
ပရီးမီးယားလိဂ်စတားတစ်ဦးဟာသူ့နေအိမ်တွင်ပင်သူ့ချစ်သူနှင့်အတူ
ဓားကိုင်မျက်နှာဖုံးစွပ်လူဆိုးများရဲ့တိုက်ခိုက်မှုနှင့်ရင်ဆိုင်ခဲ့ရကြောင်းသိရပါတယ်။
အနက်ရောင်မျက်နှာဖုံးစွပ်လူဆိုးများဟာပရီးမီးယားလိဂ်စတားရဲ့
ပေါင်၁.၅သန်းတန်နေအိမ်သို့ထိုးဖောက်ဝင်ရောက်လာပြီးနောက် ကစားသမားကို
နေအိမ်တလွှားတရွတ်တိုက်ဆွဲမှုပြုလုပ်ခဲ့ကြပါတယ်။
ယင်းလူဆိုးများဟာနိုင်ငံတကာပွဲစဉ်များအတွင်းကစားသမားကိုနိုင်ငံခြားသို့
ရောက်နေတယ်လို့ယူဆကာနေအိမ်ကိုဖောက်ထွင်းဝင်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
ဒါပေမယ့်ကစားသမားဟာလက်ရွေးစင်အသင်းမှနုတ်ထွက်ထားတာကြောင့်အိမ်သို့ပြန်ရောက်နေပါတယ်။
သူဟာသူငယ်ချင်းများနှင့်အတူတီဗွီကြည့်နေစဉ်မျက်နှာဖုံးစွပ်လူဆိုးလေးဦးတို့ဟာ
မှန်တံခါးကိုရိုက်ခွဲပြီးနေအိမ်ကိုဝင်ရောက်လာခဲ့ကြပါတယ်။ယင်းအချိန်တွင်
အမည်ဖော်ပြထားခြင်းမရှိတဲ့ကစားသမားရဲ့ချစ်သူကရေချိုးနေပါတယ်။
လူဆိုးများဟာ၎င်းတို့နှစ်ဦးကိုတရွတ်တိုက်ဆွဲယူပြီးအတူပူးချည်နှောင်ကာ
တစ်အိမ်လုံးကိုမွေနှောက်ရှာဖွေခဲ့ပါတယ်။ လူဆိုးများဟာနေအိမ်မှနာရီများ၊
အဖိုးတန်လက်ဝတ်ရတနာများ၊လျှပ်စစ်ပစ္စည်းများကိုရယူသွားခဲ့ကြပါတယ်။
ယင်းဓားပြတိုက်စီးနင်းမှုကြောင့်သူ့ကလပ်နှင့်တာဝန်ရှိသူများလည်း
အကြီးအကျယ်တုန်လှုပ်မှုဖြစ်ခဲ့ကြပါတယ်။ ဖောက်ထွင်းသမားများဟာ
ဘောလုံးသမားများ အဝေးကွင်းသွားရောက်ကစားချိန်တွင်နေအိမ်ကို
ပစ်မှတ်ထားဖောက်ထွင်းလေ့ရှိကြပါတယ်။ပြီးခဲ့တဲ့မတ်လတုန်းကလည်း
အဲဗာတန်ဂိုးသမားအိုလ်ဆင်နှင့်မိသားစုဝင်တို့နေအိမ်တွင်ရှိနေစဉ်မျက်နှာစွပ်
ဓားကိုင် ဓားပြတစ်ဦးရဲ့စီးနင်းမှုခံခဲ့ရဖူးပါတယ်။
zawgyi
