ပရီးမီးယားလိဂ်ပွဲစဉ် ၅ရဲ့နေရာအလိုက်အကောင်းဆုံးကစားသမားများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အငြင်းပွားစရာ VAR ဆုံးဖြတ်ချက်တချို့ကြောင့် လူပြောများခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၅မှာ မန်ချက်စတာမြို့ခံ ၂သင်းရလဒ်ကောင်းခဲ့ပေမယ့် လန်ဒန်ထိပ်သီးအသင်းတွေဖြစ်ကြတဲ့ အာဆင်နယ်၊ ချဲလ်ဆီးနဲ့စပါးတို့ကတော့ နိုင်ပွဲပျောက်ခဲ့ကြပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ် ၅မှာ ဘယ်သူတွေအကောင်းဆုံးခြေစွမ်းပြခဲ့ကြသလဲကို thefootballfaithful.comရဲ့ ရွေးချယ်မှုကို အခြေခံပြီးထပ်ဆင့်ဖော်ပြပေးလိုက်ပါတယ်။

ဂိုးသမား- အီဒါဆင်(မန်စီးတီး)

အာဆင်နယ်ကို ၁-ဝဂိုးနဲ့ မန်စီးတီးနိုင်တဲ့ပွဲမှာ ဂွာဒီယိုလာရဲ့အသင်းက ပွဲချိန်အများစုကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် ဂိုးသမားအီဒါဆင်ရဲ့ကာကွယ်မှုတချို့ကြောင့်သာ ဂိုးပြန်မပေးခဲ့ရတာပါ။ ဆာကာ ကန်တဲ့ဘောလုံးကို ကာကွယ်ခဲ့တာအပါအဝင် အရေးပါတဲ့ ဂိုးကာကွယ်မှု ၃ကြိမ်အထိ ရှိခဲ့ပါတယ်။

နောက်တန်း – ဒီယက်စ် (မန်စီးတီး)

ပေါင်သန်း ၆၀ကျော်နဲ့ ခေါ်ယူထားတဲ့ ခံစစ်မှူးကြောင့် မန်စီးတီးရဲ့ခံစစ်ကစားပုံဟာ အရင်ပွဲတွေကနဲ့များစွာ ကွာသွားပါတယ်။ခံစစ်ကစားပုံ ပိုတည်ငြိမ်ပြီး အမှားပိုနည်းခဲ့ပါတယ်။ ရူဘင်ဒီယက်စ်ဟာ အာဆင်နယ်နဲ့ပွဲမှာ ဘောလုံးထိတာ ၁၀၂ကြိမ်ရှိပြီး တိကျတဲ့ဘောလုံးအပေးအယူ ၈၉ကြိမ်လုပ်နိုင်တဲ့အပြင် အမြင့်ဘောယှဉ်လုနိုင်မှု လည်း ၄ကြိမ်ရှိပါတယ်။

နောက်တန်း – မက်ဂွိုင်းယား(မန်ယူ)

ဝေဖန်စရာတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် နယူးကာဆယ်နဲ့ပွဲမှာတော့ မက်ဂွိုင်းယားရဲ့အကောင်းဆုံးခြေစွမ်းကို ပြန်မြင်ခဲ့ရပါတယ်။ အရေးပါတဲ့ ချေပဂိုးတစ်ဂိုးသွင်းတဲ့အပြင် ဘောလုံးအပေးယူ အကြိမ် ၈၀ကျော်အထိလည်း လုပ်နိုင်ခဲ့ပါတယ်။

နောက်တန်း- မိုက်ကယ်ကိန်း(အဲဗာတန်)

မာဆေးဆိုက်ဒါဘီပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ကစားသမားတွေထဲ အဲဗာတန်နောက်ခံလူ မိုက်ကယ်ကိန်းလည်းပါပါတယ်။ အသင်းအတွက်အဖိုးတန်ဂိုး တစ်ဂိုးသွင်းပေးတဲ့အပြင် နည်းပြ အန်ဆယ်လော့တီလက်ထက်မှာ တော်တော်လေး တိုးတက်လာတဲ့ ခံစစ်မှူးတစ်ဦးလည်းဖြစ်လာပါတယ်။

