ရှေ့တန်း – ကာဗာနီ

ပီအက်စ်ဂျီနဲ့ပွဲတုန်းကပွဲထွက်ခွင့်မရခဲ့ပေမယ့် ဒီအတွေ့အကြုံရင့်တိုက်စစ်မှူးဟာ ဒီနေ့ပွဲမှာတော့ ဖြစ်နိုင်ဖွယ်လူစာရင်းမှာ ပါဝင်နေတာကိုတွေ့ရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပရိသတ္အႀကိဳက္နဲ႔ ထပ္တူညီမယ့္ ပြဲထြက္စာရင္းထုတ္သံုးၿပီး အိုးလ္ထရက္ဖို႔ဒ္ ပထမဆံုးႏိုင္ပြဲ မန္ယူ ရယူသြားမလား

ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲစဥ္မွာ ပီအက္စ္ဂ်ီကိုအႏိုင္ယူၿပီး ၃ မွတ္အျပည့္ရခဲ့တဲ့ မန္ယူဟာ ဒုတိယပြဲအျဖစ္ လိုက္ဇစ္ကို အိမ္ကြင္းအိုးလ္ထရက္ဖို႔ဒ္မွာ ကစားရဖို႔ ရွိ ပါတယ္။

ပြဲက်ပ္ကာလထဲကိုေရာက္ေနတဲ့ မန္ယူအဖုိ႔ ဒီပြဲၿပီးရင္ ပရီးမီးယားလိဂ္မွာ အာဆင္နယ္နဲ႔ကစားရဦးမွာပါ။

လိုက္ဇစ္နဲ႔ပြဲအတြက္ ယူအီးအက္ဖ္ေအက ထုတ္ ျပန္ထားတဲ့ ျဖစ္ႏိုင္ဖြယ္လူစာရင္းအရ ပရိသတ္ေတြ ပြဲထြက္ေစခ်င္တဲ့ တဲလက္စ္နဲ႔ ဗန္ဒီဘိခ္တို႔ ၂ ဦးစလံုး ပါ၀င္ေနတာကိုေတြ႕ရပါတယ္။

မန္ယူနဲ႔ကစားမယ့္ လိုက္ ဇစ္မွာ ကစားသမား ၄ ဦးအထိ ဒဏ္ရာရေနၿပီး ပါ၀င္ဖို႔မေသခ်ာတဲ့ကစားသမား ကလည္း ၃ ဦးအထိရွိေနပါတယ္။

မန္ယူမွာေတာ့ ဒီပြဲကို က်ိန္းေသေပါက္လြဲေခ်ာ္ မယ့္ ကစားသမားတစ္ဦးတည္းရွိၿပီး ဘိုင္းလီပါပဲ။

မန္ယူအသင္းရဲ႕ ဒီပြဲမွာ ပြဲထြက္ လာမယ့္ ျဖစ္ႏိုင္ေျခလူစာရင္းကို အခုလိုေတြ႕ရမွာပါ။

ဂိုး – ဒီဂီယာ

ပံုမွန္လက္စြမ္းရွိတဲ့အျပင္ အေတြ႕အႀကံဳလည္းမ်ားတဲ့ ဒီဂီယာကို မန္ယူဂိုးေပါက္ မွာ ျမင္ေတြ႕ရဖို႔ရွိပါတယ္။

ေနာက္တန္း – တန္ဇြန္ဘီ

အမ္ဘတ္ပီနဲ႔ေနမာတို႔ ၂ ဦးစလံုးကို ပဲရစ္မွာ စနစ္တက်ထိန္းခ်ဳပ္ႏိုင္ခဲ့တဲ့ တန္ ဇြန္ဘီဟာ ဒီပြဲမွာလည္း မန္ယူေနာက္တန္းမွာ ပြဲထြက္ပါ၀င္
လာဖို႔ရွိေနပါတယ္။

ေနာက္တန္း – မက္ဂြိဳင္းယား

အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားအေနနဲ႔ ဒီရာသီ ပထမဆံုးခ်န္ပီယံလိဂ္ပြဲစဥ္ကို အသင္းအေပၚဦးေဆာင္ၿပီး ကစားဖို႔ရွိပါတယ္။