ပရီးမီးယားလိဂ္စတားႏွင့္ခ်စ္သူတို႔ ေနအိမ္တြင္ပင္ ဓားကိုင္လူဆိုးမ်ားရဲ႕ အၾကမ္းဖက္ဓားျပတိုက္ခံရ
ပရီးမီးယားလိဂ္စတားတစ္ဦးဟာသူ႔ေနအိမ္တြင္ပင္သူ႔ခ်စ္သူႏွင့္အတူ
ဓားကိုင္မ်က္ႏွာဖုံးစြပ္လူဆိုးမ်ားရဲ႕တိုက္ခိုက္မႈႏွင့္ရင္ဆိုင္ခဲ့ရေၾကာင္းသိရပါတယ္။
အနက္ေရာင္မ်က္ႏွာဖုံးစြပ္လူဆိုးမ်ားဟာပရီးမီးယားလိဂ္စတားရဲ႕
ေပါင္၁.၅သန္းတန္ေနအိမ္သို႔ထိုးေဖာက္ဝင္ေရာက္လာၿပီးေနာက္ ကစားသမားကို
ေနအိမ္တလႊားတ႐ြတ္တိုက္ဆြဲမႈျပဳလုပ္ခဲ့ၾကပါတယ္။
ယင္းလူဆိုးမ်ားဟာႏိုင္ငံတကာပြဲစဥ္မ်ားအတြင္းကစားသမားကိုႏိုင္ငံျခားသို႔
ေရာက္ေနတယ္လို႔ယူဆကာေနအိမ္ကိုေဖာက္ထြင္းဝင္ေရာက္ခဲ့ၾကတာျဖစ္ပါတယ္။
ဒါေပမယ့္ကစားသမားဟာလက္ေ႐ြးစင္အသင္းမွႏုတ္ထြက္ထားတာေၾကာင့္အိမ္သို႔ျပန္ေရာက္ေနပါတယ္။
သူဟာသူငယ္ခ်င္းမ်ားႏွင့္အတူတီဗြီၾကည့္ေနစဥ္မ်က္ႏွာဖုံးစြပ္လူဆိုးေလးဦးတို႔ဟာ
မွန္တံခါးကို႐ိုက္ခြဲၿပီးေနအိမ္ကိုဝင္ေရာက္လာခဲ့ၾကပါတယ္။ယင္းအခ်ိန္တြင္
အမည္ေဖာ္ျပထားျခင္းမရွိတဲ့ကစားသမားရဲ႕ခ်စ္သူကေရခ်ိဳးေနပါတယ္။
လူဆိုးမ်ားဟာ၎တို႔ႏွစ္ဦးကိုတ႐ြတ္တိုက္ဆြဲယူၿပီးအတူပူးခ်ည္ေႏွာင္ကာ
တစ္အိမ္လုံးကိုေမြေႏွာက္ရွာေဖြခဲ့ပါတယ္။ လူဆိုးမ်ားဟာေနအိမ္မွနာရီမ်ား၊
အဖိုးတန္လက္ဝတ္ရတနာမ်ား၊လွ်ပ္စစ္ပစၥည္းမ်ားကိုရယူသြားခဲ့ၾကပါတယ္။
ယင္းဓားျပတိုက္စီးနင္းမႈေၾကာင့္သူ႔ကလပ္ႏွင့္တာဝန္ရွိသူမ်ားလည္း
အႀကီးအက်ယ္တုန္လႈပ္မႈျဖစ္ခဲ့ၾကပါတယ္။ ေဖာက္ထြင္းသမားမ်ားဟာ
ေဘာလုံးသမားမ်ား အေဝးကြင္းသြားေရာက္ကစားခ်ိန္တြင္ေနအိမ္ကို
ပစ္မွတ္ထားေဖာက္ထြင္းေလ့ရွိၾကပါတယ္။ၿပီးခဲ့တဲ့မတ္လတုန္းကလည္း
အဲဗာတန္ဂိုးသမားအိုလ္ဆင္ႏွင့္မိသားစုဝင္တို႔ေနအိမ္တြင္ရွိေနစဥ္မ်က္ႏွာစြပ္
ဓားကိုင္ ဓားျပတစ္ဦးရဲ႕စီးနင္းမႈခံခဲ့ရဖူးပါတယ္။