
ပရီးမီးယားလိဂ် ပွဲတွေကတော့ တစ်ပတ်ပြီး တစ်ပတ် ဆက်တိုက်ဆိုသလို
ဆက်လာနေပါပြီ။ ကြားရက် ပွဲတွေ ပြီးတာနဲ့ သီတင်းပတ်ကုန် ပရီးမီးယားလိဂ်
အပတ်စဉ် ၁၅ ပွဲတွေ ယှဉ်ပြိုင် ရတော့မှာပါ။ BBC အားကစား ကလောင်ရှင်
လော်ရိုး က ဒီတစ်ပတ် အတွက် သူ့ရဲ့ ခန့်မှန်းချက်တွေ ကို အခုလို ပြောပြသွားခဲ့ပါတယ်။
-ဝက်စ်ဟမ်း Vs ချဲလ်ဆီး
ဒီဇင်ဘာ ၄ ရက်၊ စနေနေ့၊ ည ၇ နာရီမှာ ကစားမယ့်ပွဲဖြစ်ပြီး၊ နိုင်ငံတကာပွဲစဉ်တွေက
ဝက်စ်ဟမ်း ရဲ့ ပုံစံကောင်းတွေကို ရပ်တန့်ပစ်လိုက်သလိုပါပဲ ဘာလို့လဲ ဆိုတော့
သူတို့ဟာ အဲဒီ ကာလ ပြီးကတည်းက ပရီးမီးယားလိဂ် နိုင်ပွဲ မရတော့သလို ၊
အခုလည်း အဲဒီ မှတ်တမ်းဆိုးကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ မမြင်မိပါဘူး။
ချဲလ်ဆီး ဟာ ဝက်ဖို့ဒ် ကို ကံကောင်း ထောက်မစွာနဲ့ပဲ အနိုင်ရခဲ့တာပါ။ ဒါကို
သူတို့ နည်းပြ တူချယ် ကလည်းဝန်ခံသွားခဲ့ပါတယ်။ ဒီပွဲမှာတော့ သူတို့ရဲ့
ပုံစံကောင်းတွေ ပြန်တွေ့ရလိမ့်မယ်လို့ ကျွန်တော်က မျှော်လင့်ထားပါတယ်
ဘာလို့လဲ ဆိုတော့ ချဲလ်ဆီး 2 ပွဲ ဆက်တိုက် ခြေစွမ်း ယိမ်းယိုင်တာမျိုးတွေ
မဖြစ်သေးလို့ပါ။
လော်ရိုးရဲ့ ခန့်မှန်းချက် ကတော့ ဝက်စ်ဟမ်း 0-2 ချဲလ်ဆီး ဖြစ်ပါတယ်။
-ဝုဗ် VS လီဗာပူး
ဒီဇင်ဘာ ၄ ရက်၊ စနေနေ့၊ ည ၉း၃၀ နာရီမှာ ကစားမယ့်ပွဲဖြစ်ပြီး၊ မိုလီ
နက်စ်ကွင်းဟာ လီဗာပူးအတွက် ပျော်စရာ အမဲလိုက်ကွင်းတစ်ခုပါပဲ။
သူတို့ဟာ အဲဒီကို သွားကစားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲလုံးကို
အနိုင်ရခဲ့ပါတယ်။ ဝုဗ်က ဒီတစ်ကြိမ်မှာ ပွဲကောင်းတစ်ပွဲဖြစ်အောင် ဖန်တီး
ပေးမှာဆိုပေမယ့် အခုချိန်မှာ ဂိုးမသွင်းနိုင်ပါဘူး။ ဒါပေမယ့် လီဗာပူး
အတွက်တော့ ဂိုးရဖို့ဆိုတာ ပြဿနာမဟုတ်သလို ဒီရာသီမှာ လိဂ်တစ်ပွဲကို
ပျမ်းမျှ ၃ ဂိုးထက်နဲ့ အထက် သွင်းယူ ထားတဲ့ အံ့အားသင့်ဖွယ် မှတ်တမ်း
တစ်ခု ရရှိထားတာပါ။ လော်ရိုး ခန့်မှန်းရလဒ် ကတော့ ဝုဗ် 0-2 လီဗာပူး ဖြစ်ပါတယ်။
-ဝက်ဖို့ဒ် VS မန်စီးတီး
ဒီဇင်ဘာ ၄ ရက်၊ စနေနေ့၊ ည ၁၂ နာရီမှာ ကစားမယ့် ပွဲဖြစ်ပြီး၊ ဝက်ဖို့ဒ်က
ကြားရက် ချဲလ်ဆီးနဲ့ ပွဲမှာ အရမ်း ကောင်းခဲ့ပါတယ်။ သူတို့ အနိုင် ၃ မှတ်
မဟုတ်တောင် အနည်းဆုံး တစ်မှတ်တော့ ရဖို့ ထိုက်တန်ခဲ့တဲ့ အသင်းပါ။
ဒါပေမယ့် အခု ဒီတစ်ပတ်မှာ သူတို့က လက်ရှိ ချန်ပီယံတွေနဲ့ တွေ့နေပြီး
ထပ်မံ အရှိန်မြှင့်တင်ဖို့ ကြိုးစားရမှာပါ။ လေးရက်အတွင်း ဒါမျိုး စွမ်းဆောင်
ရည်ကို နှစ်ကြိမ်တောင် လုပ်ပြဖို့ဆိုတာ မဖြစ်နိုင်လောက်ဘူးလို့ ထင်ပါတယ်။
မန်စီးတီးကတော့ ဗုဒ္ဓဟူးနေ့က အက်စ်တွန်ဗီလာကို အနိုင်ရခဲ့တာကို
ဆက်လက် ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် သူတို့က လိုအပ်ရင်
ကောင်းကောင်း ခံစစ်ကစားနိုင်ပါတယ်။ တိုက်စစ်က ဘယ်လောက်
ကောင်းလဲဆိုတာတော့ သိပြီးသားမို့ ပြောစရာမလိုပါဘူး။
လော်ရိုး ခန့်မှန်းရလဒ် ကတော့ဝက်ဖို့ဒ် 0-3 မန်စီးတီးဖြစ်ပါတယ်။
-ယူနိုက်တက် Vs ပဲလေ့စ်
ဒီဇင်ဘာ ၅ ရက်၊ တနင်္ဂနွေနေ့၊ ည ၈း၃ဝ နာရီမှာ ကစားမယ့် ပွဲဖြစ်ပြီး၊
ရန်နစ် ပထမဆုံး ကိုင်တွယ်မယ့် ပွဲစဉ်မို့ ကစားသမားတွေ ဆီကနေ
တုန့်ပြန်မှု အပြည့် ကစားပြမယ့် အနေအထားတွေ မြင်တွေ့ရဖို့ မျှော်လင့်
ထားပါတယ်။ ဆိုးလ်ရှား ထွက်သွားပြီး ကတည်းက အသင်းမှာ တိုးတက်မှုတွေ
ဆက်တိုက် ရှိနေတာ မြင်ခဲ့ရပြီးပါပြီ။ အခုဆိုရင် ကစားသမား တိုင်းက သူတို့
နေရာအတွက် တိုက်ပွဲဝင်လာကြသလို ၊ ကစားခွင့် မရတဲ့ သူတွေတောင်
