ပရီးမီးယားလိဂ်နဲ့ ဒီယာလိုအံဝင်ဖို့ လိုအပ်ချက်တွေရှိနေသေးတယ်လို့ နည်းပြဟောင်း သတိပေး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းက မကြာသေးခင်ကခေါ်ယူခဲ့တဲ့ ဒီယာလိုဟာ ပရီးမီးယားလိဂ်နဲ့ အံဝင်မယ့် ကြံ့ခိုင်မှုပိုင်းနဲ့ ခေါင်း တိုက်စွမ်းရည်ပိုင်းမှာ လိုအပ်ချက်တွေရှိနေသေးတယ်လို့ သူ့ရဲ့နည်းပြဟောင်းဖြစ်သူက ပြောလိုက်ပါတယ်။ မန်ယူဟာ အိုင်ဗရီကို့စ်လက်ရွေးစင်ဖြစ်တဲ့ အာမက်ဒီယာလိုကို အတ္တလန္တာအသင်းကနေ ကနဦးပြောင်းရွှေ့ ကြေးပေါင် ၁၉ သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပြီး တန်ကြေးကပေါင် ၃၇ သန်းအထိရှိလာမယ်လို့လည်း သိရပါတယ်။

ဒီယာလိုဟာ အသက် ၁၈ နှစ်သာရှိသေးတဲ့အပြင် နည်းစနစ်ပိုင်းကောင်းမွန်သလို တစ်ဦးချင်းခြေစွမ်းလည်း အားရစရာရှိနေလို့ ၂၀၀၃ က စီရော်နယ်ဒိုကို မန်ယူခေါ်ခဲ့တဲ့အခြေအနေမျိုးကို ပြန်အမှတ်ရစေတယ်လို့လည်း သုံးသပ်ကြပါတယ်။ အတ္တလန္တာအသင်းဖော်တွေကလည်း ဒီယာလိုကို ချီးကျူးခဲ့ကြပြီး လေ့ကျင့်ရေးကွင်းမှာ သူ နဲ့ရင်ဆိုင်ရတာဟာ မက်ဆီနဲ့ ရင်ဆိုင်ရသလိုဘဲလို့ ဆိုကြပါတယ်။

ဒါပေမယ့်သူငယ်စဥ်က ဘောလုံးပညာစတင်သင်ကြားပေးခဲ့တဲ့ ဘိုကာဘာကို ကလပ်ရဲ့လူငယ်နည်းပြ ဒန်းနစ်ဆာလီနီကတော့ ဒီယာလိုဟာ ပရီးမီးယားလိဂ်နဲ့အံဝင်ဖို့ အများကြီးလိုအပ်နေသေးတာကြောင့် ကစား သမားအပေါ်သိပ်မမျှော်လင့်ထားဖို့ သတိပေးခဲ့ပါတယ်။ ဒီယာလိုဟာ ခြေစွမ်းတက်လာကစ ရှိသေးပြီး အတ္တလ န္တာအသင်းအတွက်လည်း ၅ ပွဲသာကစားရသေးတာပါ။

ဆာလီနီက” ဒီယာလိုဟာ ရုပ်ပိုင်းဆိုင်ရာမှာ ဘိုကာဘာ ကိုရဲ့ အတောင့်တင်းဆုံးကစားသမားတွေထဲမှာတောင် ပါဝင်ခဲ့တာမဟုတ်ပါဘူး။ နောက်ပြီး သူ့ခေါင်းတိုက်စွမ်း ရည်ကလည်း အကောင်းဆုံးမဖြစ်ခဲ့ပါဘူး။ သူ့အနေနဲ့ ပရီးမီးယားလိဂ်ရဲ့ကြံ့ခိုင်မှုပိုင်းဆိုင်ရာ စိန်ခေါ်မှုကိုခံနိုင် ဖို့ဆိုရင် သူ့ကိုယ်အလေးချိန်ဟာနောက်ထပ် ကီလိုဂရမ်အနည်းငယ်လောက်ထပ်တိုးဖို့ လိုအပ်နေသေးတာပါ။