အလယ်တန်း- ဂျော်ဒန်ဟန်ဒါဆင်(လီဗာပူး)

လီဗာပူးကွင်းလယ်မှာ အယ်လ်ကန်တာရာနဲ့တွဲပြီး လုပ်အားနှုန်းကောင်းကောင်းနဲ့ ကစားသွားနိုင်ခဲ့ပါတယ်။ ဘောလုံးအပေးအယူအကြိမ် ၆၀ကျော်ရှိပြီး ပွဲပြီးခါနီး သူ သွင်းတဲ့အနိုင်ဂိုးကိုသာ VARက မပယ်ဖျက်ခဲ့ရင် အဲဒီပွဲရဲ့အငြင်းပွားစရာမရှိ အကောင်းဆုံးကစားသမားတောင်ဖြစ်နိုင်ခဲ့ပါတယ်။

အလယ်တန်း – အယ်ကန်တာရာ(လီဗာပူး)

လီဗာပူးရဲ့ပွဲထွက်စာရင်းထဲ ပထမဆုံးအကြိမ် ပါဝင်လာတဲ့ အယ်လ်ကန်တာရာဟာ တစ်ပွဲလုံး ဘောလုံးအပေး အယူအကြိမ် ၈၀နီးပါးအထိရှိခဲ့ပါတယ်။ နောက်ဆုံးမိနစ်မှာ သူ့ရဲ့အမှတ်တံဆိပ်လို့ဆိုရမယ့် no look passနဲ့ မာနေးကို ပေးလိုက်တဲ့ ဘောလုံးသာ လူမကျွံခဲ့ရင် သူ့ရဲ့အရေးပါမှုက ပိုပြီး ပြောစရာဖြစ်ခဲ့မှာပါ။

အလယ်တန်း – ရော့စ်ဘာကလေ(အက်စတွန်ဗီလာ)

အက်စတွန်ဗီလာကို အငှားစာချုပ်နဲ့ပြောင်းလာပြီးနောက် ၂ပွဲဆက်တိုက် ဘာကလေ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒီတစ်ပတ် လက်စတာစီးတီးနဲ့အဝေးကွင်းပွဲစဉ်မှာ သူသွင်းတဲ့ဂိုးက အက်စတွန်ဗီလာအတွက် တစ်လုံးတည်းသော အနိုင်ဂိုးလည်းဖြစ်ပါတယ်။ အက်စတွန်ဗီလာကို မပြောင်းခင် ချဲလ်ဆီးမှာတုန်းက ပရီးမီးယားလိဂ်နောက်ဆုံး ၄၂ပွဲမှာမှ ၂ဂိုးပဲသွင်းနိုင်ခဲ့တာပါ။

ညာတောင်ပံ – မာတာ(မန်ယူ)

ဂရင်းဝုဒ်မပါတဲ့ မန်ယူရဲ့ညာခြမ်းမှာ ပွဲထွက်ကစားခွင့်ပြန်ရခဲ့တဲ့ မာတာဟာ ယူနိုက်တက်ရဲ့တိုက်စစ်ကို အကောင်းဆုံး ဦးဆောင်နိုင်ခဲ့ပါတယ်။ မက်ဂွိုင်းယားရဲ့ချေပဂိုးကို ဖန်တီးပေးနိုင်ခဲ့တဲ့အပြင် နည်းစနစ်ပိုင်းအရ ကစားဖော်တွေအတွက်လည်း အကောင်းဆုံးပံ့ပိုးပေးနိုင်ခဲ့ပါတယ်။

ဘယ်တောင်ပံ – ဆွန်ဟောင်မင်(စပါး)

ဆွန်ဟောင်မင်နဲ့ဟယ်ရီကိန်းတို့ရဲ့တွဲလုံးတွေကိုဝက်စ်ဟမ်းနဲ့ပွဲမှာလည်း ထပ်မြင်ခဲ့ရပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်မှာ စပါးအသင်းအတွက် ဆွန်ဟောင်မင်ရဲ့သွင်းဂိုး ၇ ဂိုးရှိပြီဖြစ်ပါတယ်။

