ပရီးမီးယားလိဂ်မှာ မန်ယူရဲ့အမှတ်တံဆိပ် က တန်ဖိုးအမြင့်ဆုံးတဲ့…ကျန်တာတွေလစ်လိုက်တော့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကို ဗ စ် ကပ်ဘေးဟာ ကပ်ဘေးဆိုတဲ့ နာမည်နဲ့လိုက်ဖက်စွာဘဲ တကမ္ဘာလုံးကို ဒုက္ခပေးခဲ့တာပါ။ ဒီရောဂါပိုးကြောင့် ၂၀၂၀ အတွင်းမှာ ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှာ နိုင်ငံအားလုံးလိုလိုအထိနာခဲ့ကြပါတယ်။ ဘယ်သူမှ မလွတ်ကင်းခဲ့ပါဘူး။ ဒီအထဲမှာ ဘောလုံးလောကလည်းအပါအဝင်ပါ။

ကပ်ဘေးကြောင့် ဘောလုံးပွဲတွေရပ်နားခဲ့ရတဲ့အပြင် ပြန်စခဲ့တော့လည်း ပရိသတ်တွေကိုအဝင်မခံခဲ့တာကြောင့် ကလပ်တွေအားလုံးလည်း အထိနာခဲ့ကြပါတယ်။ ဘဏ္ဍာရေးအကျပ်အတည်းဖြစ်နေတဲ့ ကလပ်တွေလည်း မနည်းပါဘူး။

ဒါပေမယ့် ကမ္ဘာ့အကျော်ကြားဆုံး ကလပ်ထဲမှာပါဝင်တဲ့ မန်ယူအသင်းကတော့ ကို ဗ စ်ကပ်ဘေးကို အံတုနိုင်တယ်လို့ မဟုတ်ပေမယ့် သူတို့ရဲ့စီးပွားရေးအင်အားက တောင့်တင်းနေဆဲဖြစ်လို့ ပရီးမီးယားလိဂ်မှာ ၂၀၂၀ ရဲ့တန်ဖိုးအမြင့်ဆုံး အမှတ်တံဆိပ် (Brand) တစ်ခုအဖြစ်ရပ်တည်နေကြောင်း သိရပါတယ်။

အခုတွက်ချက်မှုကို သုတေသနလုပ်ငန်းတွေလုပ်ဆောင်နေတဲ့ Safe Betting Sites ကပြုလုပ်ခဲ့တာဖြစ်ပြီး မန်ယူရဲ့တန်ကြေးက ပေါင် ၁.၀၇ ဘီလီယံအထိရှိနေတာပါ။ ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်မှုမှာ ပေါင် ၁.၀၃ ဘီလီယံနဲ့ ထိပ်ဆုံးကနေရပ်တည်ခဲ့တဲ့ မန်စီးတီးဟာ ဒီနှစ်မှာ‌တော့ တတိယနေရာအထိကျသွားပြီး ပေါင် ၉၁၂ သန်းသာ တန်ကြေးရှိနေလို့ ၂၀၁၇ နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ် တတိယနေရာကို ကျဆင်းသွားတာဖြစ်ပါတယ်။

၂၀၂၀ အတွက် ဒုတိယနေရာမှာရှိနေတဲ့ အသင်းကတော့ လီဗာပူးဖြစ်ပြီးပေါင် ၁.၀၂ ဘီလီယံတန်ကြေးရှိပါတယ်။ ရလဒ်တွေဆိုးနေတဲ့ အာဆင်နယ်အသင်းကတော့ လန်ဒန်မြို့ခံပြိုင်ဘက် စပါးအသင်းရဲ့အောက်ကို ပထမဆုံးအကြိမ်ရောက်ရှိသွားပြီး တန်ကြေး ပေါင် ၅၈၃ သန်းသာရှိနေပြီး စပါးက ပေါင် ၆၃၅ သန်းနဲ့ ရပ်တည် နေတာပါ။

အစဉ်လိုက်ပြောရမယ်ဆိုရင် မန်ယူ( ပေါင် ၁.၀၇ ဘီလီယံ)၊ လီဗာပူး(ပေါင် ၁.၀၂ ဘီလီယံ)၊ မန်စီးတီး(ပေါင် ၉၁၂ သန်း)၊ ချဲလ်ဆီး(ပေါင် ၇၆၉ သန်း)၊ စပါး(ပေါင် ၆၃၅ သန်း)၊ အာဆင်နယ်(ပေါင် ၅၈၃ သန်း) တို့ဖြစ်ကြပါတယ်။ တန်ကြေးကျသွားတဲ့အသင်းတွေကို ကြည့်ရင် နောက်ပိုင်းမှာ ခြေစွမ်းကျသွားတဲ့အသင်းတွေဖြစ်နေတာကို တွေ့ရမှာပါ။

စပါးဟာ ၂၀၁၉ မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်ခဲ့မှုနဲ့အတူ မော်ရင်ဟိုလက်ထက်မှာလည်း ရလဒ်တွေပြန်ကောင်းလာလို့ တန်ကြေးတက်လာတာပါ။ ဒါပေမယ့် မန်ယူကတော့ ရုန်းရင်းကန်ရင်းနဲ့ ခြေစွမ်းတည်ငြိမ်လာတဲ့အပြင် စီးပွားရေးပိုင်းကလည်း ခိုင်မာတောင့်တင်းပြီးသားဖြစ်လို့ အခုလိုတန်ကြေးအမြင့်ဆုံးဖြစ်နေတာလို့ သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပရီးမီးယားလိဂ္မွာ မန္ယူရဲ႕အမွတ္တံဆိပ္ က တန္ဖိုးအျမင့္ဆုံးတဲ့…က်န္တာေတြလစ္လိုက္ေတာ့

ကိုဗစ္ ကပ္ေဘးဟာ ကပ္ေဘးဆိုတဲ့ နာမည္နဲ႔လိုက္ဖက္စြာဘဲ တကမာၻလုံးကို ဒုကၡေပးခဲ့တာပါ။ ဒီေရာဂါပိုးေၾကာင့္ ၂၀၂၀ အတြင္းမွာ ဘက္ေပါင္းစုံ၊ က႑ေပါင္းစုံမွာ ႏိုင္ငံအားလုံးလိုလိုအထိနာခဲ့ၾကပါတယ္။ ဘယ္သူမွ မလြတ္ကင္းခဲ့ပါဘူး။ ဒီအထဲမွာ ေဘာလုံးေလာကလည္းအပါအဝင္ပါ။

ကပ္ေဘးေၾကာင့္ ေဘာလုံးပြဲေတြရပ္နားခဲ့ရတဲ့အျပင္ ျပန္စခဲ့ေတာ့လည္း ပရိသတ္ေတြကိုအဝင္မခံခဲ့တာေၾကာင့္ ကလပ္ေတြအားလုံးလည္း အထိနာခဲ့ၾကပါတယ္။ ဘ႑ာေရးအက်ပ္အတည္းျဖစ္ေနတဲ့ ကလပ္ေတြလည္း မနည္းပါဘူး။ ဒါေပမယ့္ ကမာၻ႔အေက်ာ္ၾကားဆုံး ကလပ္ထဲမွာပါဝင္တဲ့ မန္ယူအသင္းကေတာ့ ကိုဗစ္ကပ္ေဘးကို အံတုႏိုင္တယ္လို႔ မဟုတ္ေပမယ့္ သူတို႔ရဲ႕စီးပြားေရးအင္အားက ေတာင့္တင္းေနဆဲျဖစ္လို႔ ပရီးမီးယားလိဂ္မွာ ၂၀၂၀ ရဲ႕တန္ဖိုးအျမင့္ဆုံး အမွတ္တံဆိပ္ (Brand) တစ္ခုအျဖစ္ရပ္တည္ေနေၾကာင္း သိရပါတယ္။

အခုတြက္ခ်က္မႈကို သုေတသနလုပ္ငန္းေတြလုပ္ေဆာင္ေနတဲ့ Safe Betting Sites ကျပဳလုပ္ခဲ့တာျဖစ္ၿပီး မန္ယူရဲ႕တန္ေၾကးက ေပါင္ ၁.၀၇ ဘီလီယံအထိရွိေနတာပါ။ ၿပီးခဲ့တဲ့ႏွစ္က ထုတ္ျပန္မႈမွာ ေပါင္ ၁.၀၃ ဘီလီယံနဲ႔ ထိပ္ဆုံးကေနရပ္တည္ခဲ့တဲ့ မန္စီးတီးဟာ ဒီႏွစ္မွာ‌ေတာ့ တတိယေနရာအထိက်သြားၿပီး ေပါင္ ၉၁၂ သန္းသာ တန္ေၾကးရွိေနလို႔ ၂၀၁၇ ေနာက္ပိုင္းပထမဆုံးအႀကိမ္အျဖစ္ တတိယေနရာကို က်ဆင္းသြားတာျဖစ္ပါတယ္။

၂၀၂၀ အတြက္ ဒုတိယေနရာမွာရွိေနတဲ့ အသင္းကေတာ့ လီဗာပူးျဖစ္ၿပီးေပါင္ ၁.၀၂ ဘီလီယံတန္ေၾကးရွိပါတယ္။ ရလဒ္ေတြဆိုးေနတဲ့ အာဆင္နယ္အသင္းကေတာ့ လန္ဒန္ၿမိဳ႕ခံၿပိဳင္ဘက္ စပါးအသင္းရဲ႕ေအာက္ကို ပထမဆုံးအႀကိမ္ေရာက္ရွိသြားၿပီး တန္ေၾကး ေပါင္ ၅၈၃ သန္းသာရွိေနၿပီး စပါးက ေပါင္ ၆၃၅ သန္းနဲ႔ ရပ္တည္ ေနတာပါ။

အစဥ္လိုက္ေျပာရမယ္ဆိုရင္ မန္ယူ( ေပါင္ ၁.၀၇ ဘီလီယံ)၊ လီဗာပူး(ေပါင္ ၁.၀၂ ဘီလီယံ)၊ မန္စီးတီး(ေပါင္ ၉၁၂ သန္း)၊ ခ်ဲလ္ဆီး(ေပါင္ ၇၆၉ သန္း)၊ စပါး(ေပါင္ ၆၃၅ သန္း)၊ အာဆင္နယ္(ေပါင္ ၅၈၃ သန္း) တို႔ျဖစ္ၾကပါတယ္။ တန္ေၾကးက်သြားတဲ့အသင္းေတြကို ၾကည့္ရင္ ေနာက္ပိုင္းမွာ ေျခစြမ္းက်သြားတဲ့အသင္းေတြျဖစ္ေနတာကို ေတြ႕ရမွာပါ။

စပါးဟာ ၂၀၁၉ မွာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတက္ေရာက္ခဲ့မႈနဲ႔အတူ ေမာ္ရင္ဟိုလက္ထက္မွာလည္း ရလဒ္ေတြျပန္ေကာင္းလာလို႔ တန္ေၾကးတက္လာတာပါ။ ဒါေပမယ့္ မန္ယူကေတာ့ ႐ုန္းရင္းကန္ရင္းနဲ႔ ေျခစြမ္းတည္ၿငိမ္လာတဲ့အျပင္ စီးပြားေရးပိုင္းကလည္း ခိုင္မာေတာင့္တင္းၿပီးသားျဖစ္လို႔ အခုလိုတန္ေၾကးအျမင့္ဆုံးျဖစ္ေနတာလို႔ သိရပါတယ္။