ပရီးမီးယားလိဂ်ကို မန်စီးတီးနဲ့အတူ ပြန်ရောက်လာနိုင်တဲ့ လူကာကူ
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
သတင်းတွေအရ စီးတီးဟာ သူတို့အသင်းရဲ့လိုအပ်နေတဲ့နေရာတွေအတွက်ပေါင်သန်း ၂၀၀ လောက်အထိ အသုံးပြုဖို့ ပြင်ဆင်နေပြီး တိုက်စစ်ပစ်မှတ်ထဲမှာ အင်တာတိုက်စစ်မှူး လူကာကူလည်းပါဝင်နေတယ်လို့ သိရပါတယ်။
ဂွါဒီယိုလာရဲ့စီးတီးဟာ ဒီရာသီချန်ပီယံပြေးလမ်းကြောင်းပေါ်မှာ ရှိနေဆဲဖြစ်ပြီး ယူနိုက်တက်နဲ့ တစ်ပွဲလျော့ ၄ မှတ်အကွာအနေအထားမှာရပ်တည်နေပါတယ်။
စီးတီးကတော့ လက်ရှိခံစစ်ပိုင်း နဲ့ တိုက်စစ်ပိုင်းတွေမှာ လိုအပ်ချက်ရှိနေပြီး အဂူရို ၊ ဖာနန်ဒင်ဟို နဲ့ ဂါစီယာတို့နေရာတွေမှာ အားဖြည့်ဖို့ စီစဉ်နေပါတယ်။
တယ်လီဂရက်ဖ်သတင်းဌာနရဲ့အဆိုအရ ဂွါဒီယိုလာဟာ တိုက်စစ်မှူးတစ်ဦး ၊ ဘယ်နောက်ခံလူ နဲ့ ကွင်းလယ်ခံစစ်နေရာအတွက် အားဖြည့်ဖို့စီစဉ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။
စီးတီးတိုက်စစ်မှူး အဂူရိုကတော့ ဒီရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး အဆိုပါနေရာအတွက် ဂွါဒီယိုလာက အားဖြည့်ချင်နေတာဖြစ်ပါတယ်။
အာဂျင်တီးနားသားဟာ စီးတီးရဲ့ထိပ်တန်းဂိုးသွင်းရှင်တစ်ဦးဖြစ်ပေမယ့် လက်ရှိအနေအထားအရ စီးတီးမှာ အနာဂတ်မသေချာတော့တာဖြစ်ပါတယ်။
စီးတီးကတော့ အဂူရိုနေရာအတွက် တိုက်စစ်မှူးသစ်တစ်ဦးရှာဖွေနေပြီး အင်တာက လူကာကူ ၊ ဒေါ့မွန်က ဟာလန်း ၊ ဘင်ဖီကာက နူနက်ဇ်တို့ကို ပစ်မှတ်ထားနေပါတယ်။
လူကာကူကတော့ ယူနိုက်တက်ကနေ အင်တာကိုပြောင်းပြီးနောက် ခြေစွမ်းကောင်းတွေဆက်တိုက်ပြသနေခဲ့တာဖြစ်ပါတယ်။
အသက် ၂၇ နှစ်သား ၂၀၁၇ ကအဲဗာတန်ကနေ ပေါင်သန်း ၉၀ နဲ့ ယူနိုက်တက်ကိုပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အသင်းအတွက်ပြိုင်ပွဲစုံ ၉၆ ပွဲမှာ ၄၂ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။
အဲ့နောက်အင်တာကို ပေါင် ၇၂ သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီး ၇၃ ပွဲမှာ ၅၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဖာနန်ဒင်ဟိုနေရာအတွက်လည်း စီးတီးက ကစားသမားသစ်ရှာဖွေနေတာဖြစ်ပါတယ်။
စီးတီးဟာ ဘယ်နောက်ခံလူနေရာအတွက်လည်းကစားသမားရှာဖွေနေပြီး မန်ဒီက ခြေစွမ်းတွေကျနေတာကြောင့် ဇင်ချန်ကို နဲ့ အကီတို့ိုကို ထည့်ကစားနေရပါတယ်။ ဂွါဒီယိုလာဟာ စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းတိုးထားခဲ့ပြီး အသင်းမှာ ၂၀၂၃ အထိ ဆက်ရှိနေတော့မှာဖြစ်ပါတယ်။
စပိန်သားဟာ စီးတီးကိုရောက်လာပြီးကတည်းက ပရီးမီးယားလိဂ် ၂ ကြိမ် ၊ ကာရာဘောင်ဖလား ၃ ကြိမ် နဲ့ အက်ဖ်အေဖလား ၁ ကြိမ်တို့ကို ရယူထားနိုင်ခဲ့ပါတယ်။
စီးတီးကတော့ ဘာစီလိုနာအသင်းနဲ့စာချုပ်သက်တမ်းကုန်တော့မယ့် မက်ဆီကိုလည်း ချိတ်ဆက်နေပြီး ပီအက်စ်ဂျီနဲ့ အားပြိုင်ရဖွယ်ရှိနေပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi