ပရီးမီးယားလိဂ် ပွဲစဉ် ( ၁၈ ) အတွက် အိုဝင်၏ ခန့်မှန်းချက်များ
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မန်စီးတီး Vs ဘရိုက်တန်
” မန်စီးတီးအသင်းက ပရီးမီးယားလိဂ်မှာ ရလာဒ်ကောင်းတွေ ပြန်လည်ရရှိလာပြီး ချန်ပီယံဆုအတွက် ရေပန်းစားနေတယ်။ ရာသီအစမှ ရုန်းကန်ခဲ့ရပေမယ့် အလှည့်အပြောင်း တစ်ချို့ ကြုံတွေ့ခဲ့တယ်။ ဘရိုက်တန်က အသင်းအများစုကို ဒုက္ခပေးနိုင်တဲ့ အလားအလာ ရှိပေမယ့် ဂိုးရှေ့မှာ အသက်မဲ့နေတတ်တယ်။ ဒါက သူတို့ကို ဒုက္ခရောက်စေပါတယ်။ နောက်ထပ် တစ်ကြိမ် ပရီးမီးယားလိဂ် ချန်ပီယံဆု ရရှိဖို့ ကြိုးစားနေတဲ့အတွက် မန်စီးတီးအနေနဲ့ အနိုင်သေချာပါတယ်။
အိုဝင်၏ ခန့်မှန်းဂိုး ရလာဒ် – မန်စီးတီး ( 3 – 0 ) ဘရိုက်တန်
စပါ Vs ဖူလ်ဟမ်
” ဖူလ်ဟမ်က ပရီးမီးယားလိဂ် နောက်ဆုံး ( ၄ ) ပွဲ သရေရလာဒ် ထွက်ပေါ်ထားတယ်။ စပါးက နောက်ဆုံး ( ၃ ) ပွဲမှာ ( ၁၀ ) ဂိုး သွင်းယူထားပြီး ( ၂ ) ပွဲက တစ်ဆင့်နိမ့်တဲ့လိဂ်က အသင်းတွေနဲ့ ကစားခဲ့ရတယ်။ စပါးရဲ့ နောက်ဆုံး အိမ်ကွင်း ပွဲစဉ်ဖြစ်တဲ့ လိဒ်နဲ့ ပွဲစဉ်က ခြေစွမ်းက အားရစရာကောင်းပါတယ်။ အဲ့ဒီ ခြေစွမ်းကို ဆက်ထိန်းထားနိုင်ရင် အနိုင်သေချာပါတယ်။”
အိုဝင်၏ ခန့်မှန်းဂိုးရလာဒ် – စပါး ( 2 – 0 ) ဖူလ်ဟမ်
အာဆင်နယ် Vs ခရစ္စတယ် ပဲလေ့
“အာဆင်နယ်က ယုံကြည်မှုတွေ ပြန်ရနေတယ်။ FA Cup မှာ နယူးကာဆယ်ကို အချိန်ပိုသွင်းဂိုး နဲ့ အနိုင်ရရှိခဲ့တာ အပါအဝင် ( ၄ ) ပွဲ ဆက် အနိုင်ရရှိထားတယ်။ အိမ်ကွင်းမှာ ခြေစွမ်းပိုကောင်းလေ့ရှိပြီး ယခု ပွဲစဉ်မှာလည်း ဆက်လက်တိုးတက်အောင် ကစားနိုင်ဖို့ မျှော်လင့်ပါတယ်။ ပဲလေ့ ခြေစွမ်း တည်ငြိမ်မှုမရှိပဲ နောက်ဆုံး ( ၇ ) ပွဲမှာ ( ၁ ) ပွဲ ပဲ အနိုင်ရရှိထားပါတယ်။ ဒါကလည်း ရုန်းကန်နေရတဲ့ ရှက်ဖီးယူနိုက်တက်ကို အနိုင်ရရှိခဲ့တာပါ ။ အီမရိတ်မှာ ပုံစံကောင်းတွေ ပြသနေတဲ့ အာဆင်နယ်က ဒီနေ့ပွဲစဉ်မှာလည်း နိုင်ပွဲဆက်လိမ့်မယ်လို့ ထင်ပါတယ်။ ”
အိုဝင်၏ ခန့်မှန်းဂိုးရလာဒ် – အာဆင်နယ် ( 2 – 1) ပဲလေ့
Source : BetVictor
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
စပါ Vs ဖူလ်ဟမ်
Source : BetVictor