ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်တယ်လို့ ကြုံးဝါးလိုက်ပြီးနောက် မန်ချက်စတာဒါဘီကို နိဒါန်းပျိုးလိုက်တဲ့ ဆိုးလ်ရှား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းအနေနဲ့ ယခုရာသီပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်နိုင်တယ်လို့ အခိုင်အမာပြောလိုက်ခြင်းအားဖြင့် နည်းပြဆိုးလ်ရှားတစ်ယောက် ယနေ့ညကစားရမယ့် မန်ချက်စတာဒါဘီပွဲကို နိဒါန်းပျိုးလိုက်ပါတယ်။


ယူနိုက်တက်ဟာ ဗုဒ္ဓဟူးနေ့မှာ လိုက်ပ်ဇစ်ကို အရေးနိမ့်ကာ ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပြီးနောက် ပရီးမီးယားလိဂ်အရေးကြီးပွဲစဉ်အဖြစ် ချန်ပီယံဟောင်း စီးတီးကို ဧည့်ခံကစားရမှာဖြစ်ပါတယ်။


ယူနိုက်တက်မှာ ရလဒ်ပိုင်းမတည်မငြိမ်မှုတွေ၊ ပေါ့ဂ်ဘာနဲ့ ဒီဂီယာတို့ရဲ့အနာဂတ်တွေ မတည်မငြိမ်ဖြစ်နေပေမယ့် ပရီးမီးယားလိဂ်မှာ ၄ပွဲဆက်အနိုင်ရထားပြီး စီးတီးထက်လည်း တစ်မှတ်အသာရထားပါတယ်။


၂၀၁၃ နောက်ပိုင်း ပထမဆုံးအကြိမ် အမှတ်ပေးချန်ပီယံဖြစ်နိုင်လားဆိုတဲ့မေးခွန်းကို ဆိုးလ်ရှားက ”ဒီရာသီအတွင်း ဒါမှမဟုတ် နှစ်သစ်ရောက်ကတည်းက ကျွန်တော်တို့အသင်း တိုးတက်နေပြီး ချန်ပီယံဆုကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့ပါတယ်”

”ကျွန်တော်တို့အသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီကထက် ပိုမိုတိုးတက်ဖို့လိုအပ်နေတာ သေချာပေမယ့် တခြားဘယ်အသင်းမှ တိုးတက်လာတယ်လို့မထင်မိပါဘူး။ ပွဲတိုင်းအနိုင်ရမယ်ဆိုရင်တော့ ဒီမေးခွန်းအတွက် အဖြေဖြစ်လာနိုင်ပါတယ်။ တကယ်လို့ ပွဲတိုင်းသာအနိုင်ရရင် အဆုံးသတ်မှာ ဆုဖလားရမှာပါ”လို့ ပြောပါတယ်။