ရှေ့တန်း – တီမိုဝါနာ(ချဲလ်ဆီး)

နောက်ဆုံးတော့ ချဲလ်ဆီးအတွက် တီမိုဝါနာ ဂိုးစသွင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ ရက်ဘူးလ်လိုက်ပ်ဇစ်ကနေ ပြောင်းလာပြီးနောက်ပိုင်း တီမိုဝါနာဟာ ချဲလ်ဆီးအသင်းရဲ့ ဦးစားပေးကစားသမားစာရင်းဝင်ဖြစ်ခဲ့ပေမယ့် ဆောက်သမ်တန်နဲ့ပွဲမှာမှ အသင်းအတွက် ၂ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ရှေ့တန်း – ဟယ်ရီကိန်း(စပါး)

ရာသီအစ ပရီးမီးယားလိဂ် ၅ပွဲမှာတင် ဟယ်ရီကိန်းရဲ့ဂိုးပါဝင်ပတ်သက်မှုက ၁၂ ဂိုးအထိရှိလာပြီဖြစ်ပါတယ်။ ဝက်စ်ဟမ်းနဲ့ပွဲမှာ စပါးရဲ့၃ဂိုးစလုံးက သူနဲ့ပတ်သက်ခဲ့ပြီး ၂ဂိုးသွင်း၊ ၁ဂိုးဖန်တီးခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပရီးမီးယားလိဂ္ပြဲစဥ္ ၅ရဲ႕ေနရာအလိုက္အေကာင္းဆံုးကစားသမားမ်ား

အျငင္းပြားစရာ VAR ဆံုးျဖတ္ခ်က္တခ်ိဳ႕ေၾကာင့္ လူေျပာမ်ားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ ၅မွာ မန္ခ်က္စတာၿမိဳ႕ခံ ၂သင္းရလဒ္ေကာင္းခဲ့ေပမယ့္ လန္ဒန္ထိပ္သီးအသင္းေတြျဖစ္ၾကတဲ့ အာဆင္နယ္၊ ခ်ဲလ္ဆီးနဲ႔စပါးတို႔ကေတာ့ ႏိုင္ပြဲေပ်ာက္ခဲ့ၾကပါတယ္။ ပရီးမီးယားလိဂ္ပြဲစဥ္ ၅မွာ ဘယ္သူေတြအေကာင္းဆံုးေျခစြမ္းျပခဲ့ၾကသလဲကို thefootballfaithful.comရဲ႕ ေရြးခ်ယ္မႈကို အေျခခံၿပီးထပ္ဆင့္ေဖာ္ျပေပးလိုက္ပါတယ္။

ဂိုးသမား- အီဒါဆင္(မန္စီးတီး)

အာဆင္နယ္ကို ၁-၀ဂိုးနဲ႔ မန္စီးတီးႏိုင္တဲ့ပြဲမွာ ဂြာဒီယိုလာရဲ႕အသင္းက ပြဲခ်ိန္အမ်ားစုကို ထိန္းခ်ဳပ္ႏိုင္ခဲ့ေပမယ့္ ဂိုးသမားအီဒါဆင္ရဲ႕ကာကြယ္မႈတခ်ိဳ႕ေၾကာင့္သာ ဂိုးျပန္မေပးခဲ့ရတာပါ။ ဆာကာ ကန္တဲ့ေဘာလံုးကို ကာကြယ္ခဲ့တာအပါအ၀င္ အေရးပါတဲ့ ဂိုးကာကြယ္မႈ ၃ႀကိမ္အထိ ရွိခဲ့ပါတယ္။

ေနာက္တန္း – ဒီယက္စ္ (မန္စီးတီး)

ေပါင္သန္း ၆၀ေက်ာ္နဲ႔ ေခၚယူထားတဲ့ ခံစစ္မွဴးေၾကာင့္ မန္စီးတီးရဲ႕ခံစစ္ကစားပံုဟာ အရင္ပြဲေတြကနဲ႔မ်ားစြာ ကြာသြားပါတယ္။ခံစစ္ကစားပံု ပိုတည္ၿငိမ္ၿပီး အမွားပိုနည္းခဲ့ပါတယ္။ ရူဘင္ဒီယက္စ္ဟာ အာဆင္နယ္နဲ႔ပြဲမွာ ေဘာလံုးထိတာ ၁၀၂ႀကိမ္ရွိၿပီး တိက်တဲ့ေဘာလံုးအေပးအယူ ၈၉ႀကိမ္လုပ္ႏိုင္တဲ့အျပင္ အျမင့္ေဘာယွဥ္လုႏိုင္မႈ လည္း ၄ႀကိမ္ရွိပါတယ္။

ေနာက္တန္း – မက္ဂြိဳင္းယား(မန္ယူ)

ေ၀ဖန္စရာေတြနဲ႔ ရင္ဆိုင္ခဲ့ရေပမယ့္ နယူးကာဆယ္နဲ႔ပြဲမွာေတာ့ မက္ဂြိဳင္းယားရဲ႕အေကာင္းဆံုးေျခစြမ္းကို ျပန္ျမင္ခဲ့ရပါတယ္။ အေရးပါတဲ့ ေခ်ပဂိုးတစ္ဂိုးသြင္းတဲ့အျပင္ ေဘာလံုးအေပးယူ အႀကိမ္ ၈၀ေက်ာ္အထိလည္း လုပ္ႏိုင္ခဲ့ပါတယ္။

ေနာက္တန္း- မိုက္ကယ္ကိန္း(အဲဗာတန္)

မာေဆးဆိုက္ဒါဘီပြဲမွာ ေျခစြမ္းျပႏိုင္ခဲ့တဲ့ ကစားသမားေတြထဲ အဲဗာတန္ေနာက္ခံလူ မိုက္ကယ္ကိန္းလည္းပါပါတယ္။ အသင္းအတြက္အဖိုးတန္ဂိုး တစ္ဂိုးသြင္းေပးတဲ့အျပင္ နည္းျပ အန္ဆယ္ေလာ့တီလက္ထက္မွာ ေတာ္ေတာ္ေလး တုိးတက္လာတဲ့ ခံစစ္မွဴးတစ္ဦးလည္းျဖစ္လာပါတယ္။

အလယ္တန္း- ေဂ်ာ္ဒန္ဟန္ဒါဆင္(လီဗာပူး)

လီဗာပူးကြင္းလယ္မွာ အယ္လ္ကန္တာရာနဲ႔တြဲၿပီး လုပ္အားႏႈန္းေကာင္းေကာင္းနဲ႔ ကစားသြားႏိုင္ခဲ့ပါတယ္။ ေဘာလုံးအေပးအယူအႀကိမ္ ၆၀ေက်ာ္ရွိၿပီး ပြဲၿပီးခါနီး သူ သြင္းတဲ့အႏိုင္ဂိုးကိုသာ VARက မပယ္ဖ်က္ခဲ့ရင္ အဲဒီပြဲရဲ႕အျငင္းပြားစရာမရွိ အေကာင္းဆံုးကစားသမားေတာင္ျဖစ္ႏိုင္ခဲ့ပါတယ္။

အလယ္တန္း – အယ္ကန္တာရာ(လီဗာပူး)

လီဗာပူးရဲ႕ပြဲထြက္စာရင္းထဲ ပထမဆံုးအႀကိမ္ ပါ၀င္လာတဲ့ အယ္လ္ကန္တာရာဟာ တစ္ပြဲလံုး ေဘာလံုးအေပး အယူအႀကိမ္ ၈၀နီးပါးအထိရွိခဲ့ပါတယ္။ ေနာက္ဆံုးမိနစ္မွာ သူ႔ရဲ႕အမွတ္တံဆိပ္လို႔ဆိုရမယ့္ no look passနဲ႔ မာေနးကို ေပးလိုက္တဲ့ ေဘာလံုးသာ လူမကၽြံခဲ့ရင္ သူ႔ရဲ႕အေရးပါမႈက ပိုၿပီး ေျပာစရာျဖစ္ခဲ့မွာပါ။

