ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အာမခံနိုင်တဲ့ ခေါ်ယူမှုအကြောင်း ယူနိုက်တက်ကို အကြံပေးလာတဲ့ အဘွန်လဟော်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အနေနဲ့ ဆောင်းရာသီဈေးကွက်အတွင်း တိုက်စစ်မှူးတစ်ဦးခေါ်ယူနိုင်ရေးအတွက် ငွေကြေးသုံးစွဲလိုက်ရင် ယခုရာသီပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ အာမခံချက်ရသွားလိမ့်မယ်လို့ အကြံပေးခြင်း ခံခဲ့ရပါတယ်။

ယူနိုက်တက်ဟာ ရာသီအစရလဒ်ဆိုးတွေနဲ့ရင်ဆိုင်ခဲ့ရမှုကို အကောာင်းဆုံးကျော်ဖြတ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ ရမှတ်တူအနေအထားမှာ ရပ်တည်နေပြီး အင်္ဂါနေ့မှာကစားရမယ့် ဘန်လေနဲ့ပွဲကျန်ပွဲမှာ အနိုင်ရမယ်ဆိုရင် ပွဲတူအနေအထားနဲ့ လီဗာပူးကို ၃ မှတ်ဖြတ်ကာ ထိပ်ဆုံးကနေ ဦးဆောင်နိုင်မှာဖြစ်ပါတယ်။

အဲဒီနောက် ယူနိုက်တက်ဟာ တနင်္ဂနွေနေ့မှာ လီဗာပူးနဲ့ အဝေးကွင်းပွဲကစားရမှာဖြစ်ရာ အသင်းအတွက် အဆုံးအဖြတ်ရက်သတ္တပတ်ဖြစ်လာနိုင်ပါတယ်။

ယူနိုက်တက်ဟာ မကြာသေးခင်က အတ္တလန္တာတောင်ပံကစားသမား ဒီယယ်လိုကို ပေါင် ၃၇ သန်းနဲ့ ခေါ်ယူထားပြီး နည်းပြဆိုးလ်ရှားက နောက်ထပ်လူငယ်ကြယ်ပွင့်တစ်ဦး ထပ်မံခြေစွမ်းပြနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဒါပေမဲ့ ဗီလာတိုက်စစ်မှူးဟောင်း အဘွန်လဟော်ကတော့ တကယ်လို့ ယူနိုက်တက်အနေနဲ့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကိုသာ ခေါ်ယူနိုင်မယ်ဆိုရင် ယခုရာသီပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ဖို့ အာမခံချက်ရသွားလိမ့်မယ်လို့ ပြောပါတယ်။

ယူနိုက်တက်ဟာ ၂၀၂၀ နွေရာသီမှာ ဟာလန်းကို ပေါင် ၁၈သန်းတည်းနဲ့ ခေါ်ယူဖို့ နီးစပ်ခဲ့ဖူးပြီး ယခုအခါ နော်ဝေလက်ရွေးစင်ဟာလန်းဟာ ဒေါ့မွန်မှာလည်း ဆက်လက်ခြေစွမ်းပြနေရာ အင်္ဂလန်လက်ရွေးစင်ဟောင်း အဘွန်လဟော်က သူ့ကိုသာ ခေါ်ယူနိုင်ရင် ယူနိုက်တက်အသင်း အခြေအနေကောင်းသွားလိမ့်မယ်လို့ ပြောပါတယ်။

”ကျွန်တော့်အတွက်တော့ ဟာလန်းက လက်ရှိအချိန်မှာ ပြီးပြည့်စုံမှုအရှိဆုံးတိုက်စစ်မှူးပါ။ ကျွန်တော်တို့က သူ့ကိုခေါ်ဖို့ ပရီးမီးယားလိဂ်ကလပ်တွေ စိတ်ဝင်စားနေတဲ့အကြောင်း ပြောနေကြပေမယ့် တကယ်တော့ သူ့ကို ခေါ်ယူဖို့ ဘိုင်ယန်နဲ့ ရီးရဲလ်တို့က ရေပန်းစားနေတာပါ”

”ဒေါ့မွန်ကလည်း ဟာလန်းအတွက် သူတို့လိုချင်သလောက် ဈေးတင်လို့ရပါတယ်။ တကယ်လို့ ခင်ဗျားတို့က ဆန်ချိုကို ပေါင်သန်း ၁၀၀ တန်တယ်လို့ ပြောရင် ဟာလန်းလည်း ပေါင်သန်း ၁၈၀ တန်ပါလိမ့်မယ်။ ဟာလန်းက ပိုကောင်းလာမှာသေချာလို့ ဒေါ့မွန်က ထွက်ခွာချိန်မှာ ကမ္ဘာ့ဈေးအကြီးဆုံးကစားသမားဖြစ်လာနိုင်ပါတယ်”