ယူနိုက်တက်က ဒီတစ်ပတ်က ပြောစရာ Topic အများအပြားဖြစ်ခဲ့ပြီး ဝက်စ်ဟမ်းနဲ့ပွဲမှာ နောက်ကနေ ၃ဂိုးအထိလိုက်သွင်းကာ အနိုင်ရခဲ့သလို ပေါ့ဂ်ဘာရဲ့အနာဂတ် ယူနိုက်တက်မှာ မရှိတော့ဘူးလို့ ဖွင့်ဟခဲ့တဲ့ အေးဂျင့် ရိုင်အိုလာ၊ လိုက်ပ်ဇစ်ကိုအရေးနိမ့်ခဲ့တဲ့ပွဲမှာ ဒီဂီယာရဲ့အမှား အစရှိတာတွေပဲဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ႏိုင္တယ္လုိ႔ ႀကံဳး၀ါးလုိက္ၿပီးေနာက္ မန္ခ်က္စတာဒါဘီကို နိဒါန္းပ်ိဳးလုိက္တဲ့ ဆိုးလ္ရွား
ယူႏုိက္တက္အသင္းအေနနဲ႔ ယခုရာသီပရီးမီးယားလိဂ္မွာ ခ်န္ပီယံျဖစ္ႏိုင္တယ္လုိ႔ အခုိင္အမာေျပာလုိက္ျခင္းအားျဖင့္ နည္းျပဆုိးလ္ရွားတစ္ေယာက္ ယေန႔ညကစားရမယ့္ မန္ခ်က္စတာဒါဘီပြဲကို နိဒါန္းပ်ိဳးလုိက္ပါတယ္။
ယူႏိုက္တက္ဟာ ဗုဒၶဟူးေန႔မွာ လုိက္ပ္ဇစ္ကို အေရးနိမ့္ကာ ခ်န္ပီယံလိဂ္ကေန ထြက္ခဲ့ရၿပီးေနာက္ ပရီးမီးယားလိဂ္အေရးႀကီးပြဲစဥ္အျဖစ္ ခ်န္ပီယံေဟာင္း စီးတီးကို ဧည့္ခံကစားရမွာျဖစ္ပါတယ္။
ယူႏုိက္တက္မွာ ရလဒ္ပိုင္းမတည္မၿငိမ္မႈေတြ၊ ေပါ့ဂ္ဘာနဲ႔ ဒီဂီယာတို႔ရဲ႕အနာဂတ္ေတြ မတည္မၿငိမ္ျဖစ္ေနေပမယ့္ ပရီးမီးယားလိဂ္မွာ ၄ပြဲဆက္အႏိုင္ရထားၿပီး စီးတီးထက္လည္း တစ္မွတ္အသာရထားပါတယ္။

၂၀၁၃ ေနာက္ပိုင္း ပထမဆုံးအႀကိမ္ အမွတ္ေပးခ်န္ပီယံျဖစ္ႏုိင္လားဆုိတဲ့ေမးခြန္းကို ဆုိးလ္ရွားက ”ဒီရာသီအတြင္း ဒါမွမဟုတ္ ႏွစ္သစ္ေရာက္ကတည္းက ကၽြန္ေတာ္တို႔အသင္း တုိးတက္ေနၿပီး ခ်န္ပီယံဆုကို စိန္ေခၚႏုိင္လိမ့္မယ္လုိ႔ ယုံၾကည္ခဲ့ပါတယ္”
”ကၽြန္ေတာ္တို႔အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ရာသီကထက္ ပိုမိုတုိးတက္ဖို႔လိုအပ္ေနတာ ေသခ်ာေပမယ့္ တျခားဘယ္အသင္းမွ တုိးတက္လာတယ္လုိ႔မထင္မိပါဘူး။ ပြဲတုိင္းအႏိုင္ရမယ္ဆုိရင္ေတာ့ ဒီေမးခြန္းအတြက္ အေျဖျဖစ္လာႏုိင္ပါတယ္။ တကယ္လုိ႔ ပြဲတိုင္းသာအႏုိင္ရရင္ အဆုံးသတ္မွာ ဆုဖလားရမွာပါ”လုိ႔ ေျပာပါတယ္။
ယူႏုိက္တက္က ဒီတစ္ပတ္က ေျပာစရာ Topic အမ်ားအျပားျဖစ္ခဲ့ၿပီး ၀က္စ္ဟမ္းနဲ႔ပြဲမွာ ေနာက္ကေန ၃ဂိုးအထိလုိက္သြင္းကာ အႏိုင္ရခဲ့သလုိ ေပါ့ဂ္ဘာရဲ႕အနာဂတ္ ယူႏုိက္တက္မွာ မရွိေတာ့ဘူးလုိ႔ ဖြင့္ဟခဲ့တဲ့ ေအးဂ်င့္ ႐ိုင္အိုလာ၊ လုိက္ပ္ဇစ္ကိုအေရးနိမ့္ခဲ့တဲ့ပြဲမွာ ဒီဂီယာရဲ႕အမွား အစရွိတာေတြပဲျဖစ္ပါတယ္။