
ရလဒ်ပိုင်းဆိုးရွားမှုကြောင့် နည်းပြရာထူးနဲ့ပတ်သက်ပြီး ဖိအားတွေ ဝင်နေခဲ့ရတဲ့
နည်းပြဆိုးလ်ရှားဟာ စနေနေ့ညက ကစားခဲ့တဲ့ စပါးအသင်းနဲ့ပွဲမှာတော့
ကစားကွက်သစ်ဖြစ်တဲ့ (၃−၄−၁−၂) ကို အသုံးပြုပြီး ပရီးမီးယားလိဂ်မှာ (၄) ပွဲဆက်တိုက်
အနိုင်ရလဒ် ပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်ခဲ့ပါတယ်။
အဆိုပါ နိုင်ပွဲကြောင့် ဆိုးလ်ရှားအတွက် အနည်းငယ် သက်သာရခဲ့သလို
ပရိသတ်တွေကလည်း ကစားသမားတွေဟာ ဆိုးလ်ရှားအတွက် အစွမ်းကုန် ရုန်းပြီး
ပေးဆပ် ကစားပေးခဲ့ကြတယ်လို့ ဆိုရှယ်မီဒီယာတွေပေါ်မှာ မှတ်ချက်ပြုရေးသားခဲ့ကြပါတယ်။
အဆိုပါ ရေးသားပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ဆိုးလ်ရှားက ကစားတွေဟာ
မိမိအတွက် မဟုတ်ဘဲ အသင်းအတွက် ပေးဆပ်ကစားပေးခဲ့ခြင်းသာဖြစ်ကြောင်း
ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ ” ကျွန်တော့်ကောင်လေးတွေ အကောင်းဆုံး
ကြိုးစားခဲ့ကြပါတယ်။ လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့တဲ့ နေ့ဟာ ကျွန်တော်တို့အတွက်
အမှောင်ကျခဲ့တဲ့ နေ့တစ်နေ့လို့လည်းပြောလို့ရတယ်။ ဒါပေမယ့် ဘောလုံးလောကမှာ
သမိုင်းသစ်ပြန်လည်ရေးထိုးနိုင်ဖို့ဆိုတာ မြန်ပါတယ်။ ဒီအတွက်
ကျွန်တော်တို့ အလုပ်ကြိုးစားရပါဦးမယ်”
” ကျွန်တော်တို့ဟာ နောက်ထပ် ခက်ခဲ့တဲ့ ရက်သတ္တပတ်တစ်ခုကို ဖြတ်သန်းရဦးမှာပါ။
ကြားရက်မှာ အတ္တလန်တာနဲ့ ချန်ပီယံလိဂ် ကစားပြီး လာမယ့် စနေနေ့မှာတော့
မန်စီးတီး နဲ့ အိမ်ကွင်းမှာ ကစားရပါဦးမယ်။ ဒီအတွက် ကျွန်တော်တို့ ပြန်ပြီး
အသင့်ဖြစ်နေဖို့လိုအပ်ပါတယ်” ” ကစားသမားတွေ ဘယ်လိုပုံစံမျိုးနဲ့ပဲ ကစားပါစေ ၊
သေချာတာတစ်ခုကို သူတို့ အစွမ်းကုန် အားထည့်ပြီး ပေးဆပ် ကစားတယ်ဆိုတာက
အသင်းအတွက် ပေးဆပ်ပြီး ကစားနေကြတာပါ။ ကျွန်တော့်အတွက် ပေးဆပ်ပြီး
ကစားပေးနေတယ်ဆိုတာမျိုး လုံးဝ မဟုတ်ပါဘူး” လို့ ဆိုးလ်ရှားက ပြောဆိုခဲ့ပါတယ်။
မန်ယူအသင်းဟာ ဗုဒ္ဓဟူးနေ့ မနက် (၂) နာရီ မိနစ် (၃၀) မှာ
အတ္တလန်တာအသင်းနဲ့ ချန်ပီယံလိဂ် အုပ်စု ဒုတိယအကျော့ပွဲစဉ်ကို
အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
