ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ခြေမချော်ဖို့ ယူနိုက်တက်ကို ဒီဂီယာ သတိပေး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်ဂိုးသမား ဒီဂီယာကတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အခွင့်အရေးရရှိနေတာကြောင့် အမိအရအသုံးချပြီး ၈ နှစ်ကြာဖလားလက်မဲ့ဖြစ်မှုကို အဆုံးသတ်ဖို့ ပြောကြားလိုက်ပါတယ်။

၂၀၁၃ ခုနှစ်က နည်းပြကြီး ဖာဂူဆန်အနားယူပြီးနောက် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ ဝေးကွာခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ လက်ရှိအချိန်မှာတော့ မန်စီးတီး ၊ လီဗာပူးတို့ရဲ့ခြေချော်မှုကို အခွင့်ကောင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဆိုးလ်ရှားရဲ့ယူနိုက်တက်အတွက်ကတော့ ဒီရာသီမှာ ထင်ထားသလို မလွယ်ကူခဲ့ဘဲ အစပိုင်းမှာ ခက်ခဲကြမ်းတမ်းခဲ့ကာ နောက်ပိုင်းမှာမှ အသားကျလာခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဒီနေ့ညမှာ ဘန်လေအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး တကယ်လို့ အနိုင်ရရှိခဲ့ရင် အမှတ်ပေးဇယားထိပ်ပိုင်းကို တက်ရောက်နိုင်မှာဖြစ်ပြီး အဲ့နောက် လီဗာပူးအသင်းနဲ့ ထပ်မံရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဒီဂီယာက ယူနိုက်တက်အနေနဲ့ လက်ရှိရရှိနေတဲ့အခွင့်အရေးဟာ အကောင်းဆုံးဖြစ်တာကြောင့် အသုံးချဖို့ တိုက်တွန်းခဲ့ပါတယ်။

“ဖာဂူဆန်ရှိနေချိန်မှာ ကျွန်တော် ရာသီပေါင်းများစွာ ချန်ပီယံဆုအတွက် တိုက်ပွဲဝင်ဖူးပါတယ်။ အခုလည်း လက်ထဲမှာ အခွင့်အရေးကောင်းတစ်ရပ်ရရှိနေပါပြီ။

အဲ့အခွင့်အရေးကို အသုံးချဖို့ လိုအပ်ပါတယ်။ ပွဲတိုင်းကို အနိုင်ရရှိအောင် အာရုံစိုက်ကစားဖို့ လိုအပ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာမှာပဲ အကောင်းဆုံးအနေအထားတစ်ရပ်ဖြစ်နေမယ်လို့ မျှော်လင့်ပါတယ်။

အဲ့တာဆိုရင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိနိုင်မှာ သေချာပါတယ်။ ဘန်လေနဲ့ပွဲက ခက်ခဲလာနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုပွဲမျိုးအနိုင်ရရှိမှ ကျွန်တော်တို့ ချန်ပီယံဆုကို စိန်ခေါ်နိုင်မှာပါ”လို့ ဒီဂီယာက ပြောကြားခဲ့ပါတယ်။

ဒီဂီယာဟာ ဒီရာသီယူနိုက်တက်ရဲ့အဓိကကစားသမားအဖြစ် ပါဝင်နေပြီး သူ့ရဲ့အတွေ့အကြုံက အဆင်ပြေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

စပိန်သားကတော့ ဗြိတိန်ပြင်ပကစားသမားတွေအနက် ယူနိုက်တက်မှာပွဲထွက်အများဆုံးရတဲ့ ကစားသမားအဖြစ်ရှိနေပြီး ကလပ်အသင်းသမိုင်းတစ်လျှောက် ၄၂၄ ပွဲအထိ ပါဝင်ကစားခဲ့ကာ ပွဲအများဆုံးကစားခဲ့တဲ့သူတွေထဲမှာ အဆင့် ၅ နေရာရပ်တည်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ ေျခမေခ်ာ္ဖို႔ ယူႏိုက္တက္ကို ဒီဂီယာ သတိေပး

