
လက်ရှိပိုင်ရှင်မိုဗစ်ချ်က ဝယ်ယူဖို့ ကမ်းလှမ်းထားသူတစ်ယောက်ယောက်ကို
ရောင်းလိုက်ချိန် ချဲလ်ဆီးဟာ အားကစားသမိုင်းမှာ
ဈေးအကြီးဆုံးအသင်းဖြစ်လာမယ်လို့ မျှော်မှန်းထားကြပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်မှုလုပ်ပြီးနောက်
မိုဗစ်ချ်ဟာ ၁၉ နှစ်ကြာသူပိုင်ဆိုင်ခဲ့တဲ့ကလပ်ကို အရောင်းစာရင်းတင်ခဲ့တာပါ။
ဗြိတိန်အစိုးရဲ့ပိတ်ပင်မှုကြောင့် အဲဒါက ကြားထဲမှာ
အခက်အခဲဖြစ်သွားပေမယ့်လည်း မိုဗစ်အနေနဲ့
အသင့်တော်ဆုံးဖြစ်မယ့်ကမ်းလှမ်းသူကို ဆုံးဖြတ်ပိုင်ခွင့်ရှိထားပါတယ်။
သူဟာ ချဲလ်ဆီးကိုရောင်းချရာမှာ ခေါ်ဈေးအနေနဲ့
ပေါင် ၃ ဘီလီယံသတ်မှတ်ထားပြီး သတင်းတွေအရလည်း
အဲဒီလန်ဒန်ကလပ်ဟာ ပေါင် ၃ ဘီလီယံဝန်းကျင်နဲ့ ရောင်းချနိုင်ဖွယ်ရှိနေတာပါ။
အဲဒီလိုသာဆိုရင်တော့ ချဲလ်ဆီးဟာ ကမ္ဘာ့အားကစားသမိုင်းမှာ
ဈေးအကြီးဆုံးအသင်းဖြစ်လာဖို့ ရှိပါတယ်။
အားကစားသမိုင်းရဲ့လက်ရှိဈေးအကြီးဆုံးအသင်းက
အမေရိကန် NBA ဘတ်စ်ကတ်ဘောအသင်းဖြစ်တဲ့ Brooklyn Nets ဖြစ်ပြီး
၂၀၁၉ က ပေါင် ၂.၅ ဘီလီယံနဲ့ ဝယ်ယူခြင်းခံခဲ့ရတာပါ။
လက်ရှိအချိန်မှာလည်း ချဲလ်ဆီးကို ဝယ်ယူဖို့
အပြိုင်အဆိုင်ကမ်းလှမ်းမှုလုပ်နေကြတဲ့စီးပွားရေးအစုအဖွဲ့တွေ ရှိနေပါတယ်။
သူတို့ဟာ ချဲလ်ဆီးကိုရောင်းချမှုမှာ ကူညီပေးမယ့် နယူးယော့ခ်အခြေစိုက်ကုမ္ပဏီ
Raine Group ကို ဆက်သွယ်ကမ်းလှမ်းထားကြတာပါ။
ချဲလ်ဆီးကိုရောင်းချမှုက ပေါင် ၃ ဘီလီယံအမှတ်အသားကို
ရောက်ရောက်မရောက်ရောက် ခြင်္သေ့ပြာတွေဟာ
ပရီးမီးယားလိဂ်ရဲ့ဈေးအကြီးဆုံးအသင်းဖြစ်လာဖို့ သေချာပါတယ်။
ပရီးမီးယားလိဂ်ရဲ့လက်ရှိဈေးအကြီးဆုံးအသင်းက မန်ယူဖြစ်ပြီး
ဂလေဇာမိသားစုကို ပေါင်သန်း ၇၉၀ နဲ့ ရောင်းချခဲ့တာဖြစ်ကာ
ချဲလ်ဆီးကို မိုဗစ်ချ်ဝယ်ယူခဲ့တဲ့မရှေးမနှောင်းမှာပါပဲ။
Raine Group ဟာ လာမယ့်ဧပြီလလယ်မှာ ဝယ်ယူဖို့ကမ်းလှမ်းထားသူတွေထဲက
အနိုင်တဲ့အဖွဲ့ကို ကြေညာသွားမယ်လို့ မျှော်လင့်ရပါတယ်။
zawgyi
ပရီးမီးယားလိဂ္ရဲ႕ေဈးအႀကီးဆုံးအသင္းျဖစ္လာဖို႔ ေသခ်ာေနၿပီျဖစ္တဲ့ ျခေသၤ့ျပာ
