ပရီးမီးယားလိဂ်ကလပ်တွေအားလုံး အုပ်စုပထမနေရာရခဲ့တဲ့ ယူရိုပါလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်များ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူရိုပါလိဂ်အုပ်စုနောက်ဆုံးပွဲတွေကို ယမန်နေ့ညက ကျင်းပပြုလုပ်ခဲ့ရာ အာဆင်နယ်အသင်းက ရာနှုန်းပြည့်နိုင်ပွဲရခဲ့သလို လန်ဒန်မြို့ခံပြိုင်ဘက် စပါးကလည်း အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီး အုပ်စုပထမနေရာရယူနိုင်ခဲ့ပါတယ်။

ဘယ်လ်ဂျီယံမြေမှာတုန်းက အရေးနိမ့်ခဲ့တဲ့ တော့တင်ဟမ်ဟာ ဒီပွဲမှာတော့ တောင့်တင်းတဲ့လူစာရင်းနဲ့ ပွဲထွက်လာပြီး ပထမပိုင်းမှာ ဗင်နီစီးယပ်စ်နဲ့ ဘေးလ်တို့ အခွင့်အရေးတွေအသုံးမချနိုင်ခဲ့လို့ သရေကျခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ဗင်နီစီးယပ်စ်နဲ့ လိုဆယ်ဆိုတို့က ဂိုးတွေအသီးသီးသွင်းယူနိုင်ခဲ့လို့ အန့်တ်ဝပ်ကို ၂-၀ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

နောက်ထပ်ပရီးမီးယားလိဂ်အသင်းတစ်သင်းဖြစ်တဲ့ လက်စတာကတော့ AEK အေသင်နဲ့ပွဲမှာ လူငယ်အများစုကို ပွဲထုတ်သွားခဲ့ပြီး ၂-၀ ဂိုးနဲ့အနိုင်ရခဲ့လို့ ဘရာဂါကို ထိပ်တိုက်တွေ့ဆုံမှုအသာရကာ အုပ်စုပထမနေရာရရှိခဲ့ပါတယ်။

လက်စတာက တောင်ပံကစားသမားတွေဖြစ်တဲ့ အန်ဒါနဲ့ ဟာဗေးဘန်းစ်တို့ရဲ့သွင်းဂိုးတွေကြောင့် ဂရိကလပ်ကို အနိုင်ရခဲ့တာဖြစ်ပြီး ဘရာဂါက ယူကရိန်းကလပ် ဇော်ယာကို ၂-ဝဂိုးနဲ့အနိုင်ရခဲ့ပေမယ့် အုပ်စုဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

အုပ်စု H မှာတော့ အပြောင်းအလဲအနည်းငယ်ဖြစ်ပေါ်ခဲ့ပြီး အေစီမီလန်နဲ့ လိုင်လီတို့က နောက်တစ်ဆင့်တက်ပြီးသားဖြစ်ပေမယ့် အုပ်စုနောက်ဆုံးပွဲမှာ လိုင်လီက ဆဲလ်တစ်ကို ၃-၂ ဂိုးနဲ့အရေးနိမ့်သွားခဲ့လို့ ချက်မြေမှာ အိမ်ရှင်စပါတာပရာဟာအသင်းကို ဝ-၁ဂိုးနဲ့အနိုင်ရခဲ့တဲ့ အေစီမီလန်က လိုင်လီဆီကနေ အုပ်စုပထမနေရာ လွှဲပြောင်းရယူနိုင်ခဲ့ပါတယ်။

ယခုရာသီမှာ အထူးခြေစွမ်းပြနေတဲ့ လေဗာကူဆင်က ဆလားဗီးယားပရာဟာကို ၄-ဝဂိုးနဲ့အနိုင်ယူကာ အုပ်စု C မှာ အုပ်စုပထမနေရာ ရယူနိုင်ခဲ့ပြီး

အုပ်စု E မှာ ဂရန်နာဒါက PAOK နဲ့ ဂိုးမရှိသရေကျသွားလို့ အိုမိုနီးယားကို ၄ဂိုးပြတ်အနိုင်ရခဲ့တဲ့ နယ်သာလန်ကလပ် ပီအက်စ်ဗွီက အုပ်စုပထမနေရာရယူနိုင်ခဲ့ပါတယ်။

အုပ်စု B မှာ အစောကြီးကတည်းက အုပ်စုဗိုလ်ဖြစ်ဖို့ သေချာနေခဲ့တဲ့ အာဆင်နယ်က အိုင်ယာလန်ကလပ် ဒန်ဒေါ့ခ်ကို ၂-၄ နဲ့အနိုင်ယူကာ အုပ်စု ၆ပွဲစလုံး အနိုင်ရခဲ့ပြီး ဒန်ဒေါ့ခ်ကတော့ တစ်မှတ်မှမရဘဲ ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။