အလယ္တန္း – ေရာ့စ္ဘာကေလ(အက္စတြန္ဗီလာ)

အက္စတြန္ဗီလာကို အငွားစာခ်ဳပ္နဲ႔ေျပာင္းလာၿပီးေနာက္ ၂ပြဲဆက္တိုက္ ဘာကေလ ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ ဒီတစ္ပတ္ လက္စတာစီးတီးနဲ႔အေ၀းကြင္းပြဲစဥ္မွာ သူသြင္းတဲ့ဂိုးက အက္စတြန္ဗီလာအတြက္ တစ္လံုးတည္းေသာ အႏုိင္ဂိုးလည္းျဖစ္ပါတယ္။ အက္စတြန္ဗီလာကို မေျပာင္းခင္ ခ်ဲလ္ဆီးမွာတုန္းက ပရီးမီးယားလိဂ္ေနာက္ဆံုး ၄၂ပြဲမွာမွ ၂ဂိုးပဲသြင္းႏိုင္ခဲ့တာပါ။

ညာေတာင္ပံ – မာတာ(မန္ယူ)

ဂရင္း၀ုဒ္မပါတဲ့ မန္ယူရဲ႕ညာျခမ္းမွာ ပြဲထြက္ကစားခြင့္ျပန္ရခဲ့တဲ့ မာတာဟာ ယူႏုိက္တက္ရဲ႕တိုက္စစ္ကို အေကာင္းဆံုး ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ မက္ဂြိဳင္းယားရဲ႕ေခ်ပဂိုးကို ဖန္တီးေပးႏိုင္ခဲ့တဲ့အျပင္ နည္းစနစ္ပိုင္းအရ ကစားေဖာ္ေတြအတြက္လည္း အေကာင္းဆံုးပ့ံပိုးေပးႏိုင္ခဲ့ပါတယ္။

ဘယ္ေတာင္ပံ – ဆြန္ေဟာင္မင္(စပါး)

ဆြန္ေဟာင္မင္နဲ႔ဟယ္ရီကိန္းတို႔ရဲ႕တြဲလံုးေတြကို၀က္စ္ဟမ္းနဲ႔ပြဲမွာလည္း ထပ္ျမင္ခဲ့ရပါတယ္။ ဒီရာသီ ပရီးမီးယားလိဂ္မွာ စပါးအသင္းအတြက္ ဆြန္ေဟာင္မင္ရဲ႕သြင္းဂိုး ၇ ဂိုးရွိၿပီျဖစ္ပါတယ္။

ေရွ႕တန္း – တီမို၀ါနာ(ခ်ဲလ္ဆီး)

ေနာက္ဆံုးေတာ့ ခ်ဲလ္ဆီးအတြက္ တီမို၀ါနာ ဂိုးစသြင္းႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ ရက္ဘူးလ္လိုက္ပ္ဇစ္ကေန ေျပာင္းလာၿပီးေနာက္ပိုင္း တီမို၀ါနာဟာ ခ်ဲလ္ဆီးအသင္းရဲ႕ ဦးစားေပးကစားသမားစာရင္း၀င္ျဖစ္ခဲ့ေပမယ့္ ေဆာက္သမ္တန္နဲ႔ပြဲမွာမွ အသင္းအတြက္ ၂ဂိုးသြင္းႏိုင္ခဲ့ပါတယ္။

ေရွ႕တန္း – ဟယ္ရီကိန္း(စပါး)

ရာသီအစ ပရီးမီးယားလိဂ္ ၅ပြဲမွာတင္ ဟယ္ရီကိန္းရဲ႕ဂိုးပါ၀င္ပတ္သက္မႈက ၁၂ ဂိုးအထိရွိလာၿပီျဖစ္ပါတယ္။ ၀က္စ္ဟမ္းနဲ႔ပြဲမွာ စပါးရဲ႕၃ဂိုးစလံုးက သူနဲ႔ပတ္သက္ခဲ့ၿပီး ၂ဂိုးသြင္း၊ ၁ဂိုးဖန္တီးခဲ့ပါတယ္။