”သူက အရာရာကို လေ့လာသင်ယူနေသလို အောင်မြင်မှုအပေါ် ဆာလောင်နေပါတယ်။ ဒေါ့မွန်မှာ ဂိုးတွေသွင်းနေရုံနဲ့ပဲ ပျော်ရွှင်နေတာမဟုတ်ဘဲ သူ့ကိုယ်သူ အမြဲတမ်းပိုကောင်းလာအောင် ကြိုးစားနေပါတယ်”လို့ အဘွန်လဟော်က ပြောပါတယ်။

ယူနိုက်တက်ဟာ အသက် ၂၀ အရွယ်ရှိ ဟာလန်းကိုခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် သူ့အေးဂျင့် ရိုင်အိုလာနဲ့အသင်းတာဝန်ရှိသူတွေအကြား ဆက်ဆံရေးက အေးစက်နေပါတယ်။

”မန်စီးတီး၊ လီဗာပူး၊ ချဲလ်ဆီးနဲ့ ယူနိုက်တက် ဘယ်အသင်းပဲဖြစ်ဖြစ် ဟာလန်းကို ခေါ်ယူနိုင်တာနဲ့ ဒီရာသီမှာ အမှတ်ပေးချန်ပီယံဖြစ်နိုင်ပါတယ်”လို့ အဘွန်လဟော်က ဆက်ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပရီးမီးယားလိဂ္ခ်န္ပီယံအျဖစ္ အာမခံႏိုင္တဲ့ ေခၚယူမႈအေၾကာင္း ယူႏုိက္တက္ကို အႀကံေပးလာတဲ့ အဘြန္လေဟာ္

ယူႏုိက္တက္အေနနဲ႔ ေဆာင္းရာသီေစ်းကြက္အတြင္း တုိက္စစ္မွဴးတစ္ဦးေခၚယူႏုိင္ေရးအတြက္ ေငြေၾကးသုံးစြဲလုိက္ရင္ ယခုရာသီပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ အာမခံခ်က္ရသြားလိမ့္မယ္လုိ႔ အႀကံေပးျခင္း ခံခဲ့ရပါတယ္။ ယူႏုိက္တက္ဟာ ရာသီအစရလဒ္ဆုိးေတြနဲ႔ရင္ဆုိင္ခဲ့ရမႈကို အေကာာင္းဆုံးေက်ာ္ျဖတ္ၿပီး အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးနဲ႔ ရမွတ္တူအေနအထားမွာ ရပ္တည္ေနၿပီး အဂၤါေန႔မွာကစားရမယ့္ ဘန္ေလနဲ႔ပြဲက်န္ပဲြမွာ အႏိုင္ရမယ္ဆုိရင္ ပြဲတူအေနအထားနဲ႔ လီဗာပူးကို ၃ မွတ္ျဖတ္ကာ ထိပ္ဆုံးကေန ဦးေဆာင္ႏိုင္မွာျဖစ္ပါတယ္။

အဲဒီေနာက္ ယူႏုိက္တက္ဟာ တနဂၤေႏြေန႔မွာ လီဗာပူးနဲ႔ အေ၀းကြင္းပြဲကစားရမွာျဖစ္ရာ အသင္းအတြက္ အဆုံးအျဖတ္ရက္သတၱပတ္ျဖစ္လာႏိုင္ပါတယ္။ ယူႏုိက္တက္ဟာ မၾကာေသးခင္က အတၱလႏၱာေတာင္ပံကစားသမား ဒီယယ္လုိကို ေပါင္ ၃၇ သန္းနဲ႔ ေခၚယူထားၿပီး နည္းျပဆုိးလ္ရွားက ေနာက္ထပ္လူငယ္ၾကယ္ပြင့္တစ္ဦး ထပ္မံေျခစြမ္းျပႏုိင္လိမ့္မယ္လုိ႔ ယုံၾကည္ေနပါတယ္။ ဒါေပမဲ့ ဗီလာတိုက္စစ္မွဴးေဟာင္း အဘြန္လေဟာ္ကေတာ့ တကယ္လုိ႔ ယူႏုိက္တက္အေနနဲ႔ ေဒါ့မြန္တုိက္စစ္မွဴး ဟာလန္းကိုသာ ေခၚယူႏုိင္မယ္ဆုိရင္ ယခုရာသီပရီးမီးယားလိဂ္မွာ ခ်န္ပီယံျဖစ္ဖို႔ အာမခံခ်က္ရသြားလိမ့္မယ္လုိ႔ ေျပာပါတယ္။