အုပ်စု F ကတော့ စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်ခဲ့ပြီး ရှုံးထွက်အဆင့်တက်ရောက်ခွင့် ၂ နေရာအတွက် နာပိုလီ၊ ဆိုစီဒက်နဲ့ အယ်လ်ခမာတု့ိ အားပြိုင်ခဲ့ကြပါတယ်။ အဲဒီမှာ နောက်ဆုံးမိနစ်ရောက်တဲ့အချိန်အထိ နာပိုလီနဲ့ အယ်လ်ခမာတို့ နောက်တစ်ဆင့်တက်ရောက်တော့မယ့်အရိပ်အယောင်တွေဖြစ်ပေါ်ခဲ့ပါတယ်။

နာပိုလီက ပွဲချိန် ၃၅ မိနစ်မှာ သွင်းယူခဲ့ဲတဲ့ ကွင်းလယ်လူ ဇီလင်စကီးရဲ့ဂိုးနဲ့ ဆိုစီဒက်ကို ဦးဆောင်နိုင်ခဲ့သလို အယ်လ်ခမာကလည်း တစ်ယောက်အထုတ်ခံထားရပေမယ့် ပွဲပြီးခါနီးအထိ ရီဂျက်ကာနဲ့ ၁-၁ ဂိုးသရေကျနေခဲ့တာပါ။ ဒါပေမဲ့ အလှည့်အပြောင်းက လျင်မြန်စွာဖြစ်ပေါ်လာပြီး ဆိုစီဒက်က နာကျင်အချိန်ပို ၂မိနစ်မှာ ဝီလျံဟိုဆေးရဲ့ဂိုးနဲ့ နာပိုလီကို ၁-၁ ဂိုးသရေကစားနိုင်ခဲ့ပါတယ်။

အယ်လ်ခမာအတွက် ပိုဆိုးတာက သူတို့လည်း သရေကျနေရာကနေ ရှုံးနိမ့်သွားခဲ့ရပြီး နာကျင်အချိန်ပို ၃မိနစ်မှာ ရီဂျက်ကာက အနိုင်ဂိုးသွင်းယူသွားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပရီးမီးယားလိဂ္ကလပ္ေတြအားလုံး အုပ္စုပထမေနရာရခဲ့တဲ့ ယူ႐ိုပါလိဂ္အုပ္စုေနာက္ဆုံးပြဲစဥ္မ်ား

ယူ႐ိုပါလိဂ္အုပ္စုေနာက္ဆုံးပြဲေတြကို ယမန္ေန႔ညက က်င္းပျပဳလုပ္ခဲ့ရာ အာဆင္နယ္အသင္းက ရာႏႈန္းျပည့္ႏိုင္ပြဲရခဲ့သလုိ လန္ဒန္ၿမိဳ႕ခံၿပိဳင္ဘက္ စပါးကလည္း အိမ္ကြင္းမွာ ဂိုးျပတ္အႏိုင္ရၿပီး အုပ္စုပထမေနရာရယူႏုိင္ခဲ့ပါတယ္။ ဘယ္လ္ဂ်ီယံေျမမွာတုန္းက အေရးနိမ့္ခဲ့တဲ့ ေတာ့တင္ဟမ္ဟာ ဒီပြဲမွာေတာ့ ေတာင့္တင္းတဲ့လူစာရင္းနဲ႔ ပဲြထြက္လာၿပီး ပထမပိုင္းမွာ ဗင္နီစီးယပ္စ္နဲ႔ ေဘးလ္တုိ႔ အခြင့္အေရးေတြအသုံးမခ်ႏိုင္ခဲ့လုိ႔ သေရက်ခဲ့ေပမယ့္ ဒုတိယပိုင္းမွာေတာ့ ဗင္နီစီးယပ္စ္နဲ႔ လိုဆယ္ဆိုတို႔က ဂိုးေတြအသီးသီးသြင္းယူႏုိင္ခဲ့လုိ႔ အန္႔တ္၀ပ္ကို ၂-၀ ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။

ေနာက္ထပ္ပရီးမီးယားလိဂ္အသင္းတစ္သင္းျဖစ္တဲ့ လက္စတာကေတာ့ AEK ေအသင္နဲ႔ပြဲမွာ လူငယ္အမ်ားစုကို ပြဲထုတ္သြားခဲ့ၿပီး ၂-၀ ဂိုးနဲ႔အႏုိင္ရခဲ့လုိ႔ ဘရာဂါကို ထိပ္တုိက္ေတြ႕ဆုံမႈအသာရကာ အုပ္စုပထမေနရာရရွိခဲ့ပါတယ္။ လက္စတာက ေတာင္ပံကစားသမားေတြျဖစ္တဲ့ အန္ဒါနဲ႔ ဟာေဗးဘန္းစ္တုိ႔ရဲ႕သြင္းဂိုးေတြေၾကာင့္ ဂရိကလပ္ကို အႏိုင္ရခဲ့တာျဖစ္ၿပီး ဘရာဂါက ယူကရိန္းကလပ္ ေဇာ္ယာကို ၂-၀ဂိုးနဲ႔အႏိုင္ရခဲ့ေပမယ့္ အုပ္စုဒုတိယေနရာနဲ႔ပဲ ေက်နပ္ခဲ့ရပါတယ္။

အုပ္စု H မွာေတာ့ အေျပာင္းအလဲအနည္းငယ္ျဖစ္ေပၚခဲ့ၿပီး ေအစီမီလန္နဲ႔ လုိင္လီတို႔က ေနာက္တစ္ဆင့္တက္ၿပီးသားျဖစ္ေပမယ့္ အုပ္စုေနာက္ဆုံးပဲြမွာ လုိင္လီက ဆဲလ္တစ္ကို ၃-၂ ဂိုးနဲ႔အေရးနိမ့္သြားခဲ့လုိ႔ ခ်က္ေျမမွာ အိမ္ရွင္စပါတာပရာဟာအသင္းကို ၀-၁ဂိုးနဲ႔အႏုိင္ရခဲ့တဲ့ ေအစီမီလန္က လုိင္လီဆီကေန အုပ္စုပထမေနရာ လႊဲေျပာင္းရယူႏုိင္ခဲ့ပါတယ္။ ယခုရာသီမွာ အထူးေျခစြမ္းျပေနတဲ့ ေလဗာကူဆင္က ဆလားဗီးယားပရာဟာကို ၄-၀ဂိုးနဲ႔အႏိုင္ယူကာ အုပ္စု C မွာ အုပ္စုပထမေနရာ ရယူႏိုင္ခဲ့ၿပီး အုပ္စု E မွာ ဂရန္နာဒါက PAOK နဲ႔ ဂိုးမရွိသေရက်သြားလုိ႔ အိုမိုနီးယားကို ၄ဂိုးျပတ္အႏိုင္ရခဲ့တဲ့ နယ္သာလန္ကလပ္ ပီအက္စ္ဗီြက အုပ္စုပထမေနရာရယူႏိုင္ခဲ့ပါတယ္။

အုပ္စု B မွာ အေစာႀကီးကတည္းက အုပ္စုဗုိလ္ျဖစ္ဖို႔ ေသခ်ာေနခဲ့တဲ့ အာဆင္နယ္က အုိင္ယာလန္ကလပ္ ဒန္ေဒါ့ခ္ကို ၂-၄ နဲ႔အနိုင္ယူကာ အုပ္စု ၆ပြဲစလုံး အႏိုင္ရခဲ့ၿပီး ဒန္ေဒါ့ခ္ကေတာ့ တစ္မွတ္မွမရဘဲ ၿပိဳင္ပြဲကေန ထြက္ခဲ့ရပါတယ္။ အုပ္စု F ကေတာ့ စိတ္၀င္စားစရာအေကာင္းဆုံးျဖစ္ခဲ့ၿပီး ႐ံႈးထြက္အဆင့္တက္ေရာက္ခြင့္ ၂ ေနရာအတြက္ နာပိုလီ၊ ဆုိစီဒက္နဲ႔ အယ္လ္ခမာတု႔ိ အားၿပိဳင္ခဲ့ၾကပါတယ္။

အဲဒီမွာ ေနာက္ဆုံးမိနစ္ေရာက္တဲ့အခ်ိန္အထိ နာပိုလီနဲ႔ အယ္လ္ခမာတုိ႔ ေနာက္တစ္ဆင့္တက္ေရာက္ေတာ့မယ့္အရိပ္အေယာင္ေတြျဖစ္ေပၚခဲ့ပါတယ္။ နာပိုလီက ပြဲခ်ိန္ ၃၅ မိနစ္မွာ သြင္းယူခဲ့ဲတဲ့ ကြင္းလယ္လူ ဇီလင္စကီးရဲ႕ဂိုးနဲ႔ ဆုိစီဒက္ကုိ ဦးေဆာင္ႏိုင္ခဲ့သလို အယ္လ္ခမာကလည္း တစ္ေယာက္အထုတ္ခံထားရေပမယ့္ ပြဲၿပီးခါနီးအထိ ရီဂ်က္ကာနဲ႔ ၁-၁ ဂိုးသေရက်ေနခဲ့တာပါ။ ဒါေပမဲ့ အလွည့္အေျပာင္းက လ်င္ျမန္စြာျဖစ္ေပၚလာၿပီး ဆုိစီဒက္က နာက်င္အခ်ိန္ပို ၂မိနစ္မွာ ၀ီလ်ံဟိုေဆးရဲ႕ဂိုးနဲ႔ နာပိုလီကို ၁-၁ ဂိုးသေရကစားႏို္င္ခဲ့ပါတယ္။ အယ္လ္ခမာအတြက္ ပိုဆုိးတာက သူတုိ႔လည္း သေရက်ေနရာကေန ႐ံႈးနိမ့္သြားခဲ့ရၿပီး နာက်င္အခ်ိန္ပို ၃မိနစ္မွာ ရီဂ်က္ကာက အႏိုင္ဂုိးသြင္းယူသြားပါတယ္။