ပရီးမီးယားလိဂ် ပွဲစဉ် ( ၂ ) ပွဲ လွဲချော်ဖို့ ရှိနေတဲ့ အဂွဲရိုး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဆာဂျီရို အဂွဲရိုးဟာ ကိုရိုနာဗိုင်းရပ် လုပ်ထုံးလုပ်နည်းတွေအရ self – isolation ပြုလုပ်နေရတဲ့ အတွက် မန်စီးတီးအသင်းရဲ့ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ( ၂ ) ပွဲကို လွဲချော်ဖွယ် ရှိနေပါတယ်။

အဂွဲရိုးကို Birmingham အသင်းနဲ့ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်မှာ အောက်တိုဘာလနောက်ပိုင်း ပထမဆုံးအကြိမ် ပွဲထွက်ခွင့်ရဖို့ မျှော်လင့်ထားပေမယ့် COVID-19 ရောဂါ ကူးစက်ခံရသူနဲ့ ထိတွေ့မှု ရှိခဲ့တဲ့အတွက် မန်စီးတီးအသင်းရဲ့ လူစာရင်းမှာ ပါဝင်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

အာဂျင်တီနားတိုက်စစ်မှူးဟာ လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရခြင်း မရှိသေးပေမယ့် ( ၁၀ ) ရက်တာ သီးသန့်နေထိုင်ရမယ်ဆိုတဲ့ စည်းမျဉ်းကြောင့် အဂွဲရိုးအနေနဲ့ ဗုဒ္ဓဟူးနေ့မှာ ကစားမယ့် ဘရိုက်တန်အသင်း နဲ့ ပွဲစဉ် ၊ လာမယ့် အပတ်မှာ ကစားမယ့် ခရစ္စတယ်ပဲလေ့ အသင်းတို့နဲ့ ပွဲစဉ်တွေကို လွဲချော်ဖို့ ရှိနေတာဖြစ်ပါတယ်။

မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာက Birmingham အသင်းကို ( 3-0 ) အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီး ” ကံမကောင်းစွာနဲ့ပဲ အဂွဲရိုးက ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူနဲ့ အနီးကပ် ထိတွေ့မှု ရှိခဲ့တယ်။ ဒါကြောင့် သူ့အနေနဲ့ ရက်အနည်းငယ် သီးသန့် နေထိုင်ရဖို့ ရှိနေပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ်။

” သူရဲ့ စစ်ဆေးမှုရလာဒ်က Negaive ပါ။ ဒါပေမယ့် လုပ်ထုံးလုပ်နည်းတွေ အရ ရောဂါကူးစက်ခံရသူနဲ့ ထိတွေ့မှု ရှိတဲ့အတွက် self-isolate လုပ်ရမှာပါ။ ” အဂွဲရိုးအနေနဲ့ ဒူးဒဏ်ရာ ခွဲစိတ်မှုကြောင့် ပြီးခဲ့ရာသီ သြဂုတ်လအတွင်း ကစားခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပွဲစဉ် အပါအဝင် ပရီးမီးယားလိဂ် နောက်ပိုင်းပွဲစဉ်အချို့ နှင့် ယခုနှစ် ရာသီအစ ပွဲစဉ်တွေကို လွဲချော်ခဲ့ပါတယ်။ Source : Sky Sports

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဆာဂ်ီ႐ို အဂြဲ႐ိုးဟာ ကို႐ိုနာဗိုင္းရပ္ လုပ္ထုံးလုပ္နည္းေတြအရ self – isolation ျပဳလုပ္ေနရတဲ့ အတြက္ မန္စီးတီးအသင္းရဲ႕ လာမယ့္ ပရီးမီးယားလိဂ္ ပြဲစဥ္ ( ၂ ) ပြဲကို လြဲေခ်ာ္ဖြယ္ ရွိေနပါတယ္။ အဂြဲ႐ိုးကို Birmingham အသင္းနဲ႔ အက္ဖ္ေအဖလား တတိယအဆင့္ ပြဲစဥ္မွာ ေအာက္တိုဘာလေနာက္ပိုင္း ပထမဆုံးအႀကိမ္ ပြဲထြက္ခြင့္ရဖို႔ ေမွ်ာ္လင့္ထားေပမယ့္ COVID-19 ေရာဂါ ကူးစက္ခံရသူနဲ႔ ထိေတြ႕မႈ ရွိခဲ့တဲ့အတြက္ မန္စီးတီးအသင္းရဲ႕ လူစာရင္းမွာ ပါဝင္ႏိုင္ခဲ့ျခင္း မရွိခဲ့ပါဘူး။

အာဂ်င္တီနားတိုက္စစ္မႉးဟာ လက္ရွိအခ်ိန္မွာ ကို႐ိုနာဗိုင္းရပ္ ကူးစက္ခံထားရျခင္း မရွိေသးေပမယ့္ ( ၁၀ ) ရက္တာ သီးသန႔္ေနထိုင္ရမယ္ဆိုတဲ့ စည္းမ်ဥ္းေၾကာင့္ အဂြဲ႐ိုးအေနနဲ႔ ဗုဒၶဟူးေန႔မွာ ကစားမယ့္ ဘ႐ိုက္တန္အသင္း နဲ႔ ပြဲစဥ္ ၊ လာမယ့္ အပတ္မွာ ကစားမယ့္ ခရစၥတယ္ပဲေလ့ အသင္းတို႔နဲ႔ ပြဲစဥ္ေတြကို လြဲေခ်ာ္ဖို႔ ရွိေနတာျဖစ္ပါတယ္။

မန္စီးတီး နည္းျပ ပက္ဂြာဒီယိုလာက Birmingham အသင္းကို ( 3-0 ) အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္အၿပီး ” ကံမေကာင္းစြာနဲ႔ပဲ အဂြဲ႐ိုးက ကို႐ိုနာဗိုင္းရပ္ ကူးစက္ခံရသူနဲ႔ အနီးကပ္ ထိေတြ႕မႈ ရွိခဲ့တယ္။ ဒါေၾကာင့္ သူ႔အေနနဲ႔ ရက္အနည္းငယ္ သီးသန႔္ ေနထိုင္ရဖို႔ ရွိေနပါတယ္။ ” လို႔ ေျပာၾကားခဲ့ပါတယ္။ ” သူရဲ႕ စစ္ေဆးမႈရလာဒ္က Negaive ပါ။ ဒါေပမယ့္ လုပ္ထုံးလုပ္နည္းေတြ အရ ေရာဂါကူးစက္ခံရသူနဲ႔ ထိေတြ႕မႈ ရွိတဲ့အတြက္ self-isolate လုပ္ရမွာပါ။ ” အဂြဲ႐ိုးအေနနဲ႔ ဒူးဒဏ္ရာ ခြဲစိတ္မႈေၾကာင့္ ၿပီးခဲ့ရာသီ ၾသဂုတ္လအတြင္း ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ရႈံးထြက္အဆင့္ ပြဲစဥ္ အပါအဝင္ ပရီးမီးယားလိဂ္ ေနာက္ပိုင္းပြဲစဥ္အခ်ိဳ႕ ႏွင့္ ယခုႏွစ္ ရာသီအစ ပြဲစဥ္ေတြကို လြဲေခ်ာ္ခဲ့ပါတယ္။ Source : Sky Sports