
နာမည်ကျော်ပရီးမီးယားလိဂ်ဒိုင်လူကြီးတစ်ယောက်ဖြစ်တဲ့ မိုက်ဒင်းဟာ
အခုရာသီကုန်မှာပဲ အနားယူတော့မယ်လို့ အင်္ဂလန်က
Telegraph သတင်းစာ ဖော်ပြလိုက်ပါတယ်။
ဒီသတင်းဟာ အသင်းတိုင်းပရီးမီးယားလိဂ်ဘောလုံးသမားတွေအတွက်တော့
ပျော်ရွှင်စရာဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ပရီးမီးယားလိဂ်သမိုင်းမှာ
ဘယ်ဒိုင်ကမှ မိုက်ဒင်းလောက် အဝါကတ်နဲ့အနီကတ်
အရေအတွက်များများပြတာ မရှိခဲ့လို့ပါပဲ။
မိုက်ဒင်းဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အနီကတ်ရာပြည့်ပြခဲ့တဲ့
တစ်ဦးတည်းသောဒိုင်လူကြီးလည်း ဖြစ်ပါတယ်။
အတိအကျပြောမယ်ဆိုရင် ပရီးမီးယားလိဂ်ပွဲတွေမှာ သူပြခဲ့တဲ့
အနီကတ်အရေအတွက်က ၁၁၄ ကြိမ်တောင်ရှိခဲ့တာပါ။
သူဟာ ပရီးမီးယားလိဂ်မှာ ၂၀၀၀ ပြည့်နှစ်ကတည်းက စတင်ဒိုင်လုပ်လာခဲ့ပြီး
ပွဲပေါင်း ၅၅၄ ပွဲ ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။
အခုတော့ ၂၂ နှစ်အကြာမှာ မိုက်ဒင်းကို ပရီးမီးယားလိဂ်မြက်ခင်းပြင်ထဲမှာ
ထိပ်တွေ့ရတော့မှာ မဟုတ်ပါဘူး။
သတင်းအရ မိုက်ဒင်းဟာ အပြည့်အ၀ VAR ဒိုင်ဖြစ်လာဖို့
ဒိုင်အဖွဲ့ချုပ်အကြီးအကဲတွေနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
ဒီအတိုင်းဆိုရင် မိုက်ဒင်းဟာ ဗီဒီယိုဖန်သားပြင်နောက်ကွယ်ကနေလည်း
တိုက်ရိုက်မဟုတ်တဲ့အနီကတ်တွေပြနိုင်သေးတာပါ။
သူ့ရဲ့အငြင်းပွားဖွယ်ဆုံးဖြတ်ချက်တွေ၊ ထူးဆန်တဲ့အပြုအမူတွေကြောင့်
မိုက်ဒင်းဟာ ဆိုရှယ်မီဒီယာထက်မှာ memes
အလုပ်ခံရဆုံးဒိုင်လူကြီးတစ်ယောက်ဖြစ်ပါတယ်။
zawgyi
ပရီးမီးယားလိဂ္ေဘာလုံးသမားေတြအတြက္ ေပ်ာ္႐ႊင္စရာသတင္းေကာင္း
နာမည္ေက်ာ္ပရီးမီးယားလိဂ္ဒိုင္လူႀကီးတစ္ေယာက္ျဖစ္တဲ့ မိုက္ဒင္းဟာ
အခုရာသီကုန္မွာပဲ အနားယူေတာ့မယ္လို႔ အဂၤလန္က
Telegraph သတင္းစာ ေဖာ္ျပလိုက္ပါတယ္။
ဒီသတင္းဟာ အသင္းတိုင္းပရီးမီးယားလိဂ္ေဘာလုံးသမားေတြအတြက္ေတာ့
ေပ်ာ္႐ႊင္စရာျဖစ္ပါလိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ ပရီးမီးယားလိဂ္သမိုင္းမွာ
ဘယ္ဒိုင္ကမွ မိုက္ဒင္းေလာက္ အဝါကတ္နဲ႔အနီကတ္
အေရအတြက္မ်ားမ်ားျပတာ မရွိခဲ့လို႔ပါပဲ။
မိုက္ဒင္းဟာ ပရီးမီးယားလိဂ္သမိုင္းမွာ အနီကတ္ရာျပည့္ျပခဲ့တဲ့
တစ္ဦးတည္းေသာဒိုင္လူႀကီးလည္း ျဖစ္ပါတယ္။
အတိအက်ေျပာမယ္ဆိုရင္ ပရီးမီးယားလိဂ္ပြဲေတြမွာ သူျပခဲ့တဲ့
အနီကတ္အေရအတြက္က ၁၁၄ ႀကိမ္ေတာင္ရွိခဲ့တာပါ။
သူဟာ ပရီးမီးယားလိဂ္မွာ ၂၀၀၀ ျပည့္ႏွစ္ကတည္းက စတင္ဒိုင္လုပ္လာခဲ့ၿပီး
ပြဲေပါင္း ၅၅၄ ပြဲ ကိုင္တြယ္ခဲ့တာ ျဖစ္ပါတယ္။
အခုေတာ့ ၂၂ ႏွစ္အၾကာမွာ မိုက္ဒင္းကို ပရီးမီးယားလိဂ္ျမက္ခင္းျပင္ထဲမွာ
ထိပ္ေတြ႕ရေတာ့မွာ မဟုတ္ပါဘူး။
သတင္းအရ မိုက္ဒင္းဟာ အျပည့္အ၀ VAR ဒိုင္ျဖစ္လာဖို႔
ဒိုင္အဖြဲ႕ခ်ဳပ္အႀကီးအကဲေတြနဲ႔ ေဆြးေႏြးေနတယ္လို႔ သိရပါတယ္။
ဒီအတိုင္းဆိုရင္ မိုက္ဒင္းဟာ ဗီဒီယိုဖန္သားျပင္ေနာက္ကြယ္ကေနလည္း
တိုက္႐ိုက္မဟုတ္တဲ့အနီကတ္ေတြျပႏိုင္ေသးတာပါ။
သူ႔ရဲ႕အျငင္းပြားဖြယ္ဆုံးျဖတ္ခ်က္ေတြ၊ ထူးဆန္တဲ့အျပဳအမူေတြေၾကာင့္
မိုက္ဒင္းဟာ ဆိုရွယ္မီဒီယာထက္မွာ memes
အလုပ္ခံရဆုံးဒိုင္လူႀကီးတစ္ေယာက္ျဖစ္ပါတယ္။