ေနာက္တန္း – လင္ဒီေလာ့ဖ္

ကစားပံုတိုးတက္လာၿပီး ႀကိဳးစားလာတဲ့ လင္ဒီေလာ့ဖ္ဟာ မက္ဂြိဳင္းယားရဲ႕တြဲဖက္ တစ္ဦးအျဖစ္ရွိေနဖို႔ မ်ားပါတယ္။

ေနာက္တန္း – ဘစ္ဆာကာ

လက္ရွိမန္ယူအသင္းရဲ႕ညာေနာက္ခံလူေနရာမွာေတာ့ ဘစ္ဆာကာဟာ အတည္ ၿငိမ္ဆံုးနဲ႔ အပိုင္စားရထားတဲ့သူပါ။

ေနာက္တန္း – တဲလက္စ္

ပီအက္စ္ဂ်ီနဲ႔ပြဲမွာတုန္းကလို အသင္းအတြက္ ဂိုးရဖို႔အေထာက္အကူျဖစ္ႏိုင္တဲ့ ျဖတ္တင္ေဘာေတြ ဘယ္ေတာင္ပံကေန ဖန္တီးေပးမယ့္သူ
ကေတာ့ တဲလက္စ္ ပါပဲ။

အလယ္တန္း – ဖရက္ဒ္

လူေကာင္ေသးေပမယ့္ လုပ္အားႏႈန္းေကာင္းတဲ့ ဖရက္ဒ္ဟာ ပြဲခ်ိန္ျပည့္မေမာ တမ္း ကစားႏိုင္တဲ့သူပါ။

အလယ္တန္း – ဗန္ဒီဘိခ္

ကြင္းလယ္ကစားသမားစစ္စစ္ျဖစ္ၿပီး အကြက္ျမင္ဖန္တီးတတ္တဲ့အျပင္ စြယ္စံုရတဲ့ ဗန္ဒီဘိခ္ကို ဖာနန္ဒက္စ္နဲ႔တြဲလိုက္ရင္ အေကာင္းဆံုးျဖစ္လာဖို႔ရွိတယ္။

အလယ္တန္း – ဘရူႏုိဖာနန္ဒက္စ္

မန္ယူအသင္းမွာ အဓိကကြင္းလယ္ကစားသမားတစ္ဦးျဖစ္ၿပီး ကိုယ္တိုင္ဂိုးသြင္း ႏိုင္သလို ဖန္တီးေပးပို႔မႈေတြလည္း အေကာင္းဆံုးျပဳလု
ပ္ႏိုင္တဲ့သူပါ။

ေရွ႕တန္း – ရက္ရွ္ဖို႔ဒ္

ပီအက္စ္ဂ်ီနဲ႔ပြဲတုန္းကလိုမ်ဳိး အခြင့္အေရးရတာနဲ႔ ဂိုးအျဖစ္ေျပာင္းလဲႏိုင္တဲ့ ရက္ရွ္ ဖို႔ဒ္က အသင္းရဲ႕တိုက္စစ္မွာ မရွိမျဖစ္ပါပဲ။

ေရွ႕တန္း – မာရွယ္

ပရီးမီးယားလိဂ္မွာ ပြဲပယ္ျပစ္ဒဏ္ခံေနရတဲ့အတြက္ မာရွယ္ဟာ ခ်န္ပီယံလိဂ္မွာ ပိုၿပီးကစားအားေကာင္းတဲ့သူပါ။

ေရွ႕တန္း – ကာဗာနီ
ပီအက္စ္ဂ်ီနဲ႔ပြဲတုန္းကပြဲထြက္ခြင့္မရခဲ့ေပမယ့္ ဒီအေတြ႕အၾကံဳရင့္တိုက္စစ္မွဴးဟာ ဒီေန႕ပြဲမွာေတာ့ ျဖစ္ႏိုင္ဖြယ္လူစာရင္းမွာ ပါ၀င္ေနတာကိုေတြ႕ရပါတယ္။