ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ချမှတ်ထားတဲ့ ကိုဗစ်စည်းကမ်းတွေကြောင့် အသင်းတွေ အခက်တွေ့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကိုဗစ်ရောဂါဆိုးရဲ့ ရိုက်ခတ်မှုဒဏ်ကို ဆိုးဆိုးရွားရွားခံစားနေရတဲ့ အင်္ဂလန်နိုင်ငံမှာ ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ကလပ်အသင်းတွေ လိုက်နာဖို့ ချမှတ်ထားတဲ့ စည်းမျဉ်းတွေကြောင့် အခက်တွေ့နေပြီး မတော်တဆ ချိုးဖောက်မှုတွေရှိလာမှာကို နည်းပြတွေက စိုးရိမ်နေကြပါတယ်။

ပရီးမီးယားလိဂ်အဖွဲ့ချုပ်က သတ်မှတ်ထားတဲ့ စည်းကမ်းတွေထဲမှာ ဘောလုံးသမားတွေအနေနဲ့ (ပွဲကစားချိန်အတွင်းက လွဲလို့) အတတ်နိုင်ဆုံး Social Distancing လုပ်ဖို့ ၊ ပွဲမစခင်နဲ့ ပွဲအပြီးမှာ လက်ဆေးဖို့၊ ရေသန့်ဘူးတွေကို တစ်ဦးချင်းသီးသန့်အသုံးပြုဖို့၊ တံတွေးထွေးတာ၊ နှာခေါင်းကို လက်နဲ့ကိုင်တာ၊ တစ်ဦးနဲ့တစ်ဦး လက်ဆွဲနှုတ်ဆက်တာ၊ ပွေ့ဖက်တာအပြင် အင်္ကျီအလဲအလှယ်လုပ်တာတွေကို မပြုလုပ်ဖို့ စတဲ့အချက်တွေ ပါဝင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ကစားသမားတွေအနေနဲ့ ဂိုးသွင်းအပြီး အောင်ပွဲခံရင် တစ်ဦးနဲ့တစ်ဦးပွေ့ဖက် ဂုဏ်ပြုကြတာက ကိုဗစ်စည်းမျဉ်းကို ချိုးဖောက်သလိုဖြစ်နေပြီး နည်းပြတွေကလည်း သူတို့ကစားသမားတွေကို တားမြစ်ဖို့ အခက်ကြုံနေကြပါတယ်။

မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ မန်စီးတီး ကစားသမား ဖိုဒန်၊ ဖူလ်ဟမ်အသင်းက ကာဗယ်လီယာရိုတို့ဟာ ဂိုးသွင်းအပြီး အသင်းဖော်တွေနဲ့ ပွေ့ဖက်အောင်ပွဲခံတာက ကိုဗစ်စည်းမျဉ်းတွေကို ချိုးဖောက်သလိုဖြစ်ခဲ့ဲတာကြောင့် အဲဒီလုပ်ရပ်အတွက် အရေးယူခံရမှာကို နည်းပြတွေက စိုးရိမ်နေကြတာပါ။ မန်စီးတီးနည်းပြဂွါဒီယိုလာက “ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ချမှတ်ထားတဲ့ စည်းကမ်းတွေကို ကျွန်တော်လေးစားသလို ကိုဗစ်ရောဂါဆိုး မခံစားရအောင် ကြိုးစားနေကြတဲ့အပေါ်ကိုလည်း နားလည်မှုအပြည့်ရှိပါတယ်။

ဒါပေမဲ့ ကိုယ့်အသင်း ဂိုးသွင်းပြီးရင် ဂိုးသွင်းတဲ့သူက အသင်းဖော်တွေ မပါဘဲ တစ်ယောက်တည်း အောင်ပွဲခံဖို့ကြတော့ သိပ်ပြီးမဖြစ်နိုင်ပါဘူး။ ပြီးခဲ့တဲ့ (၁၀)ရက်အတွင်း ကျွန်တော်တို့တွေဟာ (၅)ကြိမ်၊ (၆)ကြိမ်လောက် ဆေးစစ်မှုခံယူခဲ့ရပြီး အကုန်လုံး Negative ဖြစ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်က ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာဖြစ်ပေမယ့် အကုန်လုံး လိုက်နာနိုင်မလားဆိုတာတော့ ကျွန်တော်လည်း မပြောနိုင်ပါဘူး”လို့ ဆိုခဲ့ပါတယ်။

