ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ပတ်သက်ပြီး ယူနိုက်တက်ကို ထောက်ခံခဲ့တဲ့ ဝိန်းရွန်းနီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီက ဒီရာသီမှာ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိနိုင်တယ်လို့ ထောက်ခံခဲ့ပါတယ်။

ဒါ့အပြင် ဖာနန်ဒက်စ် နဲ့ ကာဗာနီတို့ရဲ့ခြေစွမ်းကိုလည်း ချီးကျူးခဲ့ကာ သူတို့ ၂ ဦးက ယူနိုက်တက်ကို အနိုင်ရလိုစိတ်ယူဆောင်လာတယ်လို့ ဆိုခဲ့ပါတယ်။

ဆိုးလ်ရှားရဲ့ယူနိုက်တက်ဟာ ဖူလ်ဟမ်အသင်းကို ၂-၁ ဂိုး အနိုင်ရရှိပြီးနောက် အမှတ်ပေးဇယားရဲ့ထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်ခဲ့ပါတယ်။

ရာသီအစပိုင်းတုန်းက ရုန်းကန်နေရပေမယ့် နောက်ပိုင်းမှာတော့ ယူနိုက်တက်ဟာ ခြေစွမ်းကောင်းတွေနဲ့အတူ အမှတ်ပေးဇယားထိပ်ပိုင်းကို ပြန်လည်တက်ရောက်လာနိုင်ခဲ့ပါတယ်။

လိုက်ပ်ဇစ်ကိုအရေးနိမ့်ပြီးနောက်ပိုင်း ယူနိုက်တက်ဟာ ၁ ပွဲသာအရေးနိမ့်ထားခဲ့ပြီး ဖူလ်ဟမ်ကိုလည်း come back နဲ့အတူ ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။ ဂွါဒီယိုလာရဲ့မန်စီးတီးက လက်ကျန်တစ်ပွဲကိုအနိုင်ရရှိပါက အမှတ်ပေးဇယားထိပ်ပိုင်းကို တက်ရောက်မှာဖြစ်ပေမယ့် ရွန်းနီက ဖာနန်ဒက်စ် နဲ့ ကာဗာနီတို့က ချန်ပီယံဆုအတွက် ယူနိုက်တက်ကို ကူညီပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။

“လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်တုန်းကတော့ ယူနိုက်တက်က ချန်ပီယံဆုစိန်ခေါ်နိုင်တဲ့အနေအထားမှာရှိမနေပါဘူး။

ဒါပေမဲ့အခုတော့ သူတို့က ချန်ပီယံဆုအတွက် အသင့်အနေအထားဖြစ်လာပါပြီ။ ပေါ့ဂ်ဘာလည်း ရှိနေတာကြောင့် ယူနိုက်တက်က ချန်ပီယံဖြစ်နိုင်လောက်ပါတယ်”လို့ ရွန်းနီက ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဖူလ်ဟမ်အသင်းကို နောက်ကနေလိုက်ကစားပြီး ကာဗာနီ ၊ ပေါ့ဂ်ဘာတို့ရဲ့ဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပရီးမီးယားလိဂ္ ခ်န္ပီယံဆုနဲ႔ပတ္သက္ျပီး ယူႏိုက္တက္ကို ေထာက္ခံခဲ့တဲ့ ၀ိန္းရြန္းနီ

ယူႏုိက္တက္တိုက္စစ္မွဴးေဟာင္း ၀ိန္းရြန္းနီက ဒီရာသီမွာ ယူႏုိက္တက္အသင္းဟာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုရရွိႏိုင္တယ္လို႔ ေထာက္ခံခဲ့ပါတယ္။ ဒါ့အျပင္ ဖာနန္ဒက္စ္ နဲ႔ ကာဗာနီတို႔ရဲ႕ေျခစြမ္းကိုလည္း ခ်ီးက်ဴးခဲ့ကာ သူတို႔ ၂ ဦးက ယူႏုိက္တက္ကို အႏုိင္ရလိုစိတ္ယူေဆာင္လာတယ္လို႔ ဆိုခဲ့ပါတယ္။ ဆိုးလ္ရွားရဲ႕ယူႏို္က္တက္ဟာ ဖူလ္ဟမ္အသင္းကို ၂-၁ ဂိုး အႏိုင္ရရွိျပီးေနာက္ အမွတ္ေပးဇယားရဲ႕ထိပ္ဆံုးေနရာမွာ ဆက္လက္ရပ္တည္ခဲ့ပါတယ္။ ရာသီအစပိုင္းတုန္းက ရုန္းကန္ေနရေပမယ့္ ေနာက္ပိုင္းမွာေတာ့ ယူႏုိက္တက္ဟာ ေျခစြမ္းေကာင္းေတြနဲ႔အတူ အမွတ္ေပးဇယားထိပ္ပိုင္းကို ျပန္လည္တက္ေရာက္လာႏိုင္ခဲ့ပါတယ္။

လိုက္ပ္ဇစ္ကိုအေရးနိမ့္ျပီးေနာက္ပိုင္း ယူႏုိက္တက္ဟာ ၁ ပြဲသာအေရးနိမ့္ထားခဲ့ျပီး ဖူလ္ဟမ္ကိုလည္း come back နဲ႔အတူ ျပန္လာႏိုင္ခဲ့တာျဖစ္ပါတယ္။ ဂြါဒီယိုလာရဲ႕မန္စီးတီးက လက္က်န္တစ္ပြဲကိုအႏုိင္ရရွိပါက အမွတ္ေပးဇယားထိပ္ပိုင္းကို တက္ေရာက္မွာျဖစ္ေပမယ့္ ရြန္းနီက ဖာနန္ဒက္စ္ နဲ႔ ကာဗာနီတို႔က ခ်န္ပီယံဆုအတြက္ ယူႏိုက္တက္ကို ကူညီေပးႏုိင္မယ္လို႔ ယံုၾကည္ေနပါတယ္။ “လြန္ခဲ့တဲ့ႏွစ္အနည္းငယ္ေလာက္တုန္းကေတာ့ ယူႏိုက္တက္က ခ်န္ပီယံဆုစိန္ေခၚႏိုင္တဲ့အေနအထားမွာရွိမေနပါဘူး။

ဒါေပမဲ့အခုေတာ့ သူတို႔က ခ်န္ပီယံဆုအတြက္ အသင့္အေနအထားျဖစ္လာပါျပီ။ ေပါ့ဂ္ဘာလည္း ရွိေနတာေၾကာင့္ ယူႏိုက္တက္က ခ်န္ပီယံျဖစ္ႏိုင္ေလာက္ပါတယ္”လို႔ ရြန္းနီက ေျပာၾကားခဲ့ပါတယ္။

ယူႏုိက္တက္ဟာ ဖူလ္ဟမ္အသင္းကို ေနာက္ကေနလိုက္ကစားျပီး ကာဗာနီ ၊ ေပါ့ဂ္ဘာတို႔ရဲ႕ဂိုးေတြနဲ႔ အႏုိင္ရရွိခဲ့တာျဖစ္ပါတယ္။