အပြောင်းအလဲမှာ အခွင့်အရေး ရလာနိုင်တယ်ဆိုတဲ့ ပုံစံမျိုး ကြိုးစားလာကြပါတယ်။
ဒါကြောင့် ယူနိုက်တက် ရဲ့ တိုးတက်မှုတွေက ဆက်ပြီး ဖြစ်ပေါ်နေဦးမှာပါ။
ပဲလေ့စ် ကလည်း ယူနိုက်တက် ကို ဒုက္ခပေးနိုင်ဖို့ ကြိုးစားမှာ သေချာပါတယ်
ဒါပေမယ့် နိုင်ငံတကာ ပွဲစဉ်တွေ ပြီးသွား ကတည်းက သူတို့ဟာ အရင်
လောက်ထိ စုစည်းမှုအား မကောင်းတော့ဘူးလို့ ထင်ပါတယ်။
လော်ရိုး ခန့်မှန်းချက် ကတော့ ယူနိုက်တက် 2-0 ပဲလေ့စ် ဖြစ်ပါတယ်။
-အဲဗာတန် Vs အာဆင်နယ်
ဒီဇင်ဘာ ၇ ရက်၊ အင်္ဂါနေ့၊ နံနက် ၂း၃ဝ နာရီ မှာ ကစားမယ့် ပွဲဖြစ်ပြီး၊
အဲဗာတန် ရဲ့ ကစားပုံက ပိုကောင်းမလာသေးပါဘူး။လီဗာပူး နဲ့ ကစားခဲ့တဲ့ပွဲ
အစောပိုင်းမှာတော့ သူတို့လည်း ခံစစ်ကို စုစုစည်းစည်း နဲ့ ကစားတတ်လာပြီလို့
ထင်ရပေမယ့် ၊ 2 ဂိုး ဆက်တိုက် ပေးလိုက်ရ အပြီးမှာတော့ မျှော်လင့်ချက်ဟာ
အစောကြီး ပျက်စီးသွားခဲ့ပါတယ်။
တစ်ဖက်က မာဆေးဆိုဒ် ကို လာရောက် ကစားမယ့် အာဆင်နယ် ရဲ့ စွမ်းဆောင်
ရည်ကိုလည်း အယုံသွင်းထားလို့ မရပြန်ပါဘူး။ ပြီးခဲ့တဲ့ အပတ်က လီဗာပူး နဲ့
ကစားခဲ့တဲ့ ပွဲမှာ ဆိုရင် 4 ဂိုး အထိတောင် ခွင့်ပြုလိုက်ရတာပါ။
အာဆင်နယ် ရဲ့ ကစားပုံကို ကြည့်ရတာ တစ်ခုခု လိုနေသလိုပါပဲ။ ကံကောင်း
တစ်ခုက ဒီတစ်ကြိမ် မာဆေးဆိုဒ် ခရီးစဉ်မှာ ရင်ဆိုင် ကစားရမယ့် အသင်းက
လီဗာပူး မဟုတ်ဘဲ ၊ အဲဗာတန် ဖြစ်နေတဲ့ အချက်ပါ။
လော်ရိုး ရဲ့ ခန့်မှန်းချက် ကတော့ အဲဗာတန် 1-2 အာဆင်နယ် ဖြစ်ပါတယ်။
အခြားပွဲစဉ်များအတွက် လော်ရိုး ခန့်မှန်းရလဒ်များကတော့
Tottenham 3-0 Norwich
Newcastle 0-2 Burnley
Southampton 2-1 Brighton
Leeds 2-0 Brentford
Aston Villa 1-1 Leicester ဖြစ်ပါတယ်။
Zawgyi