ဗြိတိန်အားကစားဝန်ကြီး နီဂယ်လ်ဟတ်ဒယ်စတန်က နည်းပြနဲ့ကစားသမားတွေ လက်ဆွဲနှုတ်ဆက်တာ၊ ဂိုးသွင်းအပြီးအောင်ပွဲခံတာတွေ မလုပ်ဖို့အပါအဝင် ချမှတ်ထားတဲ့ ကိုဗစ်စည်းကမ်းတွေကို အတိအကျလိုက်နာသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ ကလပ်အသင်းတာဝန်ရှိသူတွေအနေနဲ့လည်း ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေကို အတိအကျလိုက်နာဖို့ ညွှန်ကြားထားပေမယ့် မတော်တဆချိုးဖောက်မိခဲ့ရင် ပရီးမီးယားလိဂ်အဖွဲ့ချုပ်က အရေးယူတာတွေ လုပ်လာမှာကို နည်းပြတွေက စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ကိုဗစ္ေရာဂါဆိုးရဲ႕ ႐ိုက္ခတ္မႈဒဏ္ကို ဆိုးဆိုး႐ြား႐ြားခံစားေနရတဲ့ အဂၤလန္ႏိုင္ငံမွာ ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္က ကလပ္အသင္းေတြ လိုက္နာဖို႔ ခ်မွတ္ထားတဲ့ စည္းမ်ဥ္းေတြေၾကာင့္ အခက္ေတြ႕ေနၿပီး မေတာ္တဆ ခ်ိဳးေဖာက္မႈေတြရွိလာမွာကို နည္းျပေတြက စိုးရိမ္ေနၾကပါတယ္။ ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္က သတ္မွတ္ထားတဲ့ စည္းကမ္းေတြထဲမွာ ေဘာလုံးသမားေတြအေနနဲ႔ (ပြဲကစားခ်ိန္အတြင္းက လြဲလို႔) အတတ္ႏိုင္ဆုံး Social Distancing လုပ္ဖို႔ ၊ ပြဲမစခင္နဲ႔ ပြဲအၿပီးမွာ လက္ေဆးဖို႔၊ ေရသန႔္ဘူးေတြကို တစ္ဦးခ်င္းသီးသန႔္အသုံးျပဳဖို႔၊ တံေတြးေထြးတာ၊ ႏွာေခါင္းကို လက္နဲ႔ကိုင္တာ၊ တစ္ဦးနဲ႔တစ္ဦး လက္ဆြဲႏႈတ္ဆက္တာ၊ ေပြ႕ဖက္တာအျပင္ အက်ႌအလဲအလွယ္လုပ္တာေတြကို မျပဳလုပ္ဖို႔ စတဲ့အခ်က္ေတြ ပါဝင္ခဲ့ပါတယ္။

ပရီးမီးယားလိဂ္ကစားသမားေတြအေနနဲ႔ ဂိုးသြင္းအၿပီး ေအာင္ပြဲခံရင္ တစ္ဦးနဲ႔တစ္ဦးေပြ႕ဖက္ ဂုဏ္ျပဳၾကတာက ကိုဗစ္စည္းမ်ဥ္းကို ခ်ိဳးေဖာက္သလိုျဖစ္ေနၿပီး နည္းျပေတြကလည္း သူတို႔ကစားသမားေတြကို တားျမစ္ဖို႔ အခက္ႀကဳံေနၾကပါတယ္။ မေန႔က ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲေတြမွာ မန္စီးတီး ကစားသမား ဖိုဒန္၊ ဖူလ္ဟမ္အသင္းက ကာဗယ္လီယာ႐ိုတို႔ဟာ ဂိုးသြင္းအၿပီး အသင္းေဖာ္ေတြနဲ႔ ေပြ႕ဖက္ေအာင္ပြဲခံတာက ကိုဗစ္စည္းမ်ဥ္းေတြကို ခ်ိဳးေဖာက္သလိုျဖစ္ခဲ့ဲတာေၾကာင့္ အဲဒီလုပ္ရပ္အတြက္ အေရးယူခံရမွာကို နည္းျပေတြက စိုးရိမ္ေနၾကတာပါ။

မန္စီးတီးနည္းျပဂြါဒီယိုလာက “ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္က ခ်မွတ္ထားတဲ့ စည္းကမ္းေတြကို ကြၽန္ေတာ္ေလးစားသလို ကိုဗစ္ေရာဂါဆိုး မခံစားရေအာင္ ႀကိဳးစားေနၾကတဲ့အေပၚကိုလည္း နားလည္မႈအျပည့္ရွိပါတယ္။ ဒါေပမဲ့ ကိုယ့္အသင္း ဂိုးသြင္းၿပီးရင္ ဂိုးသြင္းတဲ့သူက အသင္းေဖာ္ေတြ မပါဘဲ တစ္ေယာက္တည္း ေအာင္ပြဲခံဖို႔ၾကေတာ့ သိပ္ၿပီးမျဖစ္ႏိုင္ပါဘူး။ ၿပီးခဲ့တဲ့ (၁၀)ရက္အတြင္း ကြၽန္ေတာ္တို႔ေတြဟာ (၅)ႀကိမ္၊ (၆)ႀကိမ္ေလာက္ ေဆးစစ္မႈခံယူခဲ့ရၿပီး အကုန္လုံး Negative ျဖစ္ခဲ့ပါတယ္။ ပရီးမီးယားလိဂ္က ခ်မွတ္ထားတဲ့ စည္းကမ္းေတြကို လိုက္နာဖို႔ ကြၽန္ေတာ္တို႔ ႀကိဳးစားသြားမွာျဖစ္ေပမယ့္ အကုန္လုံး လိုက္နာႏိုင္မလားဆိုတာေတာ့ ကြၽန္ေတာ္လည္း မေျပာႏိုင္ပါဘူး”လို႔ ဆိုခဲ့ပါတယ္။

ၿဗိတိန္အားကစားဝန္ႀကီး နီဂယ္လ္ဟတ္ဒယ္စတန္က နည္းျပနဲ႔ကစားသမားေတြ လက္ဆြဲႏႈတ္ဆက္တာ၊ ဂိုးသြင္းအၿပီးေအာင္ပြဲခံတာေတြ မလုပ္ဖို႔အပါအဝင္ ခ်မွတ္ထားတဲ့ ကိုဗစ္စည္းကမ္းေတြကို အတိအက်လိုက္နာသင့္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ကလပ္အသင္းတာဝန္ရွိသူေတြအေနနဲ႔လည္း ကိုဗစ္စည္းမ်ဥ္းစည္းကမ္းေတြကို အတိအက်လိုက္နာဖို႔ ၫႊန္ၾကားထားေပမယ့္ မေတာ္တဆခ်ိဳးေဖာက္မိခဲ့ရင္ ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္က အေရးယူတာေတြ လုပ္လာမွာကို နည္းျပေတြက စိုးရိမ္ေနၾကတာလည္းျဖစ္ပါတယ္။