ယူႏိုက္တက္ဂိုးသမား ဒီဂီယာကေတာ့့ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ အခြင့္အေရးရရွိေနတာေၾကာင့္ အမိအရအသံုးခ်ျပီး ၈ ႏွစ္ၾကာဖလားလက္မဲ့ျဖစ္မႈကို အဆံုးသတ္ဖို႔ ေျပာၾကားလိုက္ပါတယ္။
၂၀၁၃ ခုႏွစ္က နည္းျပၾကီး ဖာဂူဆန္အနားယူျပီးေနာက္ ယူႏိုက္တက္ဟာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုနဲ႔ ေ၀းကြာခဲ့တာျဖစ္ပါတယ္။ ယူႏိုက္တက္ဟာ လက္ရွိအခ်ိန္မွာေတာ့ မန္စီးတီး ၊ လီဗာပူးတို႔ရဲ႕ေျခေခ်ာ္မႈကို အခြင့္ေကာင္းယူထားႏိုင္ခဲ့တာျဖစ္ပါတယ္။ ဆိုးလ္ရွားရဲ႕ယူႏုိက္တက္အတြက္ကေတာ့ ဒီရာသီမွာ ထင္ထားသလို မလြယ္ကူခဲ့ဘဲ အစပိုင္းမွာ ခက္ခဲၾကမ္းတမ္းခဲ့ကာ ေနာက္ပိုင္းမွာမွ အသားက်လာခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ ဒီေန႔ညမွာ ဘန္ေလအသင္းနဲ႔ ရင္ဆုိင္ရမွာျဖစ္ျပီး တကယ္လို႔ အႏုိင္ရရွိခဲ့ရင္ အမွတ္ေပးဇယားထိပ္ပိုင္းကို တက္ေရာက္ႏိုင္မွာျဖစ္ျပီး အဲ့ေနာက္ လီဗာပူးအသင္းနဲ႔ ထပ္မံရင္ဆိုင္ရမွာျဖစ္ပါတယ္။ ဒီဂီယာက ယူႏုိက္တက္အေနနဲ႔ လက္ရွိရရွိေနတဲ့အခြင့္အေရးဟာ အေကာင္းဆံုးျဖစ္တာေၾကာင့္ အသံုးခ်ဖို႔ တိုက္တြန္းခဲ့ပါတယ္။ “ဖာဂူဆန္ရွိေနခ်ိန္မွာ ကြ်န္ေတာ္ ရာသီေပါင္းမ်ားစြာ ခ်န္ပီယံဆုအတြက္ တိုက္ပြဲ၀င္ဖူးပါတယ္။ အခုလည္း လက္ထဲမွာ အခြင့္အေရးေကာင္းတစ္ရပ္ရရွိေနပါျပီ။ အဲ့အခြင့္အေရးကို အသံုးခ်ဖို႔ လိုအပ္ပါတယ္။ ပြဲတိုင္းကို အႏုိင္ရရွိေအာင္ အာရံုစိုက္ကစားဖို႔ လိုအပ္ပါတယ္။ ရုပ္ပိုင္းဆုိင္ရာေကာ စိတ္ပိုင္းဆိုင္ရာမွာပဲ အေကာင္းဆံုးအေနအထားတစ္ရပ္ျဖစ္ေနမယ္လို႔ ေမွ်ာ္လင့္ပါတယ္။

အဲ့တာဆိုရင္ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ရရွိႏိုင္မွာ ေသခ်ာပါတယ္။ ဘန္ေလနဲ႔ပြဲက ခက္ခဲလာႏိုင္ပါတယ္။ ဒါေပမဲ့ ဒီလိုပြဲမ်ိဳးအႏိုင္ရရွိမွ ကြ်န္ေတာ္တို႔ ခ်န္ပီယံဆုကို စိိန္ေခၚႏိုင္မွာပါ”လို႔ ဒီဂီယာက ေျပာၾကားခဲ့ပါတယ္။ ဒီဂီယာဟာ ဒီရာသီယူႏုိက္တက္ရဲ႕အဓိကကစားသမားအျဖစ္ ပါ၀င္ေနျပီး သူ႕ရဲ႕အေတြ႕အၾကံဳက အဆင္ေျပလိမ့္မယ္လို႔ ယံုၾကည္ေနပါတယ္။ စပိန္သားကေတာ့ ျဗိတိန္ျပင္ပကစားသမားေတြအနက္ ယူႏုိက္တက္မွာပြဲထြက္အမ်ားဆံုးရတဲ့ ကစားသမားအျဖစ္ရွိေနျပီး ကလပ္အသင္းသမုိင္းတစ္ေလွ်ာက္ ၄၂၄ ပြဲအထိ ပါ၀င္ကစားခဲ့ကာ ပြဲအမ်ားဆံုးကစားခဲ့တဲ့သူေတြထဲမွာ အဆင့္ ၅ ေနရာရပ္တည္ေနပါတယ္။

“တကယ့္ကိုေကာင္းပါတယ္။ ကြ်န္ေတာ္အရမ္းလည္း ဂုဏ္ယူပါတယ္။ ဒါေပမဲ့ အခုထက္ပိုျပီး ပြဲေတြပိုကစားခ်င္ပါေသးတယ္။ ေလ့က်င့္ေရးမွာလည္း ကြ်န္ေတာ္ၾကိဳးစားလုပ္ေဆာင္ေနပါတယ္။ အဲ့တာက ကြ်န္ေတာ့္ကို ပိုေကာင္းလာေစပါတယ္”လို႔ ဒီဂီယာက ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။