ပရီးမီးယားလိဂ္ပြဲစဥ္ ၁၅ အတြက္ ေလာ္႐ိုးရဲ႕ ခန႔္မွန္းခ်က္မ်ား
ပရီးမီးယားလိဂ္ ပြဲေတြကေတာ့ တစ္ပတ္ၿပီး တစ္ပတ္ ဆက္တိုက္ဆိုသလို
ဆက္လာေနပါၿပီ။ ၾကားရက္ ပြဲေတြ ၿပီးတာနဲ႔ သီတင္းပတ္ကုန္ ပရီးမီးယားလိဂ္
အပတ္စဥ္ ၁၅ ပြဲေတြ ယွဥ္ၿပိဳင္ ရေတာ့မွာပါ။ BBC အားကစား ကေလာင္ရွင္
ေလာ္႐ိုး က ဒီတစ္ပတ္ အတြက္ သူ႔ရဲ႕ ခန႔္မွန္းခ်က္ေတြ ကို အခုလို ေျပာျပသြားခဲ့ပါတယ္။
-ဝက္စ္ဟမ္း Vs ခ်ဲလ္ဆီး
ဒီဇင္ဘာ ၄ ရက္၊ စေနေန႔၊ ည ၇ နာရီမွာ ကစားမယ့္ပြဲျဖစ္ၿပီး၊ ႏိုင္ငံတကာပြဲစဥ္ေတြက
ဝက္စ္ဟမ္း ရဲ႕ ပုံစံေကာင္းေတြကို ရပ္တန႔္ပစ္လိုက္သလိုပါပဲ ဘာလို႔လဲ ဆိုေတာ့
သူတို႔ဟာ အဲဒီ ကာလ ၿပီးကတည္းက ပရီးမီးယားလိဂ္ ႏိုင္ပြဲ မရေတာ့သလို ၊
အခုလည္း အဲဒီ မွတ္တမ္းဆိုးကို ေက်ာ္ျဖတ္ႏိုင္လိမ့္မယ္လို႔ မျမင္မိပါဘူး။
ခ်ဲလ္ဆီး ဟာ ဝက္ဖို႔ဒ္ ကို ကံေကာင္း ေထာက္မစြာနဲ႔ပဲ အႏိုင္ရခဲ့တာပါ။ ဒါကို
သူတို႔ နည္းျပ တူခ်ယ္ ကလည္းဝန္ခံသြားခဲ့ပါတယ္။ ဒီပြဲမွာေတာ့ သူတို႔ရဲ႕
ပုံစံေကာင္းေတြ ျပန္ေတြ႕ရလိမ့္မယ္လို႔ ကြၽန္ေတာ္က ေမွ်ာ္လင့္ထားပါတယ္
ဘာလို႔လဲ ဆိုေတာ့ ခ်ဲလ္ဆီး 2 ပြဲ ဆက္တိုက္ ေျခစြမ္း ယိမ္းယိုင္တာမ်ိဳးေတြ
မျဖစ္ေသးလို႔ပါ။
ေလာ္႐ိုးရဲ႕ ခန႔္မွန္းခ်က္ ကေတာ့ ဝက္စ္ဟမ္း 0-2 ခ်ဲလ္ဆီး ျဖစ္ပါတယ္။
-ဝုဗ္ VS လီဗာပူး
ဒီဇင္ဘာ ၄ ရက္၊ စေနေန႔၊ ည ၉း၃၀ နာရီမွာ ကစားမယ့္ပြဲျဖစ္ၿပီး၊ မိုလီ
နက္စ္ကြင္းဟာ လီဗာပူးအတြက္ ေပ်ာ္စရာ အမဲလိုက္ကြင္းတစ္ခုပါပဲ။
သူတို႔ဟာ အဲဒီကို သြားကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ေနာက္ဆုံး ၅ ပြဲလုံးကို
အႏိုင္ရခဲ့ပါတယ္။ ဝုဗ္က ဒီတစ္ႀကိမ္မွာ ပြဲေကာင္းတစ္ပြဲျဖစ္ေအာင္ ဖန္တီး
ေပးမွာဆိုေပမယ့္ အခုခ်ိန္မွာ ဂိုးမသြင္းႏိုင္ပါဘူး။ ဒါေပမယ့္ လီဗာပူး