ယူႏုိက္တက္ဟာ ၂၀၂၀ ေႏြရာသီမွာ ဟာလန္းကို ေပါင္ ၁၈သန္းတည္းနဲ႔ ေခၚယူဖုိ႔ နီးစပ္ခဲ့ဖူးၿပီး ယခုအခါ ေနာ္ေ၀လက္ေရြးစင္ဟာလန္းဟာ ေဒါ့မြန္မွာလည္း ဆက္လက္ေျခစြမ္းျပေနရာ အဂၤလန္လက္ေရြးစင္ေဟာင္း အဘြန္လေဟာ္က သူ႕ကိုသာ ေခၚယူႏုိင္ရင္ ယူႏုိက္တက္အသင္း အေျခအေနေကာင္းသြားလိမ့္မယ္လုိ႔ ေျပာပါတယ္။ ”ကၽြန္ေတာ့္အတြက္ေတာ့ ဟာလန္းက လက္ရွိအခ်ိန္မွာ ၿပီးျပည့္စုံမႈအရွိဆုံးတုိက္စစ္မွဴးပါ။ ကၽြန္ေတာ္တုိ႔က သူ႕ကိုေခၚဖို႔ ပရီးမီးယားလိဂ္ကလပ္ေတြ စိတ္၀င္စားေနတဲ့အေၾကာင္း ေျပာေနၾကေပမယ့္ တကယ္ေတာ့ သူ႕ကို ေခၚယူဖုိ႔ ဘုိင္ယန္နဲ႔ ရီးရဲလ္တုိ႔က ေရပန္းစားေနတာပါ”

”ေဒါ့မြန္ကလည္း ဟာလန္းအတြက္ သူတုိ႔လုိခ်င္သေလာက္ ေစ်းတင္လုိ႔ရပါတယ္။ တကယ္လုိ႔ ခင္ဗ်ားတုိ႔က ဆန္ခ်ိဳကို ေပါင္သန္း ၁၀၀ တန္တယ္လုိ႔ ေျပာရင္ ဟာလန္းလည္း ေပါင္သန္း ၁၈၀ တန္ပါလိမ့္မယ္။ ဟာလန္းက ပုိေကာင္းလာမွာေသခ်ာလုိ႔ ေဒါ့မြန္က ထြက္ခြာခ်ိန္မွာ ကမၻာ့ေစ်းအႀကီးဆုံးကစားသမားျဖစ္လာႏုိင္ပါတယ္။ သူက အရာရာကို ေလ့လာသင္ယူေနသလုိ ေအာင္ျမင္မႈအေပၚ ဆာေလာင္ေနပါတယ္။ ေဒါ့မြန္မွာ ဂုိးေတြသြင္းေန႐ုံနဲ႔ပဲ ေပ်ာ္ရႊင္ေနတာမဟုတ္ဘဲ သူ႕ကိုယ္သူ အၿမဲတမ္းပိုေကာင္းလာေအာင္ ႀကိဳးစားေနပါတယ္”လုိ႔ အဘြန္လေဟာ္က ေျပာပါတယ္။

ယူႏုိက္တက္ဟာ အသက္ ၂၀ အရြယ္ရွိ ဟာလန္းကိုေခၚယူဖို႔ စိတ္၀င္စားေနေပမယ့္ သူ႕ေအးဂ်င့္ ႐ိုင္အိုလာနဲ႔အသင္းတာ၀န္ရွိသူေတြအၾကား ဆက္ဆံေရးက ေအးစက္ေနပါတယ္။ ”မန္စီးတီး၊ လီဗာပူး၊ ခ်ဲလ္ဆီးနဲ႔ ယူႏုိက္တက္ ဘယ္အသင္းပဲျဖစ္ျဖစ္ ဟာလန္းကို ေခၚယူႏုိင္တာနဲ႔ ဒီရာသီမွာ အမွတ္ေပးခ်န္ပီယံျဖစ္ႏုိင္ပါတယ္”လုိ႔ အဘြန္လေဟာ္က ဆက္ေျပာပါတယ္။