zawgyi
ပရီးမီးယားလိဂ္မွာ (၄) ပြဲဆက္တိုက္အႏိုင္ရလဒ္ ေပ်ာက္ဆုံးေနမႈကို ရပ္တန႔္ႏိုင္ခဲ့တဲ့ မန္ယူ
ရလဒ္ပိုင္းဆိုး႐ြားမႈေၾကာင့္ နည္းျပရာထူးနဲ႔ပတ္သက္ၿပီး ဖိအားေတြ ဝင္ေနခဲ့ရတဲ့
နည္းျပဆိုးလ္ရွားဟာ စေနေန႔ညက ကစားခဲ့တဲ့ စပါးအသင္းနဲ႔ပြဲမွာေတာ့
ကစားကြက္သစ္ျဖစ္တဲ့ (၃−၄−၁−၂) ကို အသုံးျပဳၿပီး ပရီးမီးယားလိဂ္မွာ (၄) ပြဲဆက္တိုက္
အႏိုင္ရလဒ္ ေပ်ာက္ဆုံးေနမႈကို ရပ္တန႔္ႏိုင္ခဲ့ပါတယ္။
အဆိုပါ ႏိုင္ပြဲေၾကာင့္ ဆိုးလ္ရွားအတြက္ အနည္းငယ္ သက္သာရခဲ့သလို
ပရိသတ္ေတြကလည္း ကစားသမားေတြဟာ ဆိုးလ္ရွားအတြက္ အစြမ္းကုန္ ႐ုန္းၿပီး
ေပးဆပ္ ကစားေပးခဲ့ၾကတယ္လို႔ ဆိုရွယ္မီဒီယာေတြေပၚမွာ မွတ္ခ်က္ျပဳေရးသားခဲ့ၾကပါတယ္။
အဆိုပါ ေရးသားေျပာဆိုမႈေတြနဲ႔ ပတ္သက္ၿပီး ဆိုးလ္ရွားက ကစားေတြဟာ
မိမိအတြက္ မဟုတ္ဘဲ အသင္းအတြက္ ေပးဆပ္ကစားေပးခဲ့ျခင္းသာျဖစ္ေၾကာင္း
ျပန္လည္တုံ႔ျပန္ေျပာဆိုခဲ့ပါတယ္။ ” ကြၽန္ေတာ့္ေကာင္ေလးေတြ အေကာင္းဆုံး
ႀကိဳးစားခဲ့ၾကပါတယ္။ လီဗာပူးလ္ကို ရႈံးနိမ့္ခဲ့တဲ့ ေန႔ဟာ ကြၽန္ေတာ္တို႔အတြက္
အေမွာင္က်ခဲ့တဲ့ ေန႔တစ္ေန႔လို႔လည္းေျပာလို႔ရတယ္။ ဒါေပမယ့္ ေဘာလုံးေလာကမွာ
သမိုင္းသစ္ျပန္လည္ေရးထိုးႏိုင္ဖို႔ဆိုတာ ျမန္ပါတယ္။ ဒီအတြက္
ကြၽန္ေတာ္တို႔ အလုပ္ႀကိဳးစားရပါဦးမယ္”
” ကြၽန္ေတာ္တို႔ဟာ ေနာက္ထပ္ ခက္ခဲ့တဲ့ ရက္သတၱပတ္တစ္ခုကို ျဖတ္သန္းရဦးမွာပါ။
ၾကားရက္မွာ အတၱလန္တာနဲ႔ ခ်န္ပီယံလိဂ္ ကစားၿပီး လာမယ့္ စေနေန႔မွာေတာ့
မန္စီးတီး နဲ႔ အိမ္ကြင္းမွာ ကစားရပါဦးမယ္။ ဒီအတြက္ ကြၽန္ေတာ္တို႔ ျပန္ၿပီး
အသင့္ျဖစ္ေနဖို႔လိုအပ္ပါတယ္” ” ကစားသမားေတြ ဘယ္လိုပုံစံမ်ိဳးနဲ႔ပဲ ကစားပါေစ ၊
ေသခ်ာတာတစ္ခုကို သူတို႔ အစြမ္းကုန္ အားထည့္ၿပီး ေပးဆပ္ ကစားတယ္ဆိုတာက
အသင္းအတြက္ ေပးဆပ္ၿပီး ကစားေနၾကတာပါ။ ကြၽန္ေတာ့္အတြက္ ေပးဆပ္ၿပီး
ကစားေပးေနတယ္ဆိုတာမ်ိဳး လုံးဝ မဟုတ္ပါဘူး” လို႔ ဆိုးလ္ရွားက ေျပာဆိုခဲ့ပါတယ္။
မန္ယူအသင္းဟာ ဗုဒၶဟူးေန႔ မနက္ (၂) နာရီ မိနစ္ (၃၀) မွာ
အတၱလန္တာအသင္းနဲ႔ ခ်န္ပီယံလိဂ္ အုပ္စု ဒုတိယအေက်ာ့ပြဲစဥ္ကို
အေဝးကြင္းမွာ သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။