အတြက္ေတာ့ ဂိုးရဖို႔ဆိုတာ ျပႆနာမဟုတ္သလို ဒီရာသီမွာ လိဂ္တစ္ပြဲကို
ပ်မ္းမွ် ၃ ဂိုးထက္နဲ႔ အထက္ သြင္းယူ ထားတဲ့ အံ့အားသင့္ဖြယ္ မွတ္တမ္း
တစ္ခု ရရွိထားတာပါ။ ေလာ္႐ိုး ခန႔္မွန္းရလဒ္ ကေတာ့ ဝုဗ္ 0-2 လီဗာပူး ျဖစ္ပါတယ္။
-ဝက္ဖို႔ဒ္ VS မန္စီးတီး
ဒီဇင္ဘာ ၄ ရက္၊ စေနေန႔၊ ည ၁၂ နာရီမွာ ကစားမယ့္ ပြဲျဖစ္ၿပီး၊ ဝက္ဖို႔ဒ္က
ၾကားရက္ ခ်ဲလ္ဆီးနဲ႔ ပြဲမွာ အရမ္း ေကာင္းခဲ့ပါတယ္။ သူတို႔ အႏိုင္ ၃ မွတ္
မဟုတ္ေတာင္ အနည္းဆုံး တစ္မွတ္ေတာ့ ရဖို႔ ထိုက္တန္ခဲ့တဲ့ အသင္းပါ။
ဒါေပမယ့္ အခု ဒီတစ္ပတ္မွာ သူတို႔က လက္ရွိ ခ်န္ပီယံေတြနဲ႔ ေတြ႕ေနၿပီး
ထပ္မံ အရွိန္ျမႇင့္တင္ဖို႔ ႀကိဳးစားရမွာပါ။ ေလးရက္အတြင္း ဒါမ်ိဳး စြမ္းေဆာင္
ရည္ကို ႏွစ္ႀကိမ္ေတာင္ လုပ္ျပဖို႔ဆိုတာ မျဖစ္ႏိုင္ေလာက္ဘူးလို႔ ထင္ပါတယ္။
မန္စီးတီးကေတာ့ ဗုဒၶဟူးေန႔က အက္စ္တြန္ဗီလာကို အႏိုင္ရခဲ့တာကို
ဆက္လက္ ထိန္းသိမ္းထားဖို႔ လိုအပ္ပါတယ္။ ဒါေပမယ့္ သူတို႔က လိုအပ္ရင္
ေကာင္းေကာင္း ခံစစ္ကစားႏိုင္ပါတယ္။ တိုက္စစ္က ဘယ္ေလာက္
ေကာင္းလဲဆိုတာေတာ့ သိၿပီးသားမို႔ ေျပာစရာမလိုပါဘူး။
ေလာ္႐ိုး ခန႔္မွန္းရလဒ္ ကေတာ့ဝက္ဖို႔ဒ္ 0-3 မန္စီးတီးျဖစ္ပါတယ္။
-ယူႏိုက္တက္ Vs ပဲေလ့စ္
ဒီဇင္ဘာ ၅ ရက္၊ တနဂၤေႏြေန႔၊ ည ၈း၃ဝ နာရီမွာ ကစားမယ့္ ပြဲျဖစ္ၿပီး၊
ရန္နစ္ ပထမဆုံး ကိုင္တြယ္မယ့္ ပြဲစဥ္မို႔ ကစားသမားေတြ ဆီကေန
တုန႔္ျပန္မႈ အျပည့္ ကစားျပမယ့္ အေနအထားေတြ ျမင္ေတြ႕ရဖို႔ ေမွ်ာ္လင့္
ထားပါတယ္။ ဆိုးလ္ရွား ထြက္သြားၿပီး ကတည္းက အသင္းမွာ တိုးတက္မႈေတြ
ဆက္တိုက္ ရွိေနတာ ျမင္ခဲ့ရၿပီးပါၿပီ။ အခုဆိုရင္ ကစားသမား တိုင္းက သူတို႔
ေနရာအတြက္ တိုက္ပြဲဝင္လာၾကသလို ၊ ကစားခြင့္ မရတဲ့ သူေတြေတာင္