ဒါပေမယ့် သူဟာသိပ်ထူးခြားတဲ့စွမ်းရည်ရှိပြီး လျင်မြန်မှုနဲ့အတူ နည်းနစ်ပိုင်းလည်းထူးချွန်ပြီး ကန်ချက်တွေ လည်းသိပ်ကောင်းတဲ့သူပါ။ရိုးသားစွာပြောရရင် သူ့ကိုကျွန်တော်တို့ရှာတွေ့ခဲ့တာမဟုတ်ပါဘူး။ သူကသာ ကျွန်တော်တို့အသင်းဆီရောက်လာခဲ့တာပါ။ ကျွန်တော်တို့ ကံကောင်းတာပေါ့ဗျာ” လို့ပြောသွားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မန္ယူအသင္းက မၾကာေသးခင္ကေခၚယူခဲ့တဲ့ ဒီယာလိုဟာ ပရီးမီးယားလိဂ္နဲ႔ အံဝင္မယ့္ ႀကံ့ခိုင္မႈပိုင္းနဲ႔ ေခါင္း တိုက္စြမ္းရည္ပိုင္းမွာ လိုအပ္ခ်က္ေတြရွိေနေသးတယ္လို႔ သူ႔ရဲ႕နည္းျပေဟာင္းျဖစ္သူက ေျပာလိုက္ပါတယ္။ မန္ယူဟာ အိုင္ဗရီကို႔စ္လက္ေ႐ြးစင္ျဖစ္တဲ့ အာမက္ဒီယာလိုကို အတၱလႏၲာအသင္းကေန ကနဦးေျပာင္းေ႐ႊ႕ ေၾကးေပါင္ ၁၉ သန္းနဲ႔ေခၚယူခဲ့တာျဖစ္ၿပီး တန္ေၾကးကေပါင္ ၃၇ သန္းအထိရွိလာမယ္လို႔လည္း သိရပါတယ္။ ဒီယာလိုဟာ အသက္ ၁၈ ႏွစ္သာရွိေသးတဲ့အျပင္ နည္းစနစ္ပိုင္းေကာင္းမြန္သလို တစ္ဦးခ်င္းေျခစြမ္းလည္း အားရစရာရွိေနလို႔ ၂၀၀၃ က စီေရာ္နယ္ဒိုကို မန္ယူေခၚခဲ့တဲ့အေျခအေနမ်ိဳးကို ျပန္အမွတ္ရေစတယ္လို႔လည္း သုံးသပ္ၾကပါတယ္။

အတၱလႏၲာအသင္းေဖာ္ေတြကလည္း ဒီယာလိုကို ခ်ီးက်ဴးခဲ့ၾကၿပီး ေလ့က်င့္ေရးကြင္းမွာ သူ နဲ႔ရင္ဆိုင္ရတာဟာ မက္ဆီနဲ႔ ရင္ဆိုင္ရသလိုဘဲလို႔ ဆိုၾကပါတယ္။ ဒါေပမယ့္သူငယ္စဥ္က ေဘာလုံးပညာစတင္သင္ၾကားေပးခဲ့တဲ့ ဘိုကာဘာကို ကလပ္ရဲ႕လူငယ္နည္းျပ ဒန္းနစ္ဆာလီနီကေတာ့ ဒီယာလိုဟာ ပရီးမီးယားလိဂ္နဲ႔အံဝင္ဖို႔ အမ်ားႀကီးလိုအပ္ေနေသးတာေၾကာင့္ ကစား သမားအေပၚသိပ္မေမွ်ာ္လင့္ထားဖို႔ သတိေပးခဲ့ပါတယ္။ ဒီယာလိုဟာ ေျခစြမ္းတက္လာကစ ရွိေသးၿပီး အတၱလ ႏၲာအသင္းအတြက္လည္း ၅ ပြဲသာကစားရေသးတာပါ။

ဆာလီနီက” ဒီယာလိုဟာ ႐ုပ္ပိုင္းဆိုင္ရာမွာ ဘိုကာဘာ ကိုရဲ႕ အေတာင့္တင္းဆုံးကစားသမားေတြထဲမွာေတာင္ ပါဝင္ခဲ့တာမဟုတ္ပါဘူး။ ေနာက္ၿပီး သူ႔ေခါင္းတိုက္စြမ္း ရည္ကလည္း အေကာင္းဆုံးမျဖစ္ခဲ့ပါဘူး။ သူ႔အေနနဲ႔ ပရီးမီးယားလိဂ္ရဲ႕ႀကံ့ခိုင္မႈပိုင္းဆိုင္ရာ စိန္ေခၚမႈကိုခံႏိုင္ ဖို႔ဆိုရင္ သူ႔ကိုယ္အေလးခ်ိန္ဟာေနာက္ထပ္ ကီလိုဂရမ္အနည္းငယ္ေလာက္ထပ္တိုးဖို႔ လိုအပ္ေနေသးတာပါ။ ဒါေပမယ့္ သူဟာသိပ္ထူးျခားတဲ့စြမ္းရည္ရွိၿပီး လ်င္ျမန္မႈနဲ႔အတူ နည္းနစ္ပိုင္းလည္းထူးခြၽန္ၿပီး ကန္ခ်က္ေတြ လည္းသိပ္ေကာင္းတဲ့သူပါ။႐ိုးသားစြာေျပာရရင္ သူ႔ကိုကြၽန္ေတာ္တို႔ရွာေတြ႕ခဲ့တာမဟုတ္ပါဘူး။ သူကသာ ကြၽန္ေတာ္တို႔အသင္းဆီေရာက္လာခဲ့တာပါ။ ကြၽန္ေတာ္တို႔ ကံေကာင္းတာေပါ့ဗ်ာ” လို႔ေျပာသြားပါတယ္။