လက္ရွိပိုင္ရွင္မိုဗစ္ခ်္က ဝယ္ယူဖို႔ ကမ္းလွမ္းထားသူတစ္ေယာက္ေယာက္ကို
ေရာင္းလိုက္ခ်ိန္ ခ်ဲလ္ဆီးဟာ အားကစားသမိုင္းမွာ
ေဈးအႀကီးဆုံးအသင္းျဖစ္လာမယ္လို႔ ေမွ်ာ္မွန္းထားၾကပါတယ္။
႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္မႈလုပ္ၿပီးေနာက္
မိုဗစ္ခ်္ဟာ ၁၉ ႏွစ္ၾကာသူပိုင္ဆိုင္ခဲ့တဲ့ကလပ္ကို အေရာင္းစာရင္းတင္ခဲ့တာပါ။
ၿဗိတိန္အစိုးရဲ႕ပိတ္ပင္မႈေၾကာင့္ အဲဒါက ၾကားထဲမွာ
အခက္အခဲျဖစ္သြားေပမယ့္လည္း မိုဗစ္အေနနဲ႔
အသင့္ေတာ္ဆုံးျဖစ္မယ့္ကမ္းလွမ္းသူကို ဆုံးျဖတ္ပိုင္ခြင့္ရွိထားပါတယ္။
သူဟာ ခ်ဲလ္ဆီးကိုေရာင္းခ်ရာမွာ ေခၚေဈးအေနနဲ႔
ေပါင္ ၃ ဘီလီယံသတ္မွတ္ထားၿပီး သတင္းေတြအရလည္း
အဲဒီလန္ဒန္ကလပ္ဟာ ေပါင္ ၃ ဘီလီယံဝန္းက်င္နဲ႔ ေရာင္းခ်ႏိုင္ဖြယ္ရွိေနတာပါ။
အဲဒီလိုသာဆိုရင္ေတာ့ ခ်ဲလ္ဆီးဟာ ကမာၻ႔အားကစားသမိုင္းမွာ
ေဈးအႀကီးဆုံးအသင္းျဖစ္လာဖို႔ ရွိပါတယ္။
အားကစားသမိုင္းရဲ႕လက္ရွိေဈးအႀကီးဆုံးအသင္းက
အေမရိကန္ NBA ဘတ္စ္ကတ္ေဘာအသင္းျဖစ္တဲ့ Brooklyn Nets ျဖစ္ၿပီး
၂၀၁၉ က ေပါင္ ၂.၅ ဘီလီယံနဲ႔ ဝယ္ယူျခင္းခံခဲ့ရတာပါ။
လက္ရွိအခ်ိန္မွာလည္း ခ်ဲလ္ဆီးကို ဝယ္ယူဖို႔
အၿပိဳင္အဆိုင္ကမ္းလွမ္းမႈလုပ္ေနၾကတဲ့စီးပြားေရးအစုအဖြဲ႕ေတြ ရွိေနပါတယ္။
သူတို႔ဟာ ခ်ဲလ္ဆီးကိုေရာင္းခ်မႈမွာ ကူညီေပးမယ့္ နယူးေယာ့ခ္အေျခစိုက္ကုမၸဏီ
Raine Group ကို ဆက္သြယ္ကမ္းလွမ္းထားၾကတာပါ။
ခ်ဲလ္ဆီးကိုေရာင္းခ်မႈက ေပါင္ ၃ ဘီလီယံအမွတ္အသားကို
ေရာက္ေရာက္မေရာက္ေရာက္ ျခေသၤ့ျပာေတြဟာ
ပရီးမီးယားလိဂ္ရဲ႕ေဈးအႀကီးဆုံးအသင္းျဖစ္လာဖို႔ ေသခ်ာပါတယ္။
ပရီးမီးယားလိဂ္ရဲ႕လက္ရွိေဈးအႀကီးဆုံးအသင္းက မန္ယူျဖစ္ၿပီး
ဂေလဇာမိသားစုကို ေပါင္သန္း ၇၉၀ နဲ႔ ေရာင္းခ်ခဲ့တာျဖစ္ကာ
ခ်ဲလ္ဆီးကို မိုဗစ္ခ်္ဝယ္ယူခဲ့တဲ့မေရွးမေႏွာင္းမွာပါပဲ။
Raine Group ဟာ လာမယ့္ဧၿပီလလယ္မွာ ဝယ္ယူဖို႔ကမ္းလွမ္းထားသူေတြထဲက
အႏိုင္တဲ့အဖြဲ႕ကို ေၾကညာသြားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။