အေျပာင္းအလဲမွာ အခြင့္အေရး ရလာႏိုင္တယ္ဆိုတဲ့ ပုံစံမ်ိဳး ႀကိဳးစားလာၾကပါတယ္။
ဒါေၾကာင့္ ယူႏိုက္တက္ ရဲ႕ တိုးတက္မႈေတြက ဆက္ၿပီး ျဖစ္ေပၚေနဦးမွာပါ။
ပဲေလ့စ္ ကလည္း ယူႏိုက္တက္ ကို ဒုကၡေပးႏိုင္ဖို႔ ႀကိဳးစားမွာ ေသခ်ာပါတယ္
ဒါေပမယ့္ ႏိုင္ငံတကာ ပြဲစဥ္ေတြ ၿပီးသြား ကတည္းက သူတို႔ဟာ အရင္
ေလာက္ထိ စုစည္းမႈအား မေကာင္းေတာ့ဘူးလို႔ ထင္ပါတယ္။
ေလာ္႐ိုး ခန႔္မွန္းခ်က္ ကေတာ့ ယူႏိုက္တက္ 2-0 ပဲေလ့စ္ ျဖစ္ပါတယ္။
-အဲဗာတန္ Vs အာဆင္နယ္
ဒီဇင္ဘာ ၇ ရက္၊ အဂၤါေန႔၊ နံနက္ ၂း၃ဝ နာရီ မွာ ကစားမယ့္ ပြဲျဖစ္ၿပီး၊
အဲဗာတန္ ရဲ႕ ကစားပုံက ပိုေကာင္းမလာေသးပါဘူး။လီဗာပူး နဲ႔ ကစားခဲ့တဲ့ပြဲ
အေစာပိုင္းမွာေတာ့ သူတို႔လည္း ခံစစ္ကို စုစုစည္းစည္း နဲ႔ ကစားတတ္လာၿပီလို႔
ထင္ရေပမယ့္ ၊ 2 ဂိုး ဆက္တိုက္ ေပးလိုက္ရ အၿပီးမွာေတာ့ ေမွ်ာ္လင့္ခ်က္ဟာ
အေစာႀကီး ပ်က္စီးသြားခဲ့ပါတယ္။
တစ္ဖက္က မာေဆးဆိုဒ္ ကို လာေရာက္ ကစားမယ့္ အာဆင္နယ္ ရဲ႕ စြမ္းေဆာင္
ရည္ကိုလည္း အယုံသြင္းထားလို႔ မရျပန္ပါဘူး။ ၿပီးခဲ့တဲ့ အပတ္က လီဗာပူး နဲ႔
ကစားခဲ့တဲ့ ပြဲမွာ ဆိုရင္ 4 ဂိုး အထိေတာင္ ခြင့္ျပဳလိုက္ရတာပါ။
အာဆင္နယ္ ရဲ႕ ကစားပုံကို ၾကည့္ရတာ တစ္ခုခု လိုေနသလိုပါပဲ။ ကံေကာင္း
တစ္ခုက ဒီတစ္ႀကိမ္ မာေဆးဆိုဒ္ ခရီးစဥ္မွာ ရင္ဆိုင္ ကစားရမယ့္ အသင္းက
လီဗာပူး မဟုတ္ဘဲ ၊ အဲဗာတန္ ျဖစ္ေနတဲ့ အခ်က္ပါ။
ေလာ္႐ိုး ရဲ႕ ခန႔္မွန္းခ်က္ ကေတာ့ အဲဗာတန္ 1-2 အာဆင္နယ္ ျဖစ္ပါတယ္။
အျခားပြဲစဥ္မ်ားအတြက္ ေလာ္႐ိုး ခန႔္မွန္းရလဒ္မ်ားကေတာ့
Tottenham 3-0 Norwich
Newcastle 0-2 Burnley
Southampton 2-1 Brighton
Leeds 2-0 Brentford
Aston Villa 1-1 Leicester ျဖစ